ေနျပည္ေတာ္ မႏၱေလးတိုင္း ၊ ရမည္းသင္းခရိုင္ ၊ ပ်ဥ္းမနားၿမိဳ႕နယ္ ၊ က်ည္ေတာင္ရြာအနီးတြင္ တည္ရွိေသာ ေလွခြင္း ေတာင္ ဘုရားမွာ သမိုင္း၀င္ တန္ခိုးႀကီး ဘုရား တစ္ဆူျဖစ္ပါသည္။ ေရွးလြန္ခဲ့ေသာ ႏွစ္ေပါင္း ရွစ္ရာေက်ာ္ခန္႕က ပုဂံျပည္၌ အေနာ္ရထာမင္းႀကီး ထီးနန္းသိမ္းပိုက္စိုးစံေတာ္မူစဥ္ ပုဂံျပည္အနယ္နယ္အရပ္ရပ္၌ အရည္းႀကီးတို႕၏ မစစ္မွန္ေသာ အယူ၀ါဒမ်ား လႊမ္းမိုးေနခဲ့သည္။

အေနာ္ရထာမင္းႀကီး နန္းတက္လာေသာအခါ ထိုအယူ၀ါဒမ်ားကို မႏွစ္သက္သျဖင့္ စစ္မွန္ေသာ သာသနာကို ေတာင့္တ လွ်က္ရွိသည္။ ထိုစဥ္ သထံုျပည္မွ ရွင္အရဟံသည္ သာသနာျပဳရန္ ပုဂံျပည္သို႕ ႀကြလာ၏။ အေနာ္ရထာမင္းႀကီးသည္ ရွင္အရဟံကို ဖူးေတြ႕ရေသာ္ မ်ားစြာၾကည္ညိုလွ၏။ ပုဂံျပည္၌ သာသနာျပဳရန္ ေလွ်ာက္ထား ေတာင္းပန္၏။

အေနာ္ရထာမင္းႀကီးသည္ ရွင္အရဟံ၏ အကူအညီျဖင့္ အရည္းႀကီးမ်ား အယူ၀ါဒကို ဖယ္ရွားသုတ္သင္သည္။ ထို႕ျပင္ စစ္ေရးအရ ရွင္းလင္းသုတ္သင္ရန္ လိုအပ္ေသာ ေနရာမ်ားသို႕ ဓားေရး ၊ လွံေရး ကၽြမ္းက်င္ေသာ စစ္သည္သံုးက်ိပ္အား ေရြးခ်ယ္၍ အနယ္နယ္အရပ္ရပ္သို႕ ေစလႊတ္တာ၀န္ေပးအပ္ခဲ့ရာ ရဲသီဟ ႏွင့္ ရဲဒိဗၺ တို႕ စစ္သည္ညီအစ္ကိုႏွစ္ဦးမွာ ရမည္းသင္းခရိုင္အတြင္း ႏွိမ္နင္းရန္ တာ၀န္ ေပးေစလႊတ္ျခင္း ခံရေလသည္။

၄င္းညီအစ္ကိုႏွစ္ဦးမွာ တာ၀န္ေပးအပ္သည္႕အတိုင္း ရမည္းသင္းခရိုင္အတြင္း လွည္႕လည္၍ မစစ္မွန္ေသာ အရည္းႀကီး တို႕၏ အယူ၀ါဒမ်ားကို စစ္ေသနဂၤဗ်ဴဟာနည္းမ်ားအရ ရွင္းလင္းသုတ္သင္ၿပီး အရည္းႀကီးမ်ားအား လူ၀တ္လဲေစ၍ ႏိုင္ငံေတာ္အတြင္း သင့္ေလွ်ာ္ေသာ အလုပ္အကိုင္မ်ား ေပးကာ လုပ္ကိုင္ေစခဲ့သည္။ ယင္းတို႕လက္ထက္တြင္ဗုဒၶသာသနာ ျပန္႕ပြားေရးအတြက္ ႀကိဳးပမ္းေဆာင္ရြက္ႏိုင္ခဲ့သျဖင့္ ပုဂံျပည္႕ရွင္ အေနာ္ရထာမင္းႀကီးမွ ၿမိဳ႕စားမ်ားအျဖစ္ ေပးသနားရန္ အမိန္႕ခ်မွတ္၍ အစ္ကိုျဖစ္သူ ရဲသီဟ မွာ ရမည္းသင္းၿမိဳ႕စားအျဖစ္ ခန္႕အပ္ျခင္း ခံရေလသည္။

ပ်ဥ္းမနားၿမိဳ႕၏ အေနာက္ဘက္ ၾကက္ဆူအိုင္သိုက္မွ သိုက္ေစာင့္ညီအစ္မႏွစ္ေယာက္သည္ လမ္းပ်ဥ္းမနားရြာ ဦးၿဖိဳး+ေဒၚမယ္သာတို႕၏ ၀မ္းတြင္ လူ၀င္စားအမႊာ ညီအစ္မ အျဖစ္ ေမြးဖြားခဲ့သည္။ အႀကီးမမွာ အသားျဖဴသူျဖစ္၍ မျဖဴဟု အမည္ေပးၿပီး အငယ္မမွာ အသားညိုသူျဖစ္၍ မညိုဟု အမည္ေပးခဲ့သည္။ ဦးၿဖိဳး+ေဒၚမယ္သာတို႕သည္ ေစ်းေရာင္းေစ်း၀ယ္ လုပ္ကိုင္စားေသာက္ရင္း သမီးႏွစ္ေယာက္အရြယ္ေရာက္ေသာအခါ ေရၾကည္ရာ ျမက္ႏုရာျဖစ္သည္႕ က်ည္ေတာင္ရြာကေလးသို႕ ေျပာင္းေရြ႕ေနထိုင္စားေသာက္ရင္း ေတာင္သူလုပ္ငန္းပါ တြဲဖက္လုပ္ကိုင္ၾကသည္။



