အဂုၤတၳဳိရ္အ႒ကထာ၊ သတၱနိပါတ္၊ သီဟနာဒ၀ဂ္၊ သဥပါဒိေသသသုတ္အဖြင့္ လာ
ေသာတာပန္ပုဂၢဳိလ္ကဲ့သုိ႔ အပါယ္မက်ေသာ ပုထုဇဥ္လူသား (၇) ဦးရွိပါတယ္တဲ့
ေသာတာပန္နွင့္အလားတူေသာအလွဴဒါန(၇)မ်ိဳး(ဝါ)အပါယ္မေျကာက္သူခုနစ္ဦး
၁။သရဏဂံုသီလျမဲျခင္း။
၂။ငါးပါးသီလကိုျမဲျမံစြါေဆာက္တည္ျခင္း။
၃။လဆန္း/လဆုပ္၌ပကၡဆြမ္းလွဴဒါန္းျခင္း။
၄။စာေရးတန္မဲဆြမ္းလွဴဒါန္းျခင္း။
၅။ဝါဆိုသကၤန္းလွဴဒါန္းျခင္း။
၆။ဇရပ္,ေက်ာင္း စသည္အေဆာက္အဦးလွဴဒါန္းျခင္း။
၇။ ေရတြင္းေရကန္လွဴဒါန္းျခင္း စသည္တို႕ျဖစ္ပါတယ္။
.
တစ္ခ်က္ခ်င္းစီရဲ႕ အက်ယ္ကိုဘဘဦးသုခရဲ႕ သုခ မွတ္စုမွာ ရွာဖတ္ပါရွင္...
ေသာတပန္နဲ႕အလားးတူလို႕ဆိုထားတဲ့အတြက္
.... ေသာတပန္လိုေတာ့ အပါယ္တံခါး လံုး၀ ပိတ္ မသြားဖူးေပါ့ ... အကိုေတာ္
... လာမယ့္တစ္ဘ၀ထဲ အပါယ္မက်ေအာင္ တန္႕ထားယံုပဲ ရတာပါ ။
.
★ ★ အဲ့ ...
တစ္ခုေတာ့ရွိတယ္ေနာ္ ... အေခ်ာင္လိုက္ျပီး .... အပါယ္မက်ခ်င္လို႕ ...
လိုက္လွဴ ေနပါတယ္ဆိုရင္ေတာ့ ... ရမွာမဟုတ္ဖူးရွင္ ...
ဆိုလိုတာက
ဒါနရဲ႕ အက်ဳိးတရားကို ေမွ်ာ္ကိုးၿပီး အလွဴ မလုပ္ေစခ်င္ပါဘူး။ ဘာ့ေၾကာင့္လဲ?
အက်ဳိးကိုေမွ်ာ္ၿပီး ကုသိုလ္ျပဳရင္ ရသင့္ရထိုက္တဲ့ အက်ဳိးတရားမ်ားစြာ
ဆံုးရံႈးရလို႔ ပါပဲ။
.
အင္း၀ေခတ္တုန္းက အုတ္ေက်ာင္းႀကီးကို
လွဴဒါန္းခဲ့တဲ့ နန္းမေတာ္မယ္ႏု ဆိုတာရွိခဲ့ဘူးပါတယ္။ သူလွဴခဲ့တဲ့ေက်ာင္း
ျဖစ္တဲ့အတြက္ ယခုတိုင္ နန္းမေတာ္မယ္ႏု အုတ္ေက်ာင္းရယ္ လို႔
နာမည္တြင္လ်က္ရွိပါတယ္။ နန္းမေတာ္မယ္ႏုက အုတ္ေက်ာင္းႀကီးကို
ဆရာေတာ္ဦးဗုဓ္အား လွဴဒါန္းၿပီး ကိုးကြယ္ခဲ့တယ္တဲ့
.
