မႏၲေလးမွာ ေမလ ၁၈ ရက္ ေန႔ မနက္ ပိုင္းက ဓားကိုင္ၿပီးလမ္းသြားလမ္းလာေတြ ခုတ္ေနသူ တစ္ဦး ကိုရဲတပ္ ဖြဲ႕ကေသနတ္နဲ႔အေသပစ္ခတ္ဖမ္းဆီးလိုက္ သလို အဲဒီေန႔ ညမွာပဲဓားကိုလြယ္ကာဆိုင္ကယ္စီးလာသူတစ္ဦးကို ဖမ္းဆီးလိုက္ပါတယ္။

မႏၲေလးခ႐ိုင္အတြင္းမွာ ေမလ၅ရက္ကစၿပီး စီမံခ်က္နဲ႔ မႈခင္းက်ဆင္းေရး လုပ္ခဲ့တာေၾကာင့္ တပတ္အတြင္း တရားခံ ၂၂၅ ဦး ကို အေရးယူႏိုင္ခဲ့တယ္လို႔ မႏၲေလးရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ပါတယ္။

မႏၲေလးရဲတပ္ဖြဲ႕ထုတ္ျပန္တဲ့သတင္းေတြအရ ေမလ ၁၁ ရက္ေန႔ညတစ္ညတည္းမွာကို အုပ္စုဖြဲ႕ရမ္းကားတဲ့ဓားသမား ၁၀၀ ေက်ာ္ကို ဖမ္းဆီးႏိုင္ခဲ့တယ္လို႔မႏၲေလးၿမိဳ႕ခံ သတင္းေထာက္တစ္ဦးက ေျပာပါတယ္။

မႏၲေလးၿမိဳ႕ခံစာေရးဆရာလည္းျဖစ္ မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီဝင္ ဦးေက်ာ္ရင္ျမင့္ကေတာ့ ဓားကိုင္ ရမ္းကားမူေတြဟာ မူယစ္းေဆးနဲ႔ပက္သက္မူေတြရွိႏိုင္ တယ္လို႔ သုံးသပ္ပါတယ္ ။

မႏၲေလးက်ဳံး အေရွ႕ျခမ္းက ေသနတ္နဲ႔ ပစ္ဖမ္းရတဲ့ဓားသမားမႏၲေလးက်ဳံး အေရွ႕ျခမ္းက ေသနတ္နဲ႔ ပစ္ဖမ္းရတဲ့ဓားသမား ဟာ ေဆး႐ုံမွာ ေသဆုံးခဲ့ပါတယ္။ သူဟာ မနက္ ၄ နာရီေလာက္ မွာ (၆၆×၁၄)လမ္းေထာင့္မွာ ဓားကိုင္ ရမ္းကားေနတာပါ။

မႏၲေလးရဲတပ္ဖြဲ႕ထုတ္ျပန္တဲ့ သတင္းအရ သူဟာ ဓားနဲ႔ ျပန္လည္ရန္ျပဳတာေၾကာင့္ ေသနတ္နဲ႔ပစ္ ဖမ္းရတာလို႔ သိရပါတယ္၊ သူအိတ္ထဲက လားရႈိး-မႏၲေလး ရထားလက္မွတ္ တစ္ေစာင္ေတြ႕တယ္ လို႔ ရဲကေျပာပါတယ္၊ သူဘယ္ကလဲ ဆိုတာကိုေတာ့ မႏၲေလးရဲတပ္ဖြဲ႕ကအတည္ မျပဳေသးပါ ဘူး။

ၿပီးခဲ့တဲ့ ရက္ပိုင္းသမၼတ လြတ္ၿငိမ္း သက္သာနဲ႔ လႊတ္ေပးလိုက္တဲ့ အထဲမွာ မူယစ္းေဆးအမူ ေတြပါတာေၾကာင့္ ဒီလူေတြ မ်ားပါေန သလားဆိုတဲ့ ေဝဖန္ မူေတြ ရွိပါတယ္၊မႏၲေလးရဲတပ္ဖြဲ႕ ကို ဆက္ သြယ္ေမးျမန္းေပမဲ့ ဒါနဲ႔ပက္ သက္လို႔ အတည္ ျပဳေျပာဆိုတာမ်ိဳး မရွိပါဘူး။