ထိုအခ်ိန္တြင္ ေပါင္းေလာင္းျမစ္၏ အေရွ႕ဘက္ကမ္းေတာင္ေျခတ၀ိုက္၌ ေတာင္သူလယ္သမားမ်ား စိုက္ပ်ိဳးထားေသာ ေကာက္ပဲသီးႏွံမ်ားအား ဆင္ျဖဴေတာ္သံုးစီး ရံဖန္ရံခါ ၀င္ေရာက္ဖ်က္စီးလွ်က္ရွိသည္။ ၄င္းသတင္းစကားအား ပုဂံျပည္႕ရွင္ အေနာ္ရထာမင္းႀကီးထံသို႕ ေပါက္ၾကားေသာအခါ မရမေန ဖမ္းဆီးရန္ မင္းမိန္႕ျဖင့္ ရမည္းသင္းၿမိဳ႕စား ရဲသီဟႏွင့္ ညီျဖစ္ သူအား တာ၀န္ေပးေစလႊတ္ရာ ထိုညီအစ္ကို ႏွစ္ဦးသည္ က်ည္ေတာင္ရြာသို႕ ေရာက္ရွိလာၿပီး ေပါင္းေလာင္းျမစ္ အေရွ႕ ဘက္ကမ္းသို႕ ကူး၍ ဆင္ျဖဴေတာ္မ်ား သြားလာလႈပ္ရွားမႈ သတင္းအား စံုစမ္းရင္း လိုက္လံရွာေဖြဖမ္းဆီးရာ ဆင္ျဖဴေတာ္ မ်ားမွာ ယခုဆင္ျဖဴေတာင္ဟုေခၚဆိုေသာေတာင္ေတာ္၌ ေျမကိုခြင္း၍ ၀င္ေရာက္ေပ်ာက္ကြယ္သြားၿပီး ေျမကိုခြင္း၍ ၀င္သြားေသာ တြင္းသာလွ်င္ေတြ႕ရေလသည္။

၄င္းဆင္ျဖဴတြင္းမွာ ယခုအခ်ိန္ထိအထင္အရွားရွိခဲ့ေပသည္။ ထိုကဲ့သို႕ ဆင္ျဖဴေတာ္မ်ား ၀င္ေရာက္ေပ်ာက္ကြယ္ေသာ ေတာင္အား ယခုအခါ ဆင္ျဖဴေတာင္ဟု ေခၚေ၀ၚသမုတ္ၾကေလသည္။ ရဲသီဟႏွင့္ရဲဒိဗၺတို႕ညီအစ္ကို ႏွစ္ဦးသည္ ဆင္ျဖဴေတာ္မ်ား ျပန္လည္ထြက္ခြာ လာမည္႕ အခ်ိန္ကိုေစာင့္ဆိုင္းရင္း က်ည္ေတာင္ရြာေလးသို႕ ျပန္လည္ေရာက္ရွိ စခန္းခ်ေနထိုင္ၾကစဥ္ မျဖဴ၊ မညိုႏွင့္ ရင္းႏွီးကၽြမ္း၀င္ေမတၱာမွ်ခဲ့ၾကေလသည္။ ထိုအခ်ိန္တြင္ တိုင္းေရးျပည္ေရး အေျခ အေနအရ ပုဂံျပည္႕ရွင္ အေနာ္ရထာမင္းႀကီးမွ ရဲသီဟတို႕ညီအစ္ကိုႏွစ္ေယာက္အား အျမန္ျပန္လာရန္ အမိန္႕ ေတာ္ ေရာက္ရွိလာ၍ ျပန္ရမည္ျဖစ္ေသာေၾကာင့္ သံုးလၾကာလွ်င္ ျပန္လာၿပီး လက္ထပ္ထိမ္းျမားပါမည္ဟု ကတိျပဳကာ ပုဂံေနျပည္ေတာ္သို႕ ျပန္သြား ၾကေလသည္။

ၾကက္ဆူအိုင္သိုက္မွ သိုက္နန္းရွင္မ်ားသည္ သိုက္ဆရာမ်ား၏ အႏၱရာယ္ေၾကာင့္ ေရႊေလွ ေငြေလွမ်ား ေလွာ္ခတ္၍ အေရွ႕စူးစူးအတိုင္း ေနရာင္ျပအင္း ကိုျဖတ္ၿပီး ထြက္ခြာလာၾကရာ က်ည္ေတာင္ေက်းရြာ၏ အေနာက္ဖက္ ယခု ၾကာကန္ႀကီးဟု ေခၚေသာ ေရကန္သို႕အေရာက္တြင္ ေခတၱနားေန၍ ငုတ္လွ်ိဳးေပ်ာက္ ကြယ္ခဲ့ေလသည္။ ၾကက္ဆူအိုင္ ေက်းရြာမွ သိုက္ဆရာ ဦးကံ၀သည္ သိုက္စာအရ ဦးပဥၹင္း၀တ္၍ က်ည္ေတာင္ေက်းရြာသို႕ ေရာက္ရွိလာၿပီး တပည္႕ျဖစ္သူ ေမာင္ေက်ာ္ဖားဆိုသူႏွင့္ သိုက္တူးရန္ စီစဥ္ၾကေလသည္။

သိုက္စာမွာ- က်ည္ေတာင္ရြာ အေနာက္ဖက္ေညာင္လန္းပင္ႀကီးအနီး ဘီလူးမႀကီးေတြ႕လိမ့္မည္။ ခ်ည္မန္းကြင္း စြပ္ဖမ္း ထား ေလ… ဘီလူးမႀကီးအနီး ေရကန္တခုရွိသည္။ ဂါထာမႏၱန္စုတ္က ကၽြဲရုပ္ႀကီးေပၚလာလိမ့္မည္။ ကၽြဲရုပ္ႀကီးအား ခ်ည္မန္းကြင္းႏွင့္ ဖမ္းခ်ဳပ္ၿပီး ေဆးႀကိမ္တုတ္ႏွင့္ ရြယ္ရံုသာရြယ္ပါ။ မရိုက္ေလနဲ႕ ၊ ရိုက္ပါက ဂါထာ မႏၱန္ပ်က္လိမ့္မည္။ ဖမ္းခ်ဳပ္ထားေသာ ကၽြဲရုပ္ကို (၇) ႀကိမ္ ဂါထာမႏၱန္မန္းမႈတ္ပါက ေရကန္အတြင္းမွ ေရႊသားအတိၿပီးေသာ ေလာင္းေလွ တစင္းေပၚ လာလိမ့္မည္။ ၄င္းအတြင္းမွ ေရႊႀကဳတ္ငယ္ႏွင့္ ထည္႕ထားေသာ ျပဒါးမွာ အသက္ကမၻာတည္ႏိုင္သည္အထိ ယူငင္စားသံုးပါေလ။