တစ္ေန႔
နန္းမေတာ္မယ္ႏုက သူျပဳလုပ္ထားတဲ့ ဘုရားတည္၊ေက်ာင္းေဆာက္စတဲ့
ကုသို္လ္လုပ္ငန္းမ်ားကို ေဖၚျပၿပီး ဒီအလွဴရဲ႕အက်ဳိးတရားကို
သိခ်င္ပါတယ္ဆိုတဲ့အေၾကာင္း ဆရာေတာ္အား ေလွ်ာက္ထားတယ္တဲ့။
.
ဒီအခါ
ဆရာေတာ္ဦးဗုဓ္က ဖလားတစ္လံုးထဲကို ေရအျပည့္ျဖည့္ခိုင္းၿပီး “ဖလားထဲက
ေရေတြကို ဟိုနားက သစ္ပင္ရင္းမွာ အားလံုးေလာင္းခဲ့၊ ၿပီးရင္ငါ့ ဆီျပန္လာခဲ့”
လို႔ မိန္႔ေတာ္မူပါတယ္။
.
ဆရာေတာ္ အမိန္႔ရွိတဲ့အတိုင္း မယ္ႏုက သစ္ပင္ရင္းမွာ ေရသြန္ၿပီး ဖလားျပန္ယူလာခဲ့ပါတယ္။
ဒီအခါ ဆရာေတာ္ က
“ဖလားထဲမွာ ဘာမ်ားပါလာတုန္း ေက်ာင္းအစ္မ”
လို႔ မိန္႔ေတာ္မူေတာ့ မယ္ႏုက
“ ဖလားထဲမွာ အကန္႔အသန္႔ ေရေလာက္ပဲ က်န္ပါတယ္ဘုရား”
လို႔ေလွ်ာက္တယ္၊ ဆရာေတာ္က
“ ဒီလိုပါပဲ ေက်ာင္းအစ္မ ျပဳတဲ့ကုသိုလ္က အက်ဳိးလိုလားၿပီး ျပဳတဲ့အတြက္ ဖလားထဲ က်န္တဲ့ ေရအကန္႔အသန္႔ေလာက္ပဲ အက်ဳိးရရွိမွာပါ”
လို႔ မညွာမတာ မိန္႔လိုက္တယ္တဲ့၊။
.မယ္ႏုဟာ စိတ္မဆိုးတဲ့အျပင္ သေဘာေပါက္ၿပီး ပိုလို႔ေတာင္ၾကည္ညိဳသြားပါတယ္။
ဆိုလိုတာက
အက်ဳိးကိုေမွ်ာ္ၿပီး ကုသိုလ္ျပဳရင္ အရနည္းတတ္တယ္၊ အက်ဳိးကို မေမွ်ာ္ဘဲ
သဒၶါတရားသက္သက္နဲ႔ လွဴဒါန္းရင္ အက်ဳိးရတာ မ်ားတယ္ ဆိုတာပါပဲ။
.
★ ★ မင္းကန္စီ .....
.
အဲဒီကုသိုလ္ေတြက
ေနာက္ဘဝအပါယ္မက်ေအာင္ ခဏတားေပးတာပါ အပါယ္တံခါးကို မပိတ္ေပးပါဘူး လူဘဝလို
ဝီရိယဘံုျပန္ရရင္ ေတာ္ေသးရဲ႕ နတ္ျဗဟၼာလို သုခဘံုကို
ပုထုဇဥ္အေနနဲ႔ေရာက္သြားရင္ေတာ့ ခ်မ္းသာလွတဲ့ ကာမအာရံုေတြၾကားမွာ သတိ
သံေဝဂရဖို႔ အင္မတန္ခဲယဥ္းလို႔ ကုသိုလ္ကံအက်ိဳးေပး ကုန္ခ်ိန္ေရာက္ရင္
မူရင္းေနရပ္ အပါယ္ကို ျပန္သြားရဖို႔ က်ိန္းေသပါတယ္ဒါေၾကာင့္
ေသာတာပတၱိမဂ္ကုသိုလ္သာ အပါယ္တံခါး ပိတ္ႏိုင္ေၾကာင္း သတိခ်ပ္ေစခ်င္ပါတယ္
..