“ေဆးေၾကာင္တဲ့ သူတို႔ ေနာက္တစ္ခါ ေဆးလိုလို႔ လိုက္ၿပီးလုတာ ေတြလည္းျဖစ္ႏိုင္တယ္၊အခုရက္ပိုင္း ရဲက မူးယစ္ေဆး ေရာင္းတဲ့ ေနရာေတြ ဖိဖိ စီးစီး ရွာေနတယ္ ရွင္းေနတယ္ ဒီေတာ့ အရင္လို မူးယစ္ေဆးက လြယ္လြယ္ ကူကူေပါေပါ မ်ားမ်ား မရ တဲ့ ျပသာနာ ရွိေတာ့ ဒါေတြနဲ႔ လည္းဆက္ စပ္ႏိုင္တယ္လို႔ “မႏၲေလးၿမိဳ႕ ခံစာေရးဆရာ ဦးေက်ာ္ရင္ ျမင့္က ေျပာပါတယ္ ။

ရဲတပ္ဖြဲ႕က ဓားသမား ကို အခု လို ေသနတ္နဲ႔ အေသပစ္ခတ္ ဖမ္းဆီးတာကို ေဝဖန္မူ အခ်ိဳ႕ရွိေပမဲ့ မႏၲေလးၿမိဳ႕ခံေတြက ေတာ့ ရဲတပ္ဖြဲ႕ကို ေထာက္ခံၾကတယ္လို႔ လည္း မႏၲေလးၿမိဳ႕ခံ ေတြကေျပာပါတယ္ ။

မႏၲေလးက မူးယစ္ေဆးဝါးသုံးတာေတြ ဘာေၾကာင့္မ်ား“တကယ္တမ္းေတာ့ မႏၲေလးက မူးယစ္ေဆးဝါး ထုတ္ေနတာ မဟုတ္ဘူး၊ မႏၲေလးကို ဘယ္လမ္းေၾကာင္းက ဝင္ၿပီးေတာ့ ဘယ္လမ္းေၾကာင္းက ထြက္ေနတယ္ ဆိုတာ သိေနေတာ့ အဓိက က ဝင္လာတဲ့ လမ္းေၾကာင္းမွာကိုက စနစ္တက် ပိုက္စိပ္တိုက္ စစ္ေဆးရင္ ဒီထက္ေတာ့ အမ်ားႀကီး ေလ်ာ့သြားမွာေပါ့ ” မႏၲေလး ၿမိဳ႕ လုံၿခဳံေရး စီမံခန႔္ခြဲ႕ေရးနဲ႔ စည္ပင္သာယာေရး ေကာ္မတီ ဥကၠ႒ ဦးျမင့္ေအာင္မိုးက ဘီဘီစီကို ေျပာပါတယ္။

မႏၲေလးမွာ လက္ရွိ အေျခအေနအရ အရင္ႏွစ္ေတြကထက္ မႈခင္းျဖစ္ပြားႏႈန္း ေလွ်ာ့နည္း က်ဆင္းေနၿပီး မူးယစ္ေဆးဝါး သုံးစြဲၿပီး က်ဴးလြန္တဲ့ အမႈေတြက ပိုမိုမ်ားျပားတာေၾကာင့္ မူးယစ္ေဆးဝါး ေရာင္းဝယ္တဲ့ လမ္းေၾကာင္းေတြကို ပိတ္ပင္ ေနတယ္ လို႔လည္း သူကေျပာက ပါတယ္ ။

“အရင္တုံးကဆို မႏၲေလး အေနာက္ေျမာက္ ဘက္ ဧရာဝတီျမစ္ေဘး ေရလည္ေခါင္မွာ ေဖာင္ဖြဲ႕ၿပီ းမူးယစ္ ေဆး သုံးတဲ့ေနရာေတြရွိတယ္ ပြဲေတာ္ႀကီးလိုပဲ၊အခုေတာ့ ရဲကရွင္းလိုက္ၿပီ ေဆးေတြလည္ ရွားေတာ့ ေဈးႀကီးလာပုံရတယ္ ဒါေၾကာင့္လုတာ ယက္တာေတြျဖစ္လာတာ ျဖစ္ႏိုင္တယ္ လို႔လည္း” မႏၲေလးၿမိဳ႕ ခံစာေရးဆရာ ဦးေက်ာ္ရင္ ျမင့္ကေျပာပါတယ္ ။

