






Credit:marry
# Unicode Version # ဖြင့် ဖတ်ပါ #

မျက်လုံး မှိတ်ထားတယ် ဆိုတာကတော့ တစ်နေရာတည်းမှာပဲ အာရုံစိုက်လိုက်တဲ့ သဘောဖြစ်ပြီး အနမ်းလေးတွေရဲ့ ချိုမြိန်ခြင်းတွေကိုလည်း အကောင်းဆုံး ခံစားစေနိုင်ပါတယ်

အနမ်းဆိုတာကတော့ ချစ်ခြင်းတွေကို ဖော်ထုတ်တဲ့ အချိန်မှာ အလိုလို ဖြစ်ပေါ်လာတတ်တဲ့ အရာပဲ ဖြစ်ပါတယ်။ မြတ်နိုးခြင်းတွေကို ဖော်ပြတဲ့ အမှတ်အသား အနေနဲ့ ချစ်သူတွေ ဖြစ်စကနော စတင်ခဲ့တဲ့ အရာပါ။ ချစ်သူတွေကနေ မင်္ဂလာပွဲ ပြီးလို့ အိမ်ထောင်ရေးလေး ရယ်လို့ ဖြစ်လာတဲ့ အချိန်မှာတောင် ဒီအနမ်းလေးတွေအတွက်ကတော့ သိထားရမယ့် အရာလေးတွေ ရှိပါတယ်နော်။ ဘာတွေ ဖြစ်မလဲ ဆိုတာကို Marry ကနေ ဝေမျှပေးလိုက်ရပါတယ်။

နှုတ်ခမ်းသားလေးတွေ နူးညံ့နေပါစေ

ချိုမြန်တဲ့ အနမ်းလေးတွေက နှုတ်ခမ်းသားလေးတွေက စတင်ရတဲ့ အရာပဲ ဖြစ်ပါတယ်။ ဒီလို အနမ်းချိုချိုလေးတွေ ဖြစ်ဖို့ အတွက်ကတော့ နှုတ်ခမ်းသားလေးတွေ နူးညံ့နေမှ ဖြစ်မှာပါ။ နှုတ်ခမ်းချင်းနမ်းမယ် ဆိုရင် သိထားရမှာလေးတွေကိုလည်း ပြောပြထားပါတယ်နော်။ နူးညံ့နေတဲ့ နှုတ်ခမ်းသားလေးရဲ့ အထိအတွေ့ကတော့ ကြည်နူးစရာ ကောင်းလှမှာပဲ ဖြစ်ပါတယ်။

နှုတ်ခမ်းသားလေးတွေ နူးညံ့နေပါစေ
ခံတွင်းနံ့ ကင်းရှင်းနေပါစေ

ချစ်လို့ အကြင်နာ အနမ်းလေး ပေးတဲ့ အချိန်မှာ ခံတွင်းနံ့လေး ကင်းစင်နေပါစေနော်။ ချိုမြိန်တဲ့ အနမ်းလေး ဖြစ်စေဖို့ အတွက်ကတော့ ဒီအချက်လေးက အရေးကြီးပါတယ်။ အနည်းဆုံးကတော့ အနံ့ပြင်းတဲ့ အစားအသောက်တွေကို မစားထားပါနဲ့။ ပီကေတို့လိုမျိုး အရာလေးတွေကို ကြိုစားထားပေးဖို့တော့ လိုမယ်နော်။ ချစ်သူနှစ်ဦးကြားကအနမ်းဆိုတာကို သေချာ ထိထားရမှာပါ။
မျက်လုံးလေးတွေကို မှိတ်ထားပါ

မျက်လုံး မှိတ်ထားတယ် ဆိုတာကတော့ တစ်နေရာတည်းမှာပဲ အာရုံစိုက်လိုက်တဲ့ သဘောလို့ ဆိုနိုင်သလို အနမ်းလေးတွေရဲ့ ချိုမြိန်ခြင်းတွေကိုလည်း အကောင်းဆုံး ခံစားစေနိုင်ပါတယ်။ အကြင်နာ အနမ်းလေးတွေ ဖန်တီးတဲ့ အချိန်မှာ မျက်လုံးလေးတွေကို မှိတ်ထားပေးပါ။

ဖိုးသူတော် (www.phothutaw.com)
Credit:marry
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top