အရွင္မုနိႏၵ
ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဒက္ဒီ Ashin War Ya Ma Wpn
# Unicode Version ျဖင့္ ဖတ္ပါ #
အဂုၤတ္ထိုရ်အဋ္ဌကထာ၊ သတ္တနိပါတ်၊ သီဟနာဒဝဂ်၊ သဥပါဒိသေသသုတ်အဖွင့် လာ
သောတာပန်ပုဂ္ဂိုလ်ကဲ့သို့ အပါယ်မကျသော ပုထုဇဉ်လူသား (၇) ဦးရှိပါတယ်တဲ့
သောတာပန်နှင့်အလားတူသောအလှူဒါန(၇)မျိုး(ဝါ)အပါယ်မကြောက်သူခုနစ်ဦး
၁။သရဏဂုံသီလမြဲခြင်း။
၂။ငါးပါးသီလကိုမြဲမြံစွါဆောက်တည်ခြင်း။
၃။လဆန်း/လဆုပ်၌ပက္ခဆွမ်းလှူဒါန်းခြင်း။
၄။စာရေးတန်မဲဆွမ်းလှူဒါန်းခြင်း။
၅။ဝါဆိုသင်္ကန်းလှူဒါန်းခြင်း။
၆။ဇရပ်,ကျောင်း စသည်အဆောက်အဦးလှူဒါန်းခြင်း။
၇။ ရေတွင်းရေကန်လှူဒါန်းခြင်း စသည်တို့ဖြစ်ပါတယ်။
.
တစ်ချက်ချင်းစီရဲ့ အကျယ်ကိုဘဘဦးသုခရဲ့ သုခ မှတ်စုမှာ ရှာဖတ်ပါရှင်...
သောတပန်နဲ့အလားးတူလို့ဆိုထားတဲ့အတွက်
.... သောတပန်လိုတော့ အပါယ်တံခါး လုံး၀ ပိတ် မသွားဖူးပေါ့ ... အကိုတော်
... လာမယ့်တစ်ဘဝထဲ အပါယ်မကျအောင် တန့်ထားယုံပဲ ရတာပါ ။
.
★ ★ အဲ့ ...
တစ်ခုတော့ရှိတယ်နော် ... အချောင်လိုက်ပြီး .... အပါယ်မကျချင်လို့ ...
လိုက်လှူ နေပါတယ်ဆိုရင်တော့ ... ရမှာမဟုတ်ဖူးရှင် ...
ဆိုလိုတာက
ဒါနရဲ့ အကျိုးတရားကို မျှော်ကိုးပြီး အလှူ မလုပ်စေချင်ပါဘူး။ ဘာ့ကြောင့်လဲ?
အကျိုးကိုမျှော်ပြီး ကုသိုလ်ပြုရင် ရသင့်ရထိုက်တဲ့ အကျိုးတရားများစွာ
ဆုံးရှုံးရလို့ ပါပဲ။
.
အင်းဝခေတ်တုန်းက အုတ်ကျောင်းကြီးကို
လှူဒါန်းခဲ့တဲ့ နန်းမတော်မယ်နု ဆိုတာရှိခဲ့ဘူးပါတယ်။ သူလှူခဲ့တဲ့ကျောင်း
ဖြစ်တဲ့အတွက် ယခုတိုင် နန်းမတော်မယ်နု အုတ်ကျောင်းရယ် လို့
နာမည်တွင်လျက်ရှိပါတယ်။ နန်းမတော်မယ်နုက အုတ်ကျောင်းကြီးကို
ဆရာတော်ဦးဗုဓ်အား လှူဒါန်းပြီး ကိုးကွယ်ခဲ့တယ်တဲ့
.