ဓားသမားေတြဘယ္ေနရာေတြကထြက္လာၾက တာလဲဒီရက္ပိုင္း ေမလ၁၈ ရက္ ေန႔ ဓားသမားေတြ ထြက္လာတာ ကေတာ့ က်ဳံးအေရွ႕ဘက္ျခမ္းက ျဖစ္တယ္ လို႔ မႏၲေလးၿမိဳ႕ေတြဆီကေန သိရပါတယ္ ။ ၿပီးခဲ့ တဲ့ ဧၿပီလ၂၉ ရက္ညပိုင္းကေတာ့ ၇၃ လမ္းမွာ ကားတစ္စီးနဲ႔ ဆိုင္ကယ္စီးေနသူေတြကို ဓားျဖင့္လိုက္ခုတ္တဲ့ ျဖစ္စဥ္လည္း ျဖစ္ပြားခဲ့ပါတယ္ ။

ေမလ ၄ ရက္ ညပိုင္းအခ်ိန္ က်ဳံးအေရွ႕ဘက္ ၆၆ လမ္း၊ ၁၈ လမ္းႏွင့္ ၁၉ လမ္းၾကား၊ ဆိုင္ကယ္စီးေနတဲ့ လူသုံးဦးကို ည ၉ နာရီေလာက္မွာ ဆိုင္ကယ္သုံးစီး၊ လူရွစ္ဦးပါ အုပ္စုေတြ က ရဲတင္းနဲ႔ခုတ္ပီးထိုးႀကိတ္မႈေတြလည္း ျဖစ္ေပၚ ခဲ့ပါတယ္။ ဒီ အျဖစ္ပ်က္ေတြ စမတ္စီးတီးလို႔သတ္မွတ္ခံရတဲ့ မႏၲေလးမွာအ႐ုပ္ဆိုးအက်ည္းတန္ေစတဲ့ ျဖစ္ရပ္ေတြျဖစ္ပါတယ္။

ဒါေၾကာင့္ ညဘက္ အျပင္ထြက္ ရင္ ဆိုင္ကယ္ လုတာေတြ ဖုန္းလုေျပးတာေတြ ရွိေသးတာေၾကာင့္ ၿမိဳ႕ခံေတြ အေနနဲ႔ သတိထား ေနရတယ္လို႔ မႏၲေလးၿမိဳ ခံ တစ္ဦးကေျပာပါတယ္။

ဒီလို သတင္းေတြထြက္ ေပမဲ့ မႏၲေလးၿမိဳမွာ မူခင္းျဖစ္စဥ္ေတြ ဟာ အျခားၿမိဳ႕ေတြ ထက္ ပိုၿပီး ထူးျခားၿပီးမ်ားလာတာ မဟုတ္ဘူးလို႔လည္း ဦးေက်ာ္ရင္ ျမင့္ကေျပာပါတယ္။

“မႏၲေလး ကက်ီးလန႔္စာစား အေနထားေတာ့ မဟုတ္ပါ ဘူး ေန ႐ိုးေနစဥ္ သြား႐ိုးသြားစဥ္ ပါပဲ လို႔ “ဦးေက်ာ္ရင္ ျမင့္ကေျပာပါတယ္။

ဘာေတြ ဆက္ ျဖစ္ႏိုင္လဲလက္ရွိအခ်ိန္မွာေတာ့ မႏၲေလး ကို အသစ္ေျပာင္း လာတဲ့ တိုင္းေဒသႀကီး ရဲတပ္ဖြဲ႕မႉးက ဓားသမားေတြကို ေဖာ္ထုတ္ ဖမ္းဆီးေနတာျဖစ္ပါတယ္ ။ ဓားသမားေတြကို အခုလို အမ်ားျပားဖမ္းဆီးမိတာ ဟာ ပို အလုပ္လုပ္လို႔ျဖစ္တယ္ ပိုဆိုးလာ လို႔ မဟုတ္ပါ ဘူးလို႔လည္း ဦးေက်ာ္ရင္ ျမင့္ကေျပာပါတယ္။