အဆိုပါသိုက္စာအရ ဦးကံ၀သည္ တပည္႕ျဖစ္သူ ေမာင္ေက်ာက္ဖားကိုေခၚသြားၿပီး ဘီလူးမရုပ္ကို ဂါထာမႏၱန္ မန္းမႈတ္ကာ ခ်ည္မန္းကြင္းႏွင့္လည္ပင္း ကို စြပ္ထားေလသည္။ ေရကန္ေပၚမွေန၍ ဂါထာမႏၱန္စုတ္ေသာအခါ မၾကာမီ ကၽြဲရုပ္ႀကီး ေပၚလာ ေလသည္။ လည္ပင္းကို ခ်ည္မန္းကြင္းႏွင့္စြပ္ထားၿပီး တပည္႕ျဖစ္သူအား မည္မွ် လႈပ္လႈပ္မရိုက္ေလနဲ႕၊ ရြယ္ရံု သာရြယ္ဟု ေဆးႀကိမ္တုတ္ကို ေမာင္ေက်ာက္ဖားအား ေပးထားကာ ေရႊသားအတိၿပီးေသာ ေလာင္းေလွေပၚလာရန္ သိုက္ဆရာက ဂါထာမႏၱန္စုတ္၍ေနေလသည္။

ဦးၿဖိဳး+ေဒၚမယ္သာတို႕မွာ လယ္ယာလုပ္ငန္းခြင္သို႕ သမီးျဖစ္သူ မျဖဴ-မညိုတို႕ႏွင့္အတူလာေရာက္သည္႕အခါတိုင္း ေက်ာက္ဘီလူးမႀကီးအား စားဦးေသာက္ဦး တင္ေျမွာက္ေလ့ရွိရာ ထိုေန႕တြင္ ေက်ာက္ဘီလူးမရုပ္ႀကီးမွ ခ်ည္မန္းကြင္း ျဖဳတ္ေပးရန္ ေအာ္ဟစ္အကူအညီေတာင္းေနသျဖင့္ ဦးၿဖိဳး+ေဒၚမယ္သာ တို႕မွာ ေၾကာက္ရြ႕ံေသာစိတ္ႏွင့္ သနားဂရုဏာ သက္ေသာ စိတ္တို႕ျဖင့္ အရဲစြန္႕ကာ ခ်ည္မန္းကြင္းကို ျဖဳတ္ေပးလိုက္ရာ ဘီလူးမႀကီးမွာ ေနရာမွ ထၿပီး “ နင္တို႕ကို ငါ ေက်းဇူးတင္တယ္၊ ငါထိုင္တဲ့ေနရာေအာက္မွာ ေရႊ၊ေငြ ေက်ာက္သံပတၱျမားေတြ အမ်ားႀကီးရွိတယ္၊ နင္တို႕အကုန္ယူေတာ့ ” ဟုေျပာၿပီး သိုက္ဆရာမ်ားရွိရာ ေရကန္ဆီသို႕ လွ်င္ျမန္ေသာေျခလွမ္းမ်ားျဖင့္ ထြက္ခြာသြားေလသည္။



သိုက္ဆရာဦးကံ၀၏ ဂါထာမႏၱန္တို႕ေၾကာင့္ ငုတ္လွ်ိဳးေနေသာ ေရႊေလွႀကီးသည္ ေရေပၚသို႕ ေပၚလာခ်ိန္၌ ေက်ာက္ဘီလူးမရုပ္ႀကီးသည္ ၄င္းတို႕အနီး သို႕ ေရာက္ရွိလာေသာအခါ တပည္႕ေက်ာ္ ေမာင္ေက်ာက္ဖားမွာ ေၾကာက္စိတ္၊ ေဒါသစိတ္မ်ားျဖင့္ ကၽြဲရုပ္ႀကီးအား ေဆးႀကိမ္တုတ္ျဖင့္ တအားႀကံဳး၍ ရိုက္လိုက္ရာ စူးစူး၀ါး၀ါးအသံ မ်ားေအာ္ဟစ္ၿပီး ကၽြဲရုပ္ႀကီးမွာ ေရထဲသို႕ ငုတ္လွ်ိဳးေပ်ာက္ကြယ္သြားေလသည္။ သိုက္ဆရာမႏၱန္ေၾကာင့္ ေရေပၚ ေပၚလာေသာ ေရြေလွႀကီးသည္ အေရွ႕ဘက္စူးစူးရွိ ေတာင္ေတာ္ဆီသို႕ ထြက္ခြာသြားၿပီး ႀကီးမားခိုင္မာလွသည္႕ ေက်ာက္ေတာင္ႀကီးအားခြင္းကာ ငုပ္လွ်ိဳးေပ်ာက္ကြယ္သြား ေလသည္။ သိုက္ဆရာ ဦးကံ၀ႏွင့္ တပည္႕မွာလည္း အလိုအေလွ်ာက္ေျမေပၚတြင္ ေပ်ာ့ေခြ လဲက်ၿပီး အသက္ေပ်ာက္ကြယ္သြားေလသည္။

