အရင္အခ်ိန္တုန္းက ေတးသီခ်င္းေပါင္းမ်ားစြာကုိအေကာင္းဆုံးသီဆုိႏုိင္ခဲ့ၿပီး ပရိသတ္ေတြ အၾကဳိက္ျဖစ္ခဲ့ရသလုိ သူရဲ႕ fashion designေတြကလည္း လက္႐ွိအခ်ိန္မွာ အျမဲ အျမင္ဆန္းဆန္းေလးျဖစ္ေအာင္ ေနတဲ့ ႏုိင္ငံေက်ာ္ေတးသံ႐ွင္ ျမန္မာျပည္သိန္းတန္ကေတာ့ သူ႔ရဲ႕မိန္းမစကားကုိ နားေထာင္လုိ႔ က်န္းမာေရးေကာင္းေနၿပီး သြားလည္းမက်ိဳးဘူးလုိ႔ Fashion Magazine ရဲ႕ အင္တာဗ်ဴးတစ္ခုမွာ ေျပာသြားခဲ့ပါတယ္။

ျမန္မာျပည္သိန္းတန္က “သီခ်င္းဆုိရတဲ့ေနရာမွာ ပုိၿပီးေတာ့မွ စိတ္ပါတယ္ ပုိၿပီးအားေတြျပည့္တယ္ ဘာေၾကာင့္လဲဆုိေတာ့ ေတးခ်စ္သူေၾကာင့္ပဲ ေတးခ်စ္သူက အန္ကယ့္ကုိ ဒီလုိဆင္တယ္ေလ အန္ကယ္ကလည္း ႀကိဳက္တယ္ေလ။ ဒီလုိဖီးလိမ္းေပးတယ္ အဲ့မွာ အန္ကယ္ကေပ်ာ္သထက္ေပ်ာ္ေတာ့တာေပါ့ ဂီတေလာကထဲမွာ အကုန္လုိခ်င္တာေတြျပည့္စုံေနေတာ့ သီခ်င္းဆုိရတာေနရာမွာ အန္ကယ္ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေလးျဖစ္ေနတာေပါ့ ကုိယ္ၾကဳိက္တာေလးေတြ ဝတ္ရလုိ႔ေလ။ ၿပီးေတာ့ ဆရာဝန္မႀကီးဆုိေတာ့လည္း အန္ကယ့္မွာ သူေျပာတာ Do and Don’t သူစကားနားေထာင္တယ္ အဲ့ေတာ့ အန္ကယ္သြားလည္းမက်ိဳးဘူး။ အဲ့ေတာ့ က်န္းမာတာေပါ့ေနာ္ သူစကားနားေထာင္တာကုိေနာ္။ ေစာေစာကေတာင္ အန္ကယ္ေျပာလုိက္တယ္ေနာ္ အန္ကယ္လည္း ႀကီးလာမွာ ျမဴးေနတယ္လုိ႔ ကုိယ့္ကုိယ္လည္း အံ့ဩေနတယ္။ ငယ္ငယ္တုန္းက အသံအင္အားက သိပ္ၿပီးေတာ့ မေကာင္းဘူး အခုႀကီးလာေတာ့ အသံအင္အားက က်န္းမားျခင္းနဲ႔ ေတြ႔ၿပီးေတာ့ ခုိင္ခုိင္ခန္႔ခန္႔ အဲ့လုိေလးျဖစ္ပါတယ္ကြယ္။ ေတးခ်စ္သူမိဘမ်ားရဲ႕ ေမတၱာဓာတ္ကလည္း ပါေသးတယ္ေလ အဲ့ေမတၱာဓာတ္က အန္ကယ္ဆီကုိေရာက္တယ္ေလ အဲ့ေမတၱာဓာတ္ေတြေၾကာင့္ကုိၿပီး အားေတြ တက္တာေပါ့ေနာ္။ အဲ့တာေၾကာင့္ပါ။”လုိ႔ ေျပာခဲ့ၿပီး ဇနီးျဖစ္သူကလည္း “အဲ့ဒီအားေတြနဲ႔ ေတးခ်စ္သူေတြကုိ ျပန္ေပးတာေပါ့ေနာ္။”လုိ႔ ေျပာသြားခဲ့ပါတယ္။

ဂီတအစည္းအ႐ုံးမွာ ေရြးေကာက္ခံဖုိ႔ အစီအစဥ္႐ွိလားလုိ႔ ေမးျမန္းရာ “အန္ကယ့္သေဘာကေတာ့ ကြယ္ အန္ကယ့္ရဲ႕ ေ႐ွးက်န္႐ွိတဲ့ ဘဝ တစ္သက္တာအတြက္ကေတာ့ အန္ကယ္တုိ႔ ေတးခ်စ္သူနဲ႔ ႏွစ္ေယာက္သားက မိဘမ်ားကုိ ေက်းဇူးဆပ္ၿပီးေတာ့ ေဖ်ာ္ေျဖမယ္ ေနာက္တစ္ပုိင္းက တရားဓမၼေတြေပါ့ေနာ္ ကုိယ့္အတြက္ကုိယ္စိတ္ခ်ရေအာင္လုိ႔ အန္ကယ္တုိ႔ႏွစ္ေယာက္က ကုိယ့္အတြက္ုုိယ္ စိတ္မခ်ရေသးဘူး။ တရားဓမၼအေနနဲ႔ေျပာ ရမယ္ဆုိရင္။ ကုိယ့္အတြက္ကုိယ္ စိတ္ခ်ရဖုိ႔အတြက္ က်င့္ၾကံအားထုတ္ရအုန္းမယ္ အဲ့ေတာ့ ေလာကီကိစၥေလးေတြဘာေတြကုိ အန္ကယ္သိပ္ေတာ့ အာ႐ုံမ႐ွိပါဘူး”လုိ႔ ေျပာသြားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi

#Unicode Version# ျဖင့္ဖတ္ပါ ။

အရင်အချိန်တုန်းက တေးသီချင်းပေါင်းများစွာကိုအကောင်းဆုံးသီဆိုနိုင်ခဲ့ပြီး ပရိသတ်တွေ အကြိုက်ဖြစ်ခဲ့ရသလို သူရဲ့ fashion designတွေကလည်း လက်ရှိအချိန်မှာ အမြဲ အမြင်ဆန်းဆန်းလေးဖြစ်အောင် နေတဲ့ နိုင်ငံကျော်တေးသံရှင် မြန်မာပြည်သိန်းတန်ကတော့ သူ့ရဲ့မိန်းမစကားကို နားထောင်လို့ ကျန်းမာရေးကောင်းနေပြီး သွားလည်းမကျိုးဘူးလို့ Fashion Magazine ရဲ့ အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

မြန်မာပြည်သိန်းတန်က “သီချင်းဆိုရတဲ့နေရာမှာ ပိုပြီးတော့မှ စိတ်ပါတယ် ပိုပြီးအားတွေပြည့်တယ် ဘာကြောင့်လဲဆိုတော့ တေးချစ်သူကြောင့်ပဲ တေးချစ်သူက အန်ကယ့်ကို ဒီလိုဆင်တယ်လေ အန်ကယ်ကလည်း ကြိုက်တယ်လေ။ ဒီလိုဖီးလိမ်းပေးတယ် အဲ့မှာ အန်ကယ်ကပျော်သထက်ပျော်တော့တာပေါ့ ဂီတလောကထဲမှာ အကုန်လိုချင်တာတွေပြည့်စုံနေတော့ သီချင်းဆိုရတာနေရာမှာ အန်ကယ် ပျော်ပျော်ရွှင်ရွှင်လေးဖြစ်နေတာပေါ့ ကိုယ်ကြိုက်တာလေးတွေ ဝတ်ရလို့လေ။ ပြီးတော့ ဆရာဝန်မကြီးဆိုတော့လည်း အန်ကယ့်မှာ သူပြောတာ Do and Don’t သူစကားနားထောင်တယ် အဲ့တော့ အန်ကယ်သွားလည်းမကျိုးဘူး။ အဲ့တော့ ကျန်းမာတာပေါ့နော် သူစကားနားထောင်တာကိုနော်။ စောစောကတောင် အန်ကယ်ပြောလိုက်တယ်နော် အန်ကယ်လည်း ကြီးလာမှာ မြူးနေတယ်လို့ ကိုယ့်ကိုယ်လည်း အံ့ဩနေတယ်။ ငယ်ငယ်တုန်းက အသံအင်အားက သိပ်ပြီးတော့ မကောင်းဘူး အခုကြီးလာတော့ အသံအင်အားက ကျန်းမားခြင်းနဲ့ တွေ့ပြီးတော့ ခိုင်ခိုင်ခန့်ခန့် အဲ့လိုလေးဖြစ်ပါတယ်ကွယ်။ တေးချစ်သူမိဘများရဲ့ မေတ္တာဓာတ်ကလည်း ပါသေးတယ်လေ အဲ့မေတ္တာဓာတ်က အန်ကယ်ဆီကိုရောက်တယ်လေ အဲ့မေတ္တာဓာတ်တွေကြောင့်ကိုပြီး အားတွေ တက်တာပေါ့နော်။ အဲ့တာကြောင့်ပါ။”လို့ ပြောခဲ့ပြီး ဇနီးဖြစ်သူကလည်း “အဲ့ဒီအားတွေနဲ့ တေးချစ်သူတွေကို ပြန်ပေးတာပေါ့နော်။”လို့ ပြောသွားခဲ့ပါတယ်။

ဂီတအစည်းအရုံးမှာ ရွေးကောက်ခံဖို့ အစီအစဉ်ရှိလားလို့ မေးမြန်းရာ “အန်ကယ့်သဘောကတော့ ကွယ် အန်ကယ့်ရဲ့ ရှေးကျန်ရှိတဲ့ ဘဝ တစ်သက်တာအတွက်ကတော့ အန်ကယ်တို့ တေးချစ်သူနဲ့ နှစ်ယောက်သားက မိဘများကို ကျေးဇူးဆပ်ပြီးတော့ ဖျော်ဖြေမယ် နောက်တစ်ပိုင်းက တရားဓမ္မတွေပေါ့နော် ကိုယ့်အတွက်ကိုယ်စိတ်ချရအောင်လို့ အန်ကယ်တို့နှစ်ယောက်က ကိုယ့်အတွကိုယ် စိတ်မချရသေးဘူး။ တရားဓမ္မအနေနဲ့ပြော ရမယ်ဆိုရင်။ ကိုယ့်အတွက်ကိုယ် စိတ်ချရဖို့အတွက် ကျင့်ကြံအားထုတ်ရအုန်းမယ် အဲ့တော့ လောကီကိစ္စလေးတွေဘာတွေကို အန်ကယ်သိပ်တော့ အာရုံမရှိပါဘူး”လို့ ပြောသွားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top