အစိုးရက လည္းမူးယစ္ေဆးေရာင္းဝယ္တာေတြနဲ႔ ဆက္စပ္တဲ့ က်ဳးကိစၥ ေတြကို လည္း ေန႔စဥ္ ရွင္းေနေတာ့ မူးယစ္ေဆး စြဲေန သူေတြ ဟာ ပိုၿပီး ကေယာင္ကတန္းျဖစ္ လာပုံရ တယ္ လို႔လည္း သူကေျပာပါတယ္။

ရဲတပ္ဖြဲ႕က အခုလို ဖမ္းဆီးမူေတြဟာ အသက္ စြန႔္ၿပီး ဖမ္းရတာျဖစ္လို႔ဆက္အေရးယူရမယ့္ တရားေရးအပိုင္းအပါဝင္ က်န္ တဲ့ သူေတြက ပူးေပါင္းပါဝင္ ဖို႔လိုတယ္ လို႔လည္း မႏၲေလးၿမိဳ ခံေတြ က ေျပာၾကပါတယ္ ။

ရဲတပ္ဖြဲ႕က အခုလို ႀကိဳးစားပမ္းစား ဖမ္းဆီးမူေတြ ဟာ ေနာက္ ပိုင္းမွာ အာမခံေတြေပးၿပီးျပန္ လႊတ္ေပး ေထာင္ ထဲေရာက္ လည္းခဏေန ျပန္ လြတ္ လာတယ္ ဆိုရင္ေတာ့ ရဲတပ္ဖြဲ႕ကလည္းႀကိဳးစားရက်ိဳးမနပ္ သလို အေျခေန ကလည္း ပိုဆိုးလာ ႏိုင္တယ္ လို႔ လည္း ဦးေက်ာ္ရင္ ျမင့္ကေျပာပါတယ္။

“ရဲက ဖမ္းေပးတာကို က်န္တဲ့ တရားေရးအပါဝင္ သက္ဆိုင္ရာက အေရးယူနိင္ရင္ တက္ညီလက္ညီႀကိဳးစားၿပီးလုပ္ရင္ ဒီလိုဆိုးသြမ္းတဲ့ လူဆိုတာ သိပ္မ်ားမ်ား မရွိႏိုင္ပါ ဘူး ေလ်ာ့ပါး သြားမွာပါ “လို႔ မႏၲေလးၿမိဳ႕ ခံစာေရးဆရာလည္းျဖစ္ မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီဝင္ ဦးေက်ာ္ရင္ျမင့္ကေျပာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ဘီဘီစီ

#Unicode Version# ျဖင့္ဖတ္ပါ ။

မန္တလေးမှာ မေလ ၁၈ ရက် နေ့ မနက် ပိုင်းက ဓားကိုင်ပြီးလမ်းသွားလမ်းလာတွေ ခုတ်နေသူ တစ်ဦး ကိုရဲတပ် ဖွဲ့ကသေနတ်နဲ့အသေပစ်ခတ်ဖမ်းဆီးလိုက် သလို အဲဒီနေ့ ညမှာပဲဓားကိုလွယ်ကာဆိုင်ကယ်စီးလာသူတစ်ဦးကို ဖမ်းဆီးလိုက်ပါတယ်။

မန္တလေးခရိုင်အတွင်းမှာ မေလ၅ရက်ကစပြီး စီမံချက်နဲ့ မှုခင်းကျဆင်းရေး လုပ်ခဲ့တာကြောင့် တပတ်အတွင်း တရားခံ ၂၂၅ ဦး ကို အရေးယူနိုင်ခဲ့တယ်လို့ မန္တလေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