ေရႊေလွ၊ ေငြေလွမ်ား ခြင္း၀င္ ေပ်ာက္ကြယ္သြားသည့္ ေက်ာက္ကြဲႀကီးမွာ ေျဖာင့္တန္းစြာ ပိုင္းျဖတ္ထားသကဲ့သို႕ အက်ယ္ (၃)ေပခန္႕ ၊ အျမင့္ (၂၅)ခန္႕၊ အလ်ား (၄၀)ေပခန္႕ မွာ ယခုအခ်ိန္ထိ အထင္အရွားရွိခဲ့ေပသည္။ ေရွးအခါက အဆိုပါ ကြဲအက္ေနေသာ ေက်ာက္ကြဲၾကားမွ ေလမႈတ္ထုတ္ျခင္း၊ အတြင္းပိုင္းသို႕ ေလစုတ္ယူျခင္းမ်ားရွိခဲ့ေၾကာင္း၊ ၄င္းေက်ာက္ကြဲဲ ေၾကာင္းထဲသို႕ လက္ကိုင္ပု၀ါခ်ၾကည္႕ပါက မႈတ္ထုတ္သည္႕ေလအားေၾကာင့္ မည္သို႕ပင္ ေအာက္သို႕ပစ္ခ်ေစကာမႈ အထက္သို႕ ျပန္တတ္လာေၾကာင္း ေလွခြင္းေတာင္ တန္ခိုးႀကီးေက်ာင္း၌ ယခင္သတင္းသံုးခဲ့ေသာ ဘရေသ့ႀကီး ဦးဣႏၵ၏ မိန္႕ဆိုေျပာၾကားခ်က္အရ သိရွိရေပသည္။

ယင္းကဲ့သို႕ သိုက္နန္းရွင္မ်ားႏွင့္ ေရႊေလွ၊ေငြေလွမ်ား ခြင္း၀င္ ေပ်ာက္ကြယ္သြားသည္ကို အေၾကာင္းျပဳ၍ ထိုေတာင္ေတာ္ အား ေလွခြင္းေတာင္ ဟူ၌၄င္း၊ ေရႊေလွ၊ ေငြေလွမ်ား ထြင္း၀င္သြားရာ ေက်ာက္ကြဲႀကီးမွာ ညီညာေျဖာင့္တန္းစြာ ပိုင္းျဖတ္ ထြင္းေဖာက္ထားသည္႕အလား တည္ရွိေနသည္ကို အေၾကာင္း ျပဳ၍ ေလွထြင္းေတာင္ ဟူ၍ ၄င္း၊ ေတာင္ေတာ္ႏွင့္ (၂) မိုင္ ပတ္လည္တြင္ ေဆာင္းရာသီ၌ အျခားအရပ္ေဒသမ်ားႏွင့္မတူ ထူးျခားစြာ ေလတိုက္ခတ္ျခင္းကို အေၾကာင္းျပဳ၍ ေလတြင္းေတာင္ ဟူ၍၄င္း ေခၚေ၀ၚသမုဒ္ၾကေလသည္။

ဦးၿဖိဳး+ေဒၚမယ္သာတို႕မိသားစုမွာ ေက်ာက္ဘီလူးမႀကီးမွေပးခဲ့ေသာ ရတနာပစၥည္းမ်ားျဖင့္ ႀကီးပြားခ်မ္းသာလာၿပီး မိမိသေဘာဆႏၵအရ စိတ္တိုင္းက် သာသနာ ျပဳႏိုင္ရန္အတြက္ ပစၥည္းမ်ားကိုခြဲေ၀ယူၾကကာ ဦးၿဖိဳး+ေဒၚမယ္သာတို႕ ဇနီးေမာင္ႏွံကမူ က်ည္ေတာင္ရြာ၏ အေနာက္၌ “ရွင္ပင္တုတ္ၿဖိဳး ” ဟူေသာ ဘြဲ႕ေတာ္ႏွင့္ဘုရားတဆူ တည္ထား ကုိးကြယ္ ခဲ့ေလသည္။ မျဖဴက ဆင္ျဖဴေတာင္ေပၚတြင္ ဘုရားတစ္ဆူတည္ရန္ ရည္ရြယ္စိတ္ကူး၍ မညိုက ေလွခြင္းေတာင္ ေပၚတြင္ ဘုရားတစ္ဆူတည္ရန္ ရည္ရြယ္စိတ္ကူးထားၾကၿပီး အခ်စ္ဦးမ်ားျဖစ္ၾကေသာ ရဲသီဟတို႕ညီအစ္ကိုႏွစ္ဦး အလာ ကိုသာ ေစာင့္ေမွ်ာ္ေနၾကသည္။

ရဲသီဟတို႕ညီအစ္ကိုႏွစ္ဦးမွာ သံုးလၾကာျပန္လာခဲ့ပါမည္ဟု ဂတိမ်ားေပးထားခဲ့ေသာ္လည္း ရက္၊လ၊ႏွစ္တို႕ ကူးေျပာင္း လာခဲ့ ေသာ္လည္း ေပၚမလာခဲ့ေပ။ ထိုအခ်ိန္တြင္ ရွမ္းေစာ္ဘြားတစ္ဦးသည္ က်ည္ေတာင္နယ္ေျမအတြင္းသို႕ ေရာက္ရွိ လာၿပီး မျဖဴ၊မညို ညီအစ္မႏွစ္ဦးကို ေတြ႕ျမင္ေသာအခါ ႏွစ္ဦးလံုးအေပၚတြင္ ေမတၱာညြတ္၍ ဇြတ္အတင္း ႀကံစည္ေလ သည္။ မျဖဴတို႕ညီအစ္မႏွစ္ဦးသည္ ရွမ္းေစာ္ဘြားရန္မွ ကင္းေ၀းေအာင္ ဆင္းရဲသားအသြင္ေဆာင္၍ က်ည္ေတာင္ရြာ၌ မေနဘဲ အနီးအနားရွိ ရြာငယ္မ်ားသို႕ ေျပးလႊားပုန္းေအာင္းေနၾကရေလသည္။ ရဲသီဟတို႕ညီအစ္ကိုမွာ က်ည္ေတာင္ရြာသို႕ ျပန္ေရာက္၍ အေၾကာင္းစံုကို သိရေသာအခါ ေစာ္ဘြားဘက္ေတာ္သားမ်ားႏွင့္ တိုက္ပြဲျဖစ္ပြားေလသည္။



တိုက္ပြဲျဖစ္ပြားေနစဥ္ မျဖဴတို႕ညီအစ္မမွာ ပုန္းေအာင္းေနရာမွ တိတ္တဆိတ္ေရာက္ရွိလာၿပီး ရဲသီဟတို႕အား သြားေရာက္ ေတြ႕ဆံုစဥ္ တိုက္ပြဲျပင္းထန္၍ ရန္သူဘက္မွ ပစ္ခတ္လိုက္ေသာ အဆိပ္လူးျမွားသည္ မျဖဴတို႕ညီအစ္မ အား ထိမွန္ၿပီး ၄င္းေနရာတြင္ပင္ ညီအစ္မႏွစ္ေယာက္လံုး ေသဆံုးၾကရေလသည္။

