Credit:ZAW
#Unicode Version# ဖြင့်ဖတ်ပါ ။
သဲစားပြီးသာ ကျန်းမာမယ်ဆိုရင် အခုတောင်ထစားလိုက်ချင်ပါသေးတယ်။ ဆေးခန်းစရိတ်တွေသက်သာလိုက်မယ့်ဖြစ်ခြင်းနော်….။ အဖြစ်ကဒီလိုဗျ။အိန္ဒိယပြည်က Kusma Vati ဆိုတဲ့ အဖွားဟာ အသက် ၇၈ နှစ်အရွယ်အထိ ရှိလာခဲ့ပါပြီ။ သူက လယ်ယာလုပ်ငန်းနဲ့ အလုပ်ကြမ်းလုပ်နေသူလည်းဖြစ်ပါတယ်။
ထူးခြားတာက သူ့ဘဝမှာတစ်ခါမှ ဆရာဝန်နဲ့မပြခဲ့ရဘူးလို့ဆိုခဲ့ပြီး ဆေးခန်းသွားစရာမလိုအောင်ကိုကျန်းမာသန်စွမ်းနေခဲ့တာကြောင့်ပါလို့ သိရပါတယ်။ဘာလို့ ဒီလောက်ကျန်းမာသန်စွမ်းနေရလဲဆိုတဲ့ အကြောင်းအရင်း ကတော့ အဖွားက လွန်ခဲ့တဲ့ အနှစ် ၆၀ လုံးလုံး သဲနဲ့ ကျောက်စရစ်ခဲတွေကို အစာအာဟာရ တစ်ခုအနေနဲ့ စားသုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
စားစရာသဲမတွေ့တဲ့အခါ သူ့အိမ်က နံရံတွေကို တမြုံ့မြုံ့အရသာခံပြီး ကိုက်ဝါးနေခဲ့တာလို့ သိရတာလည်း လူအများအံ့အားသင့်စရာဖြစ်စေခဲ့ပါတယ်။သူ့ရဲ့ သားသမီး မြေးမြစ်တွေကတော့ အဖွားရဲ့ကျန်းမာရေးကို စိုးရိမ်စိတ်ရှိကြလို့ တားမြစ်ကြပေမယ့် အဖွားကတော့ နှစ် ၆၀ စာ စွဲလမ်းသူဖြစ်ပြီး သဲ နဲ့ ကျောက်စရစ်ခဲတွေကိုစားသောက်လာခဲ့လို့ ဘယ်လိုမှမဖြစ်နိုင်ဘူးလို့ အခုလို ဆိုခဲ့ပါတယ်။
” အသက်ရှည်ခြင်းရဲ့လျှို့ဝှက်ချက်ကိုပြောပါဆိုရင် ကျွန်မ သဲ၊ ကျောက်စရစ်ခဲ တွေကိုစားခဲ့တဲ့အကျင့်ပါပဲ။ စားလို့သိပ်အရသာရှိတယ်။ ကျွန်မကြိုက်တယ်။ ကျွန်မရဲ့ အစာအိမ်၊ သွားနဲ့ ပါးစပ်တွေက အခုထိလုံးဝအကောင်းအတိုင်းပဲ။ ၁၅ နှစ်သမီးအရွယ်ကတည်းက စားလာခဲ့တာဆိုတော့ ကျင့်သားကိုဖြစ်နေပြီ။ သဲထဲကရတဲ့ ဓာတ်သတ္တုတွေကြောင့် အဖွား ဒီအရွယ်ထိ လယ်ခင်းထဲမှာကောင်းကောင်းအလုပ်လုပ်နေနိုင်တာပေါ့လေ ”
ဖိုးသူတော် (www.phothutaw.com)
Credit:ZAW