မန္တလေးရဲတပ်ဖွဲ့ထုတ်ပြန်တဲ့သတင်းတွေအရ မေလ ၁၁ ရက်နေ့ညတစ်ညတည်းမှာကို အုပ်စုဖွဲ့ရမ်းကားတဲ့ဓားသမား ၁၀၀ ကျော်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့မန္တလေးမြို့ခံ သတင်းထောက်တစ်ဦးက ပြောပါတယ်။

မန္တလေးမြို့ခံစာရေးဆရာလည်းဖြစ် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ရင်မြင့်ကတော့ ဓားကိုင် ရမ်းကားမူတွေဟာ မူယစ်းဆေးနဲ့ပက်သက်မူတွေရှိနိုင် တယ်လို့ သုံးသပ်ပါတယ် ။

မန္တလေးကျုံး အရှေ့ခြမ်းက သေနတ်နဲ့ ပစ်ဖမ်းရတဲ့ဓားသမားမန္တလေးကျုံး အရှေ့ခြမ်းက သေနတ်နဲ့ ပစ်ဖမ်းရတဲ့ဓားသမား ဟာ ဆေးရုံမှာ သေဆုံးခဲ့ပါတယ်။ သူဟာ မနက် ၄ နာရီလောက် မှာ (၆၆×၁၄)လမ်းထောင့်မှာ ဓားကိုင် ရမ်းကားနေတာပါ။

မန္တလေးရဲတပ်ဖွဲ့ထုတ်ပြန်တဲ့ သတင်းအရ သူဟာ ဓားနဲ့ ပြန်လည်ရန်ပြုတာကြောင့် သေနတ်နဲ့ပစ် ဖမ်းရတာလို့ သိရပါတယ်၊ သူအိတ်ထဲက လားရှိုး-မန္တလေး ရထားလက်မှတ် တစ်စောင်တွေ့တယ် လို့ ရဲကပြောပါတယ်၊ သူဘယ်ကလဲ ဆိုတာကိုတော့ မန္တလေးရဲတပ်ဖွဲ့ကအတည် မပြုသေးပါ ဘူး။

ပြီးခဲ့တဲ့ ရက်ပိုင်းသမ္မတ လွတ်ငြိမ်း သက်သာနဲ့ လွှတ်ပေးလိုက်တဲ့ အထဲမှာ မူယစ်းဆေးအမူ တွေပါတာကြောင့် ဒီလူတွေ များပါနေ သလားဆိုတဲ့ ဝေဖန် မူတွေ ရှိပါတယ်၊မန္တလေးရဲတပ်ဖွဲ့ ကို ဆက် သွယ်မေးမြန်းပေမဲ့ ဒါနဲ့ပက် သက်လို့ အတည် ပြုပြောဆိုတာမျိုး မရှိပါဘူး။

“ဆေးကြောင်တဲ့ သူတို့ နောက်တစ်ခါ ဆေးလိုလို့ လိုက်ပြီးလုတာ တွေလည်းဖြစ်နိုင်တယ်၊အခုရက်ပိုင်း ရဲက မူးယစ်ဆေး ရောင်းတဲ့ နေရာတွေ ဖိဖိ စီးစီး ရှာနေတယ် ရှင်းနေတယ် ဒီတော့ အရင်လို မူးယစ်ဆေးက လွယ်လွယ် ကူကူပေါပေါ များများ မရ တဲ့ ပြသာနာ ရှိတော့ ဒါတွေနဲ့ လည်းဆက် စပ်နိုင်တယ်လို့ “မန္တလေးမြို့ ခံစာရေးဆရာ ဦးကျော်ရင် မြင့်က ပြောပါတယ် ။

ရဲတပ်ဖွဲ့က ဓားသမား ကို အခု လို သေနတ်နဲ့ အသေပစ်ခတ် ဖမ်းဆီးတာကို ဝေဖန်မူ အချို့ရှိပေမဲ့ မန္တလေးမြို့ခံတွေက တော့ ရဲတပ်ဖွဲ့ကို ထောက်ခံကြတယ်လို့ လည်း မန္တလေးမြို့ခံ တွေကပြောပါတယ် ။