 မျဖဴသည္ ဆင္ျဖဴေတာင္တြင္ ဘုရားတည္ရန္ စိတ္စြဲလန္း၍ ေသဆံုးခဲ့ရသူျဖစ္သျဖင့္ ဆင္ျဖဴေတာင္ေတာ္တြင္ ေတာင္ေစာင့္နတ္မယ္ျဖစ္လွ်က္ ၊ မညိုမွာ ေလွခြင္းေတာင္ ၌ ဘုရားတည္ရန္ စိတ္စြဲလန္း၍ ေသဆံုးခဲ့ရသူျဖစ္သျဖင့္ ေလွခြင္းေတာင္ေတာ္တြင္ ေတာင္ေစာင့္နတ္မယ္ျဖစ္ကာ “မယ္ျဖဴ၊ မယ္ညို” တို႕အား နတ္ကြန္း ၊ နတ္နန္းမ်ား ေဆာက္လုပ္၍ ယေန႕အခ်ိန္ထိ ႏွစ္စဥ္ထာ၀ရ ပူေဇာ္ပသခဲ့ၾကေလ သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:burmese.asia
# Unicode Version # ျဖင့္ ဖတ္ပါ #


နေပြည်တော် မန္တလေးတိုင်း ၊ ရမည်းသင်းခရိုင် ၊ ပျဉ်းမနားမြို့နယ် ၊ ကျည်တောင်ရွာအနီးတွင် တည်ရှိသော လှေခွင်း တောင် ဘုရားမှာ သမိုင်းဝင် တန်ခိုးကြီး ဘုရား တစ်ဆူဖြစ်ပါသည်။ ရှေးလွန်ခဲ့သော နှစ်ပေါင်း ရှစ်ရာကျော်ခန့်က ပုဂံပြည်၌ အနော်ရထာမင်းကြီး ထီးနန်းသိမ်းပိုက်စိုးစံတော်မူစဉ် ပုဂံပြည်အနယ်နယ်အရပ်ရပ်၌ အရည်းကြီးတို့၏ မစစ်မှန်သော အယူဝါဒများ လွှမ်းမိုးနေခဲ့သည်။

အနော်ရထာမင်းကြီး နန်းတက်လာသောအခါ ထိုအယူဝါဒများကို မနှစ်သက်သဖြင့် စစ်မှန်သော သာသနာကို တောင့်တ လျှက်ရှိသည်။ ထိုစဉ် သထုံပြည်မှ ရှင်အရဟံသည် သာသနာပြုရန် ပုဂံပြည်သို့ ကြွလာ၏။ အနော်ရထာမင်းကြီးသည် ရှင်အရဟံကို ဖူးတွေ့ရသော် များစွာကြည်ညိုလှ၏။ ပုဂံပြည်၌ သာသနာပြုရန် လျှောက်ထား တောင်းပန်၏။

အနော်ရထာမင်းကြီးသည် ရှင်အရဟံ၏ အကူအညီဖြင့် အရည်းကြီးများ အယူဝါဒကို ဖယ်ရှားသုတ်သင်သည်။ ထို့ပြင် စစ်ရေးအရ ရှင်းလင်းသုတ်သင်ရန် လိုအပ်သော နေရာများသို့ ဓားရေး ၊ လှံရေး ကျွမ်းကျင်သော စစ်သည်သုံးကျိပ်အား ရွေးချယ်၍ အနယ်နယ်အရပ်ရပ်သို့ စေလွှတ်တာဝန်ပေးအပ်ခဲ့ရာ ရဲသီဟ နှင့် ရဲဒိဗ္ဗ တို့ စစ်သည်ညီအစ်ကိုနှစ်ဦးမှာ ရမည်းသင်းခရိုင်အတွင်း နှိမ်နင်းရန် တာဝန် ပေးစေလွှတ်ခြင်း ခံရလေသည်။

၎င်းညီအစ်ကိုနှစ်ဦးမှာ တာဝန်ပေးအပ်သည့်အတိုင်း ရမည်းသင်းခရိုင်အတွင်း လှည့်လည်၍ မစစ်မှန်သော အရည်းကြီး တို့၏ အယူဝါဒများကို စစ်သေနင်္ဂဗျူဟာနည်းများအရ ရှင်းလင်းသုတ်သင်ပြီး အရည်းကြီးများအား လူဝတ်လဲစေ၍ နိုင်ငံတော်အတွင်း သင့်လျှော်သော အလုပ်အကိုင်များ ပေးကာ လုပ်ကိုင်စေခဲ့သည်။ ယင်းတို့လက်ထက်တွင်ဗုဒ္ဓသာသနာ ပြန့်ပွားရေးအတွက် ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့သဖြင့် ပုဂံပြည့်ရှင် အနော်ရထာမင်းကြီးမှ မြို့စားများအဖြစ် ပေးသနားရန် အမိန့်ချမှတ်၍ အစ်ကိုဖြစ်သူ ရဲသီဟ မှာ ရမည်းသင်းမြို့စားအဖြစ် ခန့်အပ်ခြင်း ခံရလေသည်။

ပျဉ်းမနားမြို့၏ အနောက်ဘက် ကြက်ဆူအိုင်သိုက်မှ သိုက်စောင့်ညီအစ်မနှစ်ယောက်သည် လမ်းပျဉ်းမနားရွာ ဦးဖြိုး+ဒေါ်မယ်သာတို့၏ ဝမ်းတွင် လူဝင်စားအမွှာ ညီအစ်မ အဖြစ် မွေးဖွားခဲ့သည်။ အကြီးမမှာ အသားဖြူသူဖြစ်၍ မဖြူဟု အမည်ပေးပြီး အငယ်မမှာ အသားညိုသူဖြစ်၍ မညိုဟု အမည်ပေးခဲ့သည်။ ဦးဖြိုး+ဒေါ်မယ်သာတို့သည် ဈေးရောင်းဈေးဝယ် လုပ်ကိုင်စားသောက်ရင်း သမီးနှစ်ယောက်အရွယ်ရောက်သောအခါ ရေကြည်ရာ မြက်နုရာဖြစ်သည့် ကျည်တောင်ရွာကလေးသို့ ပြောင်းရွေ့နေထိုင်စားသောက်ရင်း တောင်သူလုပ်ငန်းပါ တွဲဖက်လုပ်ကိုင်ကြသည်။

