ယြန္းယြန္းက သရုပ္ေဆာင္နဲ႔ ပတ္သက္လုိ႔ လူႀကီးကာရုိက္တာနဲ႔ ပရိသတ္အေရွ႕ကုိ ေရာက္လာခြင့္မရေသးဘူးလုိ႔ဆုိပါတယ္။ ဒါေပမယ့္ သူမကုိယ္တုိင္ကလည္း ကေလးတစ္ေယာက္လုိသာ ေနခ်င္ေသးတယ္လုိ႔ဆုိပါတယ္။

ပရိသတ္အခ်စ္ေတာ္မေလး ယြန္းယြန္းက အႏုပညာနဲ႔ ပတ္သက္လာရင္ ပရိသတ္ေတြက ကေလးတစ္ေယာက္လုိသာ ျမင္ေနၾကတယ္လုိ႔ ဆုိပါတယ္။သူမကိုယ္တုိင္ကလည္း လူႀကီးကာရုိက္တာနဲ႔ အေကာင္းဆုံးျဖစ္ေအာင္ ႀကိဳးစားခြင့့္မရေသးဘူးလုိ႔ မီဒီယာအင္တာဗ်ဴးေတြကေနတဆင့္ေျပာျပလာပါတယ္။

‘’ကေလးလုိပဲ ျမင္ေနၾကတုန္းေပါ့ေနာ္။ ၿပီးေတာ့ ညီမမ်က္ႏွာက သိပ္အေျပာင္းအလဲမရွိဘူး။ အခုခ်ိန္ထိလည္း လူႀကီးကာရုိက္တာနဲ႔ ပီပီျပင္ျပင္တစ္ကားမွ မရုိက္ျပရေသးဘူးဆုိေတာ့ ညီမကုိ ကေလး သရုပ္ေဆာင္လုိ႔ပဲ ျမင္ၾကမွာေပါ့ေနာ္။ အဓိက ကေတာ့ ညီမအေပၚ စိတ္ဝင္တစားနဲ႔ ေစာင့္ၾကည့္ေပးေနတယ္ဆုိတာနဲ႔တင္ ေက်းဇူးတင္ပါတယ္’’ လုိ႔ B&F Fashion ပြဲမွာ ေျဖဆုိခဲ့တာပါ။



သူမကုိယ္တုိင္ကလည္း ကေလးတစ္ေယာက္လုိသာ ေနခ်င္ေသးတယ္လုိ႔ ရယ္ရယ္ေမာေမာနဲ႔ ေျပာျပလာပါတယ္။ ဒါေပမယ့္လည္း ဂ်ဴနီယာကေလးေတြက မမ လုိ႔ ေခၚတာကုိေတာ့ စိတ္ထဲ ဘဝင္မက်ပုံပါပဲ။

‘’ယြန္းက ကုိယ့္ဘာသာကုိယ္ေတာ့ ကေလးပဲ ထင္ေနတာေလ။ ကေလးလုိပဲ ေနလာတာကလည္း ေတာ္ေတာ္ၾကာၿပီဆုိေတာ့ အခုက်ေတာ့ ကုိယ့္ရဲ႕ ဂ်ဴနီယာေလးေတြနဲ႔ေတြ႔ရင္ မမယြန္း၊ မမယြန္းဆုိေတာ့ Feeling ႀကီးကေတာ့ တစ္မ်ဳိးပဲေပါ့ေနာ္။ ညီမကေတာ့ ကုိယ္ကေလးလုပ္ရတဲ့ ပတ္ဝန္းက်င္မွာေနတာ ႀကိဳက္ပါတယ္’’လုိ႔ သူကဆုိပါတယ္။

ယြန္းယြန္းဟာ ေမြးခ်င္းေမာင္ႏွမ မရွိတဲ့ တစ္ဦးတည္းေသာ သမီးေလးျဖစ္ပါတယ္။ ဒါေၾကာင့္လည္း မိဘေတြအေပၚ ကေလးလုိ ေနခဲ့တာျဖစ္ၿပီး ဆုံးမသြန္သင္မႈေတြကုိလည္း ခံယူခ်င္ပါေသးတယ္တဲ့။