မန္တလေးက မူးယစ်ဆေးဝါးသုံးတာတွေ ဘာကြောင့်များ“တကယ်တမ်းတော့ မန္တလေးက မူးယစ်ဆေးဝါး ထုတ်နေတာ မဟုတ်ဘူး၊ မန္တလေးကို ဘယ်လမ်းကြောင်းက ဝင်ပြီးတော့ ဘယ်လမ်းကြောင်းက ထွက်နေတယ် ဆိုတာ သိနေတော့ အဓိက က ဝင်လာတဲ့ လမ်းကြောင်းမှာကိုက စနစ်တကျ ပိုက်စိပ်တိုက် စစ်ဆေးရင် ဒီထက်တော့ အများကြီး လျော့သွားမှာပေါ့ ” မန္တလေး မြို့ လုံခြုံရေး စီမံခန့်ခွဲ့ရေးနဲ့ စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးမြင့်အောင်မိုးက ဘီဘီစီကို ပြောပါတယ်။

မန္တလေးမှာ လက်ရှိ အခြေအနေအရ အရင်နှစ်တွေကထက် မှုခင်းဖြစ်ပွားနှုန်း လျှော့နည်း ကျဆင်းနေပြီး မူးယစ်ဆေးဝါး သုံးစွဲပြီး ကျူးလွန်တဲ့ အမှုတွေက ပိုမိုများပြားတာကြောင့် မူးယစ်ဆေးဝါး ရောင်းဝယ်တဲ့ လမ်းကြောင်းတွေကို ပိတ်ပင် နေတယ် လို့လည်း သူကပြောက ပါတယ် ။

“အရင်တုံးကဆို မန္တလေး အနောက်မြောက် ဘက် ဧရာဝတီမြစ်ဘေး ရေလည်ခေါင်မှာ ဖောင်ဖွဲ့ပြီ းမူးယစ် ဆေး သုံးတဲ့နေရာတွေရှိတယ် ပွဲတော်ကြီးလိုပဲ၊အခုတော့ ရဲကရှင်းလိုက်ပြီ ဆေးတွေလည် ရှားတော့ ဈေးကြီးလာပုံရတယ် ဒါကြောင့်လုတာ ယက်တာတွေဖြစ်လာတာ ဖြစ်နိုင်တယ် လို့လည်း” မန္တလေးမြို့ ခံစာရေးဆရာ ဦးကျော်ရင် မြင့်ကပြောပါတယ် ။

ဓားသမားတွေဘယ်နေရာတွေကထွက်လာကြ တာလဲဒီရက်ပိုင်း မေလ၁၈ ရက် နေ့ ဓားသမားတွေ ထွက်လာတာ ကတော့ ကျုံးအရှေ့ဘက်ခြမ်းက ဖြစ်တယ် လို့ မန္တလေးမြို့တွေဆီကနေ သိရပါတယ် ။ ပြီးခဲ့ တဲ့ ဧပြီလ၂၉ ရက်ညပိုင်းကတော့ ၇၃ လမ်းမှာ ကားတစ်စီးနဲ့ ဆိုင်ကယ်စီးနေသူတွေကို ဓားဖြင့်လိုက်ခုတ်တဲ့ ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါတယ် ။

မေလ ၄ ရက် ညပိုင်းအချိန် ကျုံးအရှေ့ဘက် ၆၆ လမ်း၊ ၁၈ လမ်းနှင့် ၁၉ လမ်းကြား၊ ဆိုင်ကယ်စီးနေတဲ့ လူသုံးဦးကို ည ၉ နာရီလောက်မှာ ဆိုင်ကယ်သုံးစီး၊ လူရှစ်ဦးပါ အုပ်စုတွေ က ရဲတင်းနဲ့ခုတ်ပီးထိုးကြိတ်မှုတွေလည်း ဖြစ်ပေါ် ခဲ့ပါတယ်။ ဒီ အဖြစ်ပျက်တွေ စမတ်စီးတီးလို့သတ်မှတ်ခံရတဲ့ မန္တလေးမှာအရုပ်ဆိုးအကျည်းတန်စေတဲ့ ဖြစ်ရပ်တွေဖြစ်ပါတယ်။