ထိုအချိန်တွင် ပေါင်းလောင်းမြစ်၏ အရှေ့ဘက်ကမ်းတောင်ခြေတဝိုက်၌ တောင်သူလယ်သမားများ စိုက်ပျိုးထားသော ကောက်ပဲသီးနှံများအား ဆင်ဖြူတော်သုံးစီး ရံဖန်ရံခါ ဝင်ရောက်ဖျက်စီးလျှက်ရှိသည်။ ၎င်းသတင်းစကားအား ပုဂံပြည့်ရှင် အနော်ရထာမင်းကြီးထံသို့ ပေါက်ကြားသောအခါ မရမနေ ဖမ်းဆီးရန် မင်းမိန့်ဖြင့် ရမည်းသင်းမြို့စား ရဲသီဟနှင့် ညီဖြစ် သူအား တာဝန်ပေးစေလွှတ်ရာ ထိုညီအစ်ကို နှစ်ဦးသည် ကျည်တောင်ရွာသို့ ရောက်ရှိလာပြီး ပေါင်းလောင်းမြစ် အရှေ့ ဘက်ကမ်းသို့ ကူး၍ ဆင်ဖြူတော်များ သွားလာလှုပ်ရှားမှု သတင်းအား စုံစမ်းရင်း လိုက်လံရှာဖွေဖမ်းဆီးရာ ဆင်ဖြူတော် များမှာ ယခုဆင်ဖြူတောင်ဟုခေါ်ဆိုသောတောင်တော်၌ မြေကိုခွင်း၍ ဝင်ရောက်ပျောက်ကွယ်သွားပြီး မြေကိုခွင်း၍ ဝင်သွားသော တွင်းသာလျှင်တွေ့ရလေသည်။

၎င်းဆင်ဖြူတွင်းမှာ ယခုအချိန်ထိအထင်အရှားရှိခဲ့ပေသည်။ ထိုကဲ့သို့ ဆင်ဖြူတော်များ ဝင်ရောက်ပျောက်ကွယ်သော တောင်အား ယခုအခါ ဆင်ဖြူတောင်ဟု ခေါ်ဝေါ်သမုတ်ကြလေသည်။ ရဲသီဟနှင့်ရဲဒိဗ္ဗတို့ညီအစ်ကို နှစ်ဦးသည် ဆင်ဖြူတော်များ ပြန်လည်ထွက်ခွာ လာမည့် အချိန်ကိုစောင့်ဆိုင်းရင်း ကျည်တောင်ရွာလေးသို့ ပြန်လည်ရောက်ရှိ စခန်းချနေထိုင်ကြစဉ် မဖြူ၊ မညိုနှင့် ရင်းနှီးကျွမ်းဝင်မေတ္တာမျှခဲ့ကြလေသည်။ ထိုအချိန်တွင် တိုင်းရေးပြည်ရေး အခြေ အနေအရ ပုဂံပြည့်ရှင် အနော်ရထာမင်းကြီးမှ ရဲသီဟတို့ညီအစ်ကိုနှစ်ယောက်အား အမြန်ပြန်လာရန် အမိန့် တော် ရောက်ရှိလာ၍ ပြန်ရမည်ဖြစ်သောကြောင့် သုံးလကြာလျှင် ပြန်လာပြီး လက်ထပ်ထိမ်းမြားပါမည်ဟု ကတိပြုကာ ပုဂံနေပြည်တော်သို့ ပြန်သွား ကြလေသည်။

ကြက်ဆူအိုင်သိုက်မှ သိုက်နန်းရှင်များသည် သိုက်ဆရာများ၏ အန္တရာယ်ကြောင့် ရွှေလှေ ငွေလှေများ လှော်ခတ်၍ အရှေ့စူးစူးအတိုင်း နေရာင်ပြအင်း ကိုဖြတ်ပြီး ထွက်ခွာလာကြရာ ကျည်တောင်ကျေးရွာ၏ အနောက်ဖက် ယခု ကြာကန်ကြီးဟု ခေါ်သော ရေကန်သို့အရောက်တွင် ခေတ္တနားနေ၍ ငုတ်လျှိုးပျောက် ကွယ်ခဲ့လေသည်။ ကြက်ဆူအိုင် ကျေးရွာမှ သိုက်ဆရာ ဦးကံဝသည် သိုက်စာအရ ဦးပဉ္ဖင်းဝတ်၍ ကျည်တောင်ကျေးရွာသို့ ရောက်ရှိလာပြီး တပည့်ဖြစ်သူ မောင်ကျော်ဖားဆိုသူနှင့် သိုက်တူးရန် စီစဉ်ကြလေသည်။

သိုက်စာမှာ- ကျည်တောင်ရွာ အနောက်ဖက်ညောင်လန်းပင်ကြီးအနီး ဘီလူးမကြီးတွေ့လိမ့်မည်။ ချည်မန်းကွင်း စွပ်ဖမ်း ထား လေ… ဘီလူးမကြီးအနီး ရေကန်တခုရှိသည်။ ဂါထာမန္တန်စုတ်က ကျွဲရုပ်ကြီးပေါ်လာလိမ့်မည်။ ကျွဲရုပ်ကြီးအား ချည်မန်းကွင်းနှင့် ဖမ်းချုပ်ပြီး ဆေးကြိမ်တုတ်နှင့် ရွယ်ရုံသာရွယ်ပါ။ မရိုက်လေနဲ့ ၊ ရိုက်ပါက ဂါထာ မန္တန်ပျက်လိမ့်မည်။ ဖမ်းချုပ်ထားသော ကျွဲရုပ်ကို (၇) ကြိမ် ဂါထာမန္တန်မန်းမှုတ်ပါက ရေကန်အတွင်းမှ ရွှေသားအတိပြီးသော လောင်းလှေ တစင်းပေါ် လာလိမ့်မည်။ ၎င်းအတွင်းမှ ရွှေကြုတ်ငယ်နှင့် ထည့်ထားသော ပြဒါးမှာ အသက်ကမ္ဘာတည်နိုင်သည်အထိ ယူငင်စားသုံးပါလေ။

