ေဘာ္ဒါတို႔ကို စိတ္မေကာင္းတဲ့ၾကားကပဲ ေျပာရေတာ့မွာပဲ။ စီးကရက္ေလး ႏႈတ္ခမ္းေတ့ရင္း ေသာက္႐ႈလိုက္ရတဲ့ ခဏဟာ စတုိင္လည္း က်သလို ခါးတြင္းခ်ဥ္ ေျပၿပီး အရသာလည္း တစ္႐ိႈက္မတ္မတ္ ရွိလွတယ္ဆိုတာ ေဆးလိပ္သမားတုိင္း အသိပါ။

ဒါေပမယ့္ ဒီလို ေဆးလိပ္ေငြ႔ေတြၾကားမွာ တစ္ျဖည္းျဖည္းနဲ႔ စတိုင္မက်ေတာ့မယ့္ ေယာက္က်ားတန္ဖိုးက အႏၱရာယ္တစ္ရပ္အျဖစ္ ရွိေနပါတယ္။ ဒါကေတာ့ ပညာရွင္ေတြ ကိုယ္တိုင္ သတိေပးလာတာပါပဲ။ ေဆးလိပ္ေၾကာင့္ အမ်ဳိးသား ငယ္ပါ ေသးငယ္က်ဳံ႕လွီ သြားေစႏုိင္တယ္လို႔ ပညာရွင္ေတြက သတိေပးပါတယ္။

ေဆးလိပ္ေသာက္တာဟာ အမ်ဳိးသားေတြေပၚ ဆိုးက်ဳိးေတြ ေတာ္ေတာ္မ်ားမ်ား ေပးတယ္လို႔ ပညာရွင္ေတြက ေျပာပါတယ္။ ေတာင္မတ္စြမ္း က်သြားတာအျပင္ ေသးက်ဳံ႕သြားတာေတာင္ ျဖစ္ေစႏိုင္တယ္လို႔ ဆိုပါတယ္။

လိင္ေဗဒေရးရာ ပညာရွင္ မားစ္လန္နီယာဒိုက ‘ခင္ဗ်ားတို႔ ေတြးတာထက္ေတာင္ ဆိုးပါတယ္။’လို႔ Mirror Online သို႔ ေျပာပါတယ္။
“ေတာင္မတ္စြမ္း ဆုတ္ယုတ္သြားရတာကေတာ့ တကယ့္ လက္ေတြ႔ျပႆနာႀကီးပဲ။ အားေကာင္းေကာင္းနဲ႔ ေတာင္မတ္ႏုိင္ဖို႔က ေသြး ေကာင္းေကာင္း စီးဖို႔ လိုတယ္။ ေဆးလိပ္သမားေတြကေတာ့ ေသြးေၾကာေတြ အားလုံး အညစ္အေၾကးေၾကာင့္ စီးဆင္းမႈ အားေကာင္းတာမ်ဳိး ျဖစ္တယ္။ ငယ္ပါလည္း အပါအ၀င္ပဲ။ ေသြးစီးဆင္းမႈ အားေလ်ာ့သြားေတာ့တာ ျဖစ္တယ္။”လို႔ ၎က ေျပာပါတယ္။

“ေဆးလိပ္မွာ ပါတဲ့ ဓာတုပစၥည္းေတြက ေတာင္မတ္အားအေပၚ သက္ေရာက္ေတာ့တာပဲ။ နီကိုတင္းက ေသြးေၾကးေတြကို က်ဥ္းေစတယ္။ ဒါဟာ အၿမဲလည္း ျဖစ္သြားႏိုင္တယ္။”လို႔ နီယာဒိုက သတိေပး ေျပာခဲ့ပါတယ္။