ဒါကြောင့် ညဘက် အပြင်ထွက် ရင် ဆိုင်ကယ် လုတာတွေ ဖုန်းလုပြေးတာတွေ ရှိသေးတာကြောင့် မြို့ခံတွေ အနေနဲ့ သတိထား နေရတယ်လို့ မန္တလေးမြို ခံ တစ်ဦးကပြောပါတယ်။

ဒီလို သတင်းတွေထွက် ပေမဲ့ မန္တလေးမြိုမှာ မူခင်းဖြစ်စဉ်တွေ ဟာ အခြားမြို့တွေ ထက် ပိုပြီး ထူးခြားပြီးများလာတာ မဟုတ်ဘူးလို့လည်း ဦးကျော်ရင် မြင့်ကပြောပါတယ်။

“မန္တလေး ကကျီးလန့်စာစား အနေထားတော့ မဟုတ်ပါ ဘူး နေ ရိုးနေစဉ် သွားရိုးသွားစဉ် ပါပဲ လို့ “ဦးကျော်ရင် မြင့်ကပြောပါတယ်။

ဘာတွေ ဆက် ဖြစ်နိုင်လဲလက်ရှိအချိန်မှာတော့ မန္တလေး ကို အသစ်ပြောင်း လာတဲ့ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက ဓားသမားတွေကို ဖော်ထုတ် ဖမ်းဆီးနေတာဖြစ်ပါတယ် ။ ဓားသမားတွေကို အခုလို အများပြားဖမ်းဆီးမိတာ ဟာ ပို အလုပ်လုပ်လို့ဖြစ်တယ် ပိုဆိုးလာ လို့ မဟုတ်ပါ ဘူးလို့လည်း ဦးကျော်ရင် မြင့်ကပြောပါတယ်။

အစိုးရက လည်းမူးယစ်ဆေးရောင်းဝယ်တာတွေနဲ့ ဆက်စပ်တဲ့ ကျုးကိစ္စ တွေကို လည်း နေ့စဉ် ရှင်းနေတော့ မူးယစ်ဆေး စွဲနေ သူတွေ ဟာ ပိုပြီး ကယောင်ကတန်းဖြစ် လာပုံရ တယ် လို့လည်း သူကပြောပါတယ်။

ရဲတပ်ဖွဲ့က အခုလို ဖမ်းဆီးမူတွေဟာ အသက် စွန့်ပြီး ဖမ်းရတာဖြစ်လို့ဆက်အရေးယူရမယ့် တရားရေးအပိုင်းအပါဝင် ကျန် တဲ့ သူတွေက ပူးပေါင်းပါဝင် ဖို့လိုတယ် လို့လည်း မန္တလေးမြို ခံတွေ က ပြောကြပါတယ် ။

ရဲတပ်ဖွဲ့က အခုလို ကြိုးစားပမ်းစား ဖမ်းဆီးမူတွေ ဟာ နောက် ပိုင်းမှာ အာမခံတွေပေးပြီးပြန် လွှတ်ပေး ထောင် ထဲရောက် လည်းခဏနေ ပြန် လွတ် လာတယ် ဆိုရင်တော့ ရဲတပ်ဖွဲ့ကလည်းကြိုးစားရကျိုးမနပ် သလို အခြေနေ ကလည်း ပိုဆိုးလာ နိုင်တယ် လို့ လည်း ဦးကျော်ရင် မြင့်ကပြောပါတယ်။

“ရဲက ဖမ်းပေးတာကို ကျန်တဲ့ တရားရေးအပါဝင် သက်ဆိုင်ရာက အရေးယူနိင်ရင် တက်ညီလက်ညီကြိုးစားပြီးလုပ်ရင် ဒီလိုဆိုးသွမ်းတဲ့ လူဆိုတာ သိပ်များများ မရှိနိုင်ပါ ဘူး လျော့ပါး သွားမှာပါ “လို့ မန္တလေးမြို့ ခံစာရေးဆရာလည်းဖြစ် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ရင်မြင့်ကပြောပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:ဘီဘီစီ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top