အဆိုပါသိုက်စာအရ ဦးကံဝသည် တပည့်ဖြစ်သူ မောင်ကျောက်ဖားကိုခေါ်သွားပြီး ဘီလူးမရုပ်ကို ဂါထာမန္တန် မန်းမှုတ်ကာ ချည်မန်းကွင်းနှင့်လည်ပင်း ကို စွပ်ထားလေသည်။ ရေကန်ပေါ်မှနေ၍ ဂါထာမန္တန်စုတ်သောအခါ မကြာမီ ကျွဲရုပ်ကြီး ပေါ်လာ လေသည်။ လည်ပင်းကို ချည်မန်းကွင်းနှင့်စွပ်ထားပြီး တပည့်ဖြစ်သူအား မည်မျှ လှုပ်လှုပ်မရိုက်လေနဲ့၊ ရွယ်ရုံ သာရွယ်ဟု ဆေးကြိမ်တုတ်ကို မောင်ကျောက်ဖားအား ပေးထားကာ ရွှေသားအတိပြီးသော လောင်းလှေပေါ်လာရန် သိုက်ဆရာက ဂါထာမန္တန်စုတ်၍နေလေသည်။

ဦးဖြိုး+ဒေါ်မယ်သာတို့မှာ လယ်ယာလုပ်ငန်းခွင်သို့ သမီးဖြစ်သူ မဖြူ-မညိုတို့နှင့်အတူလာရောက်သည့်အခါတိုင်း ကျောက်ဘီလူးမကြီးအား စားဦးသောက်ဦး တင်မြှောက်လေ့ရှိရာ ထိုနေ့တွင် ကျောက်ဘီလူးမရုပ်ကြီးမှ ချည်မန်းကွင်း ဖြုတ်ပေးရန် အော်ဟစ်အကူအညီတောင်းနေသဖြင့် ဦးဖြိုး+ဒေါ်မယ်သာ တို့မှာ ကြောက်ရွံ့သောစိတ်နှင့် သနားဂရုဏာ သက်သော စိတ်တို့ဖြင့် အရဲစွန့်ကာ ချည်မန်းကွင်းကို ဖြုတ်ပေးလိုက်ရာ ဘီလူးမကြီးမှာ နေရာမှ ထပြီး “ နင်တို့ကို ငါ ကျေးဇူးတင်တယ်၊ ငါထိုင်တဲ့နေရာအောက်မှာ ရွှေ၊ငွေ ကျောက်သံပတ္တမြားတွေ အများကြီးရှိတယ်၊ နင်တို့အကုန်ယူတော့ ” ဟုပြောပြီး သိုက်ဆရာများရှိရာ ရေကန်ဆီသို့ လျှင်မြန်သောခြေလှမ်းများဖြင့် ထွက်ခွာသွားလေသည်။

သိုက်ဆရာဦးကံဝ၏ ဂါထာမန္တန်တို့ကြောင့် ငုတ်လျှိုးနေသော ရွှေလှေကြီးသည် ရေပေါ်သို့ ပေါ်လာချိန်၌ ကျောက်ဘီလူးမရုပ်ကြီးသည် ၎င်းတို့အနီး သို့ ရောက်ရှိလာသောအခါ တပည့်ကျော် မောင်ကျောက်ဖားမှာ ကြောက်စိတ်၊ ဒေါသစိတ်များဖြင့် ကျွဲရုပ်ကြီးအား ဆေးကြိမ်တုတ်ဖြင့် တအားကြုံး၍ ရိုက်လိုက်ရာ စူးစူးဝါးဝါးအသံ များအော်ဟစ်ပြီး ကျွဲရုပ်ကြီးမှာ ရေထဲသို့ ငုတ်လျှိုးပျောက်ကွယ်သွားလေသည်။ သိုက်ဆရာမန္တန်ကြောင့် ရေပေါ် ပေါ်လာသော ရွေလှေကြီးသည် အရှေ့ဘက်စူးစူးရှိ တောင်တော်ဆီသို့ ထွက်ခွာသွားပြီး ကြီးမားခိုင်မာလှသည့် ကျောက်တောင်ကြီးအားခွင်းကာ ငုပ်လျှိုးပျောက်ကွယ်သွား လေသည်။ သိုက်ဆရာ ဦးကံဝနှင့် တပည့်မှာလည်း အလိုအလျှောက်မြေပေါ်တွင် ပျော့ခွေ လဲကျပြီး အသက်ပျောက်ကွယ်သွားလေသည်။

ရွှေလှေ၊ ငွေလှေများ ခွင်းဝင် ပျောက်ကွယ်သွားသည့် ကျောက်ကွဲကြီးမှာ ဖြောင့်တန်းစွာ ပိုင်းဖြတ်ထားသကဲ့သို့ အကျယ် (၃)ပေခန့် ၊ အမြင့် (၂၅)ခန့်၊ အလျား (၄၀)ပေခန့် မှာ ယခုအချိန်ထိ အထင်အရှားရှိခဲ့ပေသည်။ ရှေးအခါက အဆိုပါ ကွဲအက်နေသော ကျောက်ကွဲကြားမှ လေမှုတ်ထုတ်ခြင်း၊ အတွင်းပိုင်းသို့ လေစုတ်ယူခြင်းများရှိခဲ့ကြောင်း၊ ၎င်းကျောက်ကွဲ ကြောင်းထဲသို့ လက်ကိုင်ပုဝါချကြည့်ပါက မှုတ်ထုတ်သည့်လေအားကြောင့် မည်သို့ပင် အောက်သို့ပစ်ချစေကာမှု အထက်သို့ ပြန်တတ်လာကြောင်း လှေခွင်းတောင် တန်ခိုးကြီးကျောင်း၌ ယခင်သတင်းသုံးခဲ့သော ဘရသေ့ကြီး ဦးဣန္ဒ၏ မိန့်ဆိုပြောကြားချက်အရ သိရှိရပေသည်။