တစ်နေ့
နန်းမတော်မယ်နုက သူပြုလုပ်ထားတဲ့ ဘုရားတည်၊ကျောင်းဆောက်စတဲ့
ကုသိုလ်လုပ်ငန်းများကို ဖေါ်ပြပြီး ဒီအလှူရဲ့အကျိုးတရားကို
သိချင်ပါတယ်ဆိုတဲ့အကြောင်း ဆရာတော်အား လျှောက်ထားတယ်တဲ့။
.
ဒီအခါ
ဆရာတော်ဦးဗုဓ်က ဖလားတစ်လုံးထဲကို ရေအပြည့်ဖြည့်ခိုင်းပြီး “ဖလားထဲက
ရေတွေကို ဟိုနားက သစ်ပင်ရင်းမှာ အားလုံးလောင်းခဲ့၊ ပြီးရင်ငါ့ ဆီပြန်လာခဲ့”
လို့ မိန့်တော်မူပါတယ်။
.
ဆရာတော် အမိန့်ရှိတဲ့အတိုင်း မယ်နုက သစ်ပင်ရင်းမှာ ရေသွန်ပြီး ဖလားပြန်ယူလာခဲ့ပါတယ်။
ဒီအခါ ဆရာတော် က
“ဖလားထဲမှာ ဘာများပါလာတုန်း ကျောင်းအစ်မ”
လို့ မိန့်တော်မူတော့ မယ်နုက
“ ဖလားထဲမှာ အကန့်အသန့် ရေလောက်ပဲ ကျန်ပါတယ်ဘုရား”
လို့လျှောက်တယ်၊ ဆရာတော်က
“ ဒီလိုပါပဲ ကျောင်းအစ်မ ပြုတဲ့ကုသိုလ်က အကျိုးလိုလားပြီး ပြုတဲ့အတွက် ဖလားထဲ ကျန်တဲ့ ရေအကန့်အသန့်လောက်ပဲ အကျိုးရရှိမှာပါ”
လို့ မညှာမတာ မိန့်လိုက်တယ်တဲ့၊။
.မယ်နုဟာ စိတ်မဆိုးတဲ့အပြင် သဘောပေါက်ပြီး ပိုလို့တောင်ကြည်ညိုသွားပါတယ်။
ဆိုလိုတာက
အကျိုးကိုမျှော်ပြီး ကုသိုလ်ပြုရင် အရနည်းတတ်တယ်၊ အကျိုးကို မမျှော်ဘဲ
သဒ္ဓါတရားသက်သက်နဲ့ လှူဒါန်းရင် အကျိုးရတာ များတယ် ဆိုတာပါပဲ။
.
★ ★ မင်းကန်စီ .....
.
အဲဒီကုသိုလ်တွေက
နောက်ဘဝအပါယ်မကျအောင် ခဏတားပေးတာပါ အပါယ်တံခါးကို မပိတ်ပေးပါဘူး လူဘဝလို
ဝီရိယဘုံပြန်ရရင် တော်သေးရဲ့ နတ်ဗြဟ္မာလို သုခဘုံကို
ပုထုဇဉ်အနေနဲ့ရောက်သွားရင်တော့ ချမ်းသာလှတဲ့ ကာမအာရုံတွေကြားမှာ သတိ
သံဝေဂရဖို့ အင်မတန်ခဲယဉ်းလို့ ကုသိုလ်ကံအကျိုးပေး ကုန်ချိန်ရောက်ရင်
မူရင်းနေရပ် အပါယ်ကို ပြန်သွားရဖို့ ကျိန်းသေပါတယ်ဒါကြောင့်
သောတာပတ္တိမဂ်ကုသိုလ်သာ အပါယ်တံခါး ပိတ်နိုင်ကြောင်း သတိချပ်စေချင်ပါတယ်
..
အရှင်မုနိန္ဒ
ဖိုးသူတော် (www.phothutaw.com)
Credit: ဒက်ဒီ Ashin War Ya Ma Wpn
အပါယ္မက်တဲ့ အခ်က္ ( ၇ ) ခ်က္
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။