ဒီအတြက္ ေသြးစီးအား မေကာင္းတာနဲ႔အတူ ေသးငယ္က်ဳံ႕လွီတဲ့ အျဖစ္ထိ ေရာက္ႏုိင္တဲ့ အႏၱရာယ္ရွိတာမို႔ ေဆးလိပ္ေၾကာင့္ ပုရိသဘ၀ မလွမပ ျဖစ္ရတယ္လို႔ ၎က အဆုံးသတ္ ေျပာသြားခဲ့ပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:ေမာင္သံဆင့္ ( Daily Hot News )
Rf; LAD Bible
#Unicode Version#
 ဘော်ဒါတို့ကို စိတ်မကောင်းတဲ့ကြားကပဲ ပြောရတော့မှာပဲ။ စီးကရက်လေး နှုတ်ခမ်းတေ့ရင်း သောက်ရှုလိုက်ရတဲ့ ခဏဟာ စတိုင်လည်း ကျသလို ခါးတွင်းချဉ် ပြေပြီး အရသာလည်း တစ်ရှိုက်မတ်မတ် ရှိလှတယ်ဆိုတာ ဆေးလိပ်သမားတိုင်း အသိပါ။

ဒါပေမယ့် ဒီလို ဆေးလိပ်ငွေ့တွေကြားမှာ တစ်ဖြည်းဖြည်းနဲ့ စတိုင်မကျတော့မယ့် ယောက်ကျားတန်ဖိုးက အန္တရာယ်တစ်ရပ်အဖြစ် ရှိနေပါတယ်။ ဒါကတော့ ပညာရှင်တွေ ကိုယ်တိုင် သတိပေးလာတာပါပဲ။ ဆေးလိပ်ကြောင့် အမျိုးသား ငယ်ပါ သေးငယ်ကျုံ့လှီ သွားစေနိုင်တယ်လို့ ပညာရှင်တွေက သတိပေးပါတယ်။

ဆေးလိပ်သောက်တာဟာ အမျိုးသားတွေပေါ် ဆိုးကျိုးတွေ တော်တော်များများ ပေးတယ်လို့ ပညာရှင်တွေက ပြောပါတယ်။ တောင်မတ်စွမ်း ကျသွားတာအပြင် သေးကျုံ့သွားတာတောင် ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။

လိင်ဗေဒရေးရာ ပညာရှင် မားစ်လန်နီယာဒိုက ‘ခင်ဗျားတို့ တွေးတာထက်တောင် ဆိုးပါတယ်။’လို့ Mirror Online သို့ ပြောပါတယ်။
“တောင်မတ်စွမ်း ဆုတ်ယုတ်သွားရတာကတော့ တကယ့် လက်တွေ့ပြဿနာကြီးပဲ။ အားကောင်းကောင်းနဲ့ တောင်မတ်နိုင်ဖို့က သွေး ကောင်းကောင်း စီးဖို့ လိုတယ်။ ဆေးလိပ်သမားတွေကတော့ သွေးကြောတွေ အားလုံး အညစ်အကြေးကြောင့် စီးဆင်းမှု အားကောင်းတာမျိုး ဖြစ်တယ်။ ငယ်ပါလည်း အပါအဝင်ပဲ။ သွေးစီးဆင်းမှု အားလျော့သွားတော့တာ ဖြစ်တယ်။”လို့ ၎င်းက ပြောပါတယ်။

“ဆေးလိပ်မှာ ပါတဲ့ ဓာတုပစ္စည်းတွေက တောင်မတ်အားအပေါ် သက်ရောက်တော့တာပဲ။ နီကိုတင်းက သွေးကြေးတွေကို ကျဉ်းစေတယ်။ ဒါဟာ အမြဲလည်း ဖြစ်သွားနိုင်တယ်။”လို့ နီယာဒိုက သတိပေး ပြောခဲ့ပါတယ်။

ဒီအတွက် သွေးစီးအား မကောင်းတာနဲ့အတူ သေးငယ်ကျုံ့လှီတဲ့ အဖြစ်ထိ ရောက်နိုင်တဲ့ အန္တရာယ်ရှိတာမို့ ဆေးလိပ်ကြောင့် ပုရိသဘ၀ မလှမပ ဖြစ်ရတယ်လို့ ၎င်းက အဆုံးသတ် ပြောသွားခဲ့ပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit:မောင်သံဆင့် ( Daily Hot News )
Rf; LAD Bible


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top