‘’ အခုခ်ိန္ထိ ကေလးလုိမ်ဳိး လူႀကီးေတြ ဆုံးမတယ္၊ ခ်စ္ၿပီးေတာ့ ေနေနရတဲ့ ဘဝမွာ ေပ်ာ္ေနေသးတယ္။ ကုိယ္ကုိယ္တုိင္က ေက်ာင္းမၿပီးေသးလုိ႔လည္း ပါမယ္ထင္တယ္။ ေက်ာင္းၿပီးလုိ႔ လုပ္ငန္းခြင္ဝင္တဲ့အခါက်ရင္ေတာ့ ပုိၿပီး လူႀကီးျဖစ္လာမွာေပါ့’’ လုိ႔ ဆုိပါတယ္။

ယြန္းယြန္းဟာ ဗီဒီယိုဇာတ္ကားေပါင္း (၃၀၀) ေက်ာ္နဲ႕ ရုပ္ရွင္ဇာတ္ကား (၃၀)ေက်ာ္ ရိုက္ကူးခဲ့ရတဲ့ နာမည္ႀကီး ကေလး သရုပ္ေဆာင္တစ္ေယာက္ ျဖစ္ခဲ့ပါတယ္။ ငယ္စဥ္ကတည္းက က်ရာဇာတ္ရုပ္ေတြကို ပိုင္ႏိုင္စြာ သရုပ္ေဆာင္ႏိုင္တဲ့ သူမဟာ ၂၀၁၂ခုႏွစ္က “တိမ္မင္းသမီးရဲ႕ ဒ႑ရီ”ရုပ္ရွင္ဇာတ္ကားနဲ႕ အေကာင္းဆံုး ကေလးသရုပ္ေဆာင္ဆု(အထူးဆု) ကို ပိုင္ဆိုင္ခဲ့ပါတယ္။



၂၀၁၉ ခုႏွစ္ ဇန္နဝါရီ ၁၉ ရက္မွာအသက္ ၁၉ ႏွစ္ ျပည့္သြားတဲ့ ယြန္းယြန္းက “ေရႊမင္းသမီးနဲ႔ လူလိမ္” ဇာတ္လမ္းတြဲမွာ အဓိကအမ်ဳိးသမီးဇာတ္ေဆာင္အျဖစ္ပါဝင္ခဲ့ၿပီး ေနာက္ထပ္ ဇာတ္လမ္းတြဲေတြလည္း ႐ိုက္ကူးေနပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:duwun
# Unicode Version # ျဖင့္ ဖတ္ပါ #

ယွန်းယွန်းက သရုပ်ဆောင်နဲ့ ပတ်သက်လို့ လူကြီးကာရိုက်တာနဲ့ ပရိသတ်အရှေ့ကို ရောက်လာခွင့်မရသေးဘူးလို့ဆိုပါတယ်။ ဒါပေမယ့် သူမကိုယ်တိုင်ကလည်း ကလေးတစ်ယောက်လိုသာ နေချင်သေးတယ်လို့ဆိုပါတယ်။

ပရိသတ်အချစ်တော်မလေး ယွန်းယွန်းက အနုပညာနဲ့ ပတ်သက်လာရင် ပရိသတ်တွေက ကလေးတစ်ယောက်လိုသာ မြင်နေကြတယ်လို့ ဆိုပါတယ်။သူမကိုယ်တိုင်ကလည်း လူကြီးကာရိုက်တာနဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားခွင့်မရသေးဘူးလို့ မီဒီယာအင်တာဗျူးတွေကနေတဆင့်ပြောပြလာပါတယ်။

‘’ကလေးလိုပဲ မြင်နေကြတုန်းပေါ့နော်။ ပြီးတော့ ညီမမျက်နှာက သိပ်အပြောင်းအလဲမရှိဘူး။ အခုချိန်ထိလည်း လူကြီးကာရိုက်တာနဲ့ ပီပီပြင်ပြင်တစ်ကားမှ မရိုက်ပြရသေးဘူးဆိုတော့ ညီမကို ကလေး သရုပ်ဆောင်လို့ပဲ မြင်ကြမှာပေါ့နော်။ အဓိက ကတော့ ညီမအပေါ် စိတ်ဝင်တစားနဲ့ စောင့်ကြည့်ပေးနေတယ်ဆိုတာနဲ့တင် ကျေးဇူးတင်ပါတယ်’’ လို့ B&F Fashion ပွဲမှာ ဖြေဆိုခဲ့တာပါ။

