လူ ၁၃ ေယာက္ တင္ေဆာင္လာတဲ့ ပုဂၢလိက ေလယာဥ္တစီး အေမရိကန္ႏုိင္ငံ လတ္စ္ဗီးဂတ္စ္ၿမိဳ႕နဲ႔ မကၠဆီကိုေျမာက္ပိုင္းက မြန္ေတရီၿမိဳ႕ၾကားမွာ ပ်က္က်ခဲ့ၿပီး ရွင္သန္က်န္ရစ္သူ မရွိဘူးလို႔ မကၠဆီကိုႏုိင္ငံ ကြာေဟြလာျပည္နယ္ အာဏာပိုင္ေတြက ေမလ ၆ ရက္မွာ ေၾကညာခ်က္ထုတ္ျပန္ပါတယ္။

မကၠဆီကိုေျမာက္ပို္င္း အိုကမ္ပိုစည္ပင္ေဒသ ေဝးလံသီေခါင္ၿပီး ေတာင္ထူတဲ့ေနရာမွာ ေလယာဥ္ရဲ႕ အပ်က္အစီးေတြကို ေလေၾကာင္းေစာင့္ၾကည့္ေရး စနစ္ကေန ျမင္ရတယ္လို႔ ကြာေဟြလာျပည္နယ္ အစိုးရက ေၾကညာခ်က္ထဲမွာ ေဖာ္ျပပါတယ္။

မကၠဆီကို ေျမာက္ပိုင္းမွာ ေလယာဥ္ရပ္မသြားခင္ ပ်ံသန္းရာလမ္းတေလွ်ာက္ ေလေၾကာင္းခရီးစဥ္ေတြကို မွတ္တမ္းတင္တဲ့ Flightradar24.com အင္တာနက္ စာမ်က္ႏွာက ျပထားပါတယ္။

ေသဆံုးသူေတြက ဘယ္ႏိုင္ငံသားေတြဆိုတာ ခ်က္ခ်င္းမသိရေသးပါဘူး။

ကြာေဟြလာအာဏာပုိင္ေတြ ထုတ္ျပန္တဲ့ မ်ိဳး႐ုိးနာမည္ေတြအရ ေလယာဥ္ဝန္ထမ္း ၃ ေယာက္နဲ႔ ခရီးသည္ ၁၀ ေယာက္ကေတာ့ စပိန္နဲ႔ ေပၚတူဂီလူမ်ဳိး နာမည္ေတြ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:dvb
# Unicode Version # ျဖင့္ ဖတ္ပါ #


လူ ၁၃ ယောက် တင်ဆောင်လာတဲ့ ပုဂ္ဂလိက လေယာဉ်တစီး အမေရိကန်နိုင်ငံ လတ်စ်ဗီးဂတ်စ်မြို့နဲ့ မက္ကဆီကိုမြောက်ပိုင်းက မွန်တေရီမြို့ကြားမှာ ပျက်ကျခဲ့ပြီး ရှင်သန်ကျန်ရစ်သူ မရှိဘူးလို့ မက္ကဆီကိုနိုင်ငံ ကွာဟွေလာပြည်နယ် အာဏာပိုင်တွေက မေလ ၆ ရက်မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။

မက္ကဆီကိုမြောက်ပိုင်း အိုကမ်ပိုစည်ပင်ဒေသ ဝေးလံသီခေါင်ပြီး တောင်ထူတဲ့နေရာမှာ လေယာဉ်ရဲ့ အပျက်အစီးတွေကို လေကြောင်းစောင့်ကြည့်ရေး စနစ်ကနေ မြင်ရတယ်လို့ ကွာဟွေလာပြည်နယ် အစိုးရက ကြေညာချက်ထဲမှာ ဖော်ပြပါတယ်။

မက္ကဆီကို မြောက်ပိုင်းမှာ လေယာဉ်ရပ်မသွားခင် ပျံသန်းရာလမ်းတလျှောက် လေကြောင်းခရီးစဉ်တွေကို မှတ်တမ်းတင်တဲ့ Flightradar24.com အင်တာနက် စာမျက်နှာက ပြထားပါတယ်။

သေဆုံးသူတွေက ဘယ်နိုင်ငံသားတွေဆိုတာ ချက်ချင်းမသိရသေးပါဘူး။

ကွာဟွေလာအာဏာပိုင်တွေ ထုတ်ပြန်တဲ့ မျိုးရိုးနာမည်တွေအရ လေယာဉ်ဝန်ထမ်း ၃ ယောက်နဲ့ ခရီးသည် ၁၀ ယောက်ကတော့ စပိန်နဲ့ ပေါ်တူဂီလူမျိုး နာမည်တွေ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:dvb
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top