ယင်းကဲ့သို့ သိုက်နန်းရှင်များနှင့် ရွှေလှေ၊ငွေလှေများ ခွင်းဝင် ပျောက်ကွယ်သွားသည်ကို အကြောင်းပြု၍ ထိုတောင်တော် အား လှေခွင်းတောင် ဟူ၌၎င်း၊ ရွှေလှေ၊ ငွေလှေများ ထွင်းဝင်သွားရာ ကျောက်ကွဲကြီးမှာ ညီညာဖြောင့်တန်းစွာ ပိုင်းဖြတ် ထွင်းဖောက်ထားသည့်အလား တည်ရှိနေသည်ကို အကြောင်း ပြု၍ လှေထွင်းတောင် ဟူ၍ ၎င်း၊ တောင်တော်နှင့် (၂) မိုင် ပတ်လည်တွင် ဆောင်းရာသီ၌ အခြားအရပ်ဒေသများနှင့်မတူ ထူးခြားစွာ လေတိုက်ခတ်ခြင်းကို အကြောင်းပြု၍ လေတွင်းတောင် ဟူ၍၎င်း ခေါ်ဝေါ်သမုဒ်ကြလေသည်။

ဦးဖြိုး+ဒေါ်မယ်သာတို့မိသားစုမှာ ကျောက်ဘီလူးမကြီးမှပေးခဲ့သော ရတနာပစ္စည်းများဖြင့် ကြီးပွားချမ်းသာလာပြီး မိမိသဘောဆန္ဒအရ စိတ်တိုင်းကျ သာသနာ ပြုနိုင်ရန်အတွက် ပစ္စည်းများကိုခွဲဝေယူကြကာ ဦးဖြိုး+ဒေါ်မယ်သာတို့ ဇနီးမောင်နှံကမူ ကျည်တောင်ရွာ၏ အနောက်၌ “ရှင်ပင်တုတ်ဖြိုး ” ဟူသော ဘွဲ့တော်နှင့်ဘုရားတဆူ တည်ထား ကိုးကွယ် ခဲ့လေသည်။ မဖြူက ဆင်ဖြူတောင်ပေါ်တွင် ဘုရားတစ်ဆူတည်ရန် ရည်ရွယ်စိတ်ကူး၍ မညိုက လှေခွင်းတောင် ပေါ်တွင် ဘုရားတစ်ဆူတည်ရန် ရည်ရွယ်စိတ်ကူးထားကြပြီး အချစ်ဦးများဖြစ်ကြသော ရဲသီဟတို့ညီအစ်ကိုနှစ်ဦး အလာ ကိုသာ စောင့်မျှော်နေကြသည်။

ရဲသီဟတို့ညီအစ်ကိုနှစ်ဦးမှာ သုံးလကြာပြန်လာခဲ့ပါမည်ဟု ဂတိများပေးထားခဲ့သော်လည်း ရက်၊လ၊နှစ်တို့ ကူးပြောင်း လာခဲ့ သော်လည်း ပေါ်မလာခဲ့ပေ။ ထိုအချိန်တွင် ရှမ်းစော်ဘွားတစ်ဦးသည် ကျည်တောင်နယ်မြေအတွင်းသို့ ရောက်ရှိ လာပြီး မဖြူ၊မညို ညီအစ်မနှစ်ဦးကို တွေ့မြင်သောအခါ နှစ်ဦးလုံးအပေါ်တွင် မေတ္တာညွတ်၍ ဇွတ်အတင်း ကြံစည်လေ သည်။ မဖြူတို့ညီအစ်မနှစ်ဦးသည် ရှမ်းစော်ဘွားရန်မှ ကင်းဝေးအောင် ဆင်းရဲသားအသွင်ဆောင်၍ ကျည်တောင်ရွာ၌ မနေဘဲ အနီးအနားရှိ ရွာငယ်များသို့ ပြေးလွှားပုန်းအောင်းနေကြရလေသည်။ ရဲသီဟတို့ညီအစ်ကိုမှာ ကျည်တောင်ရွာသို့ ပြန်ရောက်၍ အကြောင်းစုံကို သိရသောအခါ စော်ဘွားဘက်တော်သားများနှင့် တိုက်ပွဲဖြစ်ပွားလေသည်။

တိုက်ပွဲဖြစ်ပွားနေစဉ် မဖြူတို့ညီအစ်မမှာ ပုန်းအောင်းနေရာမှ တိတ်တဆိတ်ရောက်ရှိလာပြီး ရဲသီဟတို့အား သွားရောက် တွေ့ဆုံစဉ် တိုက်ပွဲပြင်းထန်၍ ရန်သူဘက်မှ ပစ်ခတ်လိုက်သော အဆိပ်လူးမြှားသည် မဖြူတို့ညီအစ်မ အား ထိမှန်ပြီး ၎င်းနေရာတွင်ပင် ညီအစ်မနှစ်ယောက်လုံး သေဆုံးကြရလေသည်။

 မဖြူသည် ဆင်ဖြူတောင်တွင် ဘုရားတည်ရန် စိတ်စွဲလန်း၍ သေဆုံးခဲ့ရသူဖြစ်သဖြင့် ဆင်ဖြူတောင်တော်တွင် တောင်စောင့်နတ်မယ်ဖြစ်လျှက် ၊ မညိုမှာ လှေခွင်းတောင် ၌ ဘုရားတည်ရန် စိတ်စွဲလန်း၍ သေဆုံးခဲ့ရသူဖြစ်သဖြင့် လှေခွင်းတောင်တော်တွင် တောင်စောင့်နတ်မယ်ဖြစ်ကာ “မယ်ဖြူ၊ မယ်ညို” တို့အား နတ်ကွန်း ၊ နတ်နန်းများ ဆောက်လုပ်၍ ယနေ့အချိန်ထိ နှစ်စဉ်ထာဝရ ပူဇော်ပသခဲ့ကြလေ သည်။

ဖိုးသူတော် (www.phothutaw.com)
Credit:burmese.asia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top