သူမကိုယ်တိုင်ကလည်း ကလေးတစ်ယောက်လိုသာ နေချင်သေးတယ်လို့ ရယ်ရယ်မောမောနဲ့ ပြောပြလာပါတယ်။ ဒါပေမယ့်လည်း ဂျူနီယာကလေးတွေက မမ လို့ ခေါ်တာကိုတော့ စိတ်ထဲ ဘဝင်မကျပုံပါပဲ။

‘’ယွန်းက ကိုယ့်ဘာသာကိုယ်တော့ ကလေးပဲ ထင်နေတာလေ။ ကလေးလိုပဲ နေလာတာကလည်း တော်တော်ကြာပြီဆိုတော့ အခုကျတော့ ကိုယ့်ရဲ့ ဂျူနီယာလေးတွေနဲ့တွေ့ရင် မမယွန်း၊ မမယွန်းဆိုတော့ Feeling ကြီးကတော့ တစ်မျိုးပဲပေါ့နော်။ ညီမကတော့ ကိုယ်ကလေးလုပ်ရတဲ့ ပတ်ဝန်းကျင်မှာနေတာ ကြိုက်ပါတယ်’’လို့ သူကဆိုပါတယ်။

ယွန်းယွန်းဟာ မွေးချင်းမောင်နှမ မရှိတဲ့ တစ်ဦးတည်းသော သမီးလေးဖြစ်ပါတယ်။ ဒါကြောင့်လည်း မိဘတွေအပေါ် ကလေးလို နေခဲ့တာဖြစ်ပြီး ဆုံးမသွန်သင်မှုတွေကိုလည်း ခံယူချင်ပါသေးတယ်တဲ့။

‘’ အခုချိန်ထိ ကလေးလိုမျိုး လူကြီးတွေ ဆုံးမတယ်၊ ချစ်ပြီးတော့ နေနေရတဲ့ ဘဝမှာ ပျော်နေသေးတယ်။ ကိုယ်ကိုယ်တိုင်က ကျောင်းမပြီးသေးလို့လည်း ပါမယ်ထင်တယ်။ ကျောင်းပြီးလို့ လုပ်ငန်းခွင်ဝင်တဲ့အခါကျရင်တော့ ပိုပြီး လူကြီးဖြစ်လာမှာပေါ့’’ လို့ ဆိုပါတယ်။

ယွန်းယွန်းဟာ ဗီဒီယိုဇာတ်ကားပေါင်း (၃၀၀) ကျော်နဲ့ ရုပ်ရှင်ဇာတ်ကား (၃၀)ကျော် ရိုက်ကူးခဲ့ရတဲ့ နာမည်ကြီး ကလေး သရုပ်ဆောင်တစ်ယောက် ဖြစ်ခဲ့ပါတယ်။ ငယ်စဉ်ကတည်းက ကျရာဇာတ်ရုပ်တွေကို ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တဲ့ သူမဟာ ၂၀၁၂ခုနှစ်က “တိမ်မင်းသမီးရဲ့ ဒဏ္ဍရီ”ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး ကလေးသရုပ်ဆောင်ဆု(အထူးဆု) ကို ပိုင်ဆိုင်ခဲ့ပါတယ်။

၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၉ ရက်မှာအသက် ၁၉ နှစ် ပြည့်သွားတဲ့ ယွန်းယွန်းက “ရွှေမင်းသမီးနဲ့ လူလိမ်” ဇာတ်လမ်းတွဲမှာ အဓိကအမျိုးသမီးဇာတ်ဆောင်အဖြစ်ပါဝင်ခဲ့ပြီး နောက်ထပ် ဇာတ်လမ်းတွဲတွေလည်း ရိုက်ကူးနေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top