ကခ်င္ျပည္နယ္၊ ဝိုင္းေမာ္ၿမိဳ႕နယ္တြင္ ခြင့္ျပဳခ်က္မရွိဘဲ ေစ်းဆိုင္မ်ားလာေရာက္ဖြင့္လွစ္ေရာင္းခ်ေနသည့္ တ႐ုတ္နိုင္ငံသား ၅ ဦး အား လ၀က အက္ဥပေဒျဖင့္ အမႈဖြင့္ထားသည္။

ယမန္ေန႔(ေမ ၇ရက္)နံနက္ပိုင္းက ဝိုင္းေမာ္ၿမိဳ႕နယ္ လဝကဦးစီးဌာနမွ ဒုလဝကမႉး ဦးစီးေသာအဖြဲ႕သည္ ဝိုင္းေမာ္ၿမိဳ႕ (၄)ရပ္ကြက္၌ ေရွာင္တခင္ဝင္ေရာက္ စစ္ေဆးရာ တ႐ုတ္နိုင္ငံ ဖူက်င္ျပည္နယ္ က်န္းစန္႔ရြာေနက်န္းဖုက်ဳံး(၄၅)ႏွစ္ပါ တ႐ုတ္နိုင္ငံသား ၅ ဦး (က်ား ၄၊ မ ၁)သည္ ျမန္မာနိုင္ငံအတြင္းသို႔ တရားဝင္ ဝင္ေရာက္ခဲ့ေသာ္လည္း ခြင့္ျပဳခ်က္ မရွိဘဲ ေျမဆီဆိုင္၊ ေရပိုက္ဆိုင္ႏွင့္ စက္ပစၥည္းဆိုင္မ်ား ဖြင့္လွစ္ေရာင္းခ်လုပ္ကိုင္ေနေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့သျဖင့္ အေရးယူေပးပါရန္ တိုင္တန္းခ်က္အရ က်န္းဖုက်ဳံးပါ ၅ ဦးအား ဝိုင္းေမာ္ၿမိဳ႕မရဲ စခန္း(ပ)၈၁/၂၀၁၉၊ လဝကအက္ဥပေဒပုဒ္မ ၁၃(၁)ျဖင့္ အမႈဖြင့္ စစ္ေဆးလ်က္ရွိေၾကာင္း ျမန္မာႏိုုင္ငံရဲတပ္ဖြဲ႔မွ သတင္းထုုတ္ျပန္ထားသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit: ျမန္မာႏိုု္င္ငံရဲတပ္ဖြဲ႔

#Unicode Version#
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် ခွင့်ပြုချက်မရှိဘဲ ဈေးဆိုင်များလာရောက်ဖွင့်လှစ်ရောင်းချနေသည့် တရုတ်နိုင်ငံသား ၅ ဦး အား လဝက အက်ဥပဒေဖြင့် အမှုဖွင့်ထားသည်။

ယမန်နေ့(မေ ၇ရက်)နံနက်ပိုင်းက ဝိုင်းမော်မြို့နယ် လဝကဦးစီးဌာနမှ ဒုလဝကမှူး ဦးစီးသောအဖွဲ့သည် ဝိုင်းမော်မြို့ (၄)ရပ်ကွက်၌ ရှောင်တခင်ဝင်ရောက် စစ်ဆေးရာ တရုတ်နိုင်ငံ ဖူကျင်ပြည်နယ် ကျန်းစန့်ရွာနေကျန်းဖုကျုံး(၄၅)နှစ်ပါ တရုတ်နိုင်ငံသား ၅ ဦး (ကျား ၄၊ မ ၁)သည် မြန်မာနိုင်ငံအတွင်းသို့ တရားဝင် ဝင်ရောက်ခဲ့သော်လည်း ခွင့်ပြုချက် မရှိဘဲ မြေဆီဆိုင်၊ ရေပိုက်ဆိုင်နှင့် စက်ပစ္စည်းဆိုင်များ ဖွင့်လှစ်ရောင်းချလုပ်ကိုင်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့် အရေးယူပေးပါရန် တိုင်တန်းချက်အရ ကျန်းဖုကျုံးပါ ၅ ဦးအား ဝိုင်းမော်မြို့မရဲ စခန်း(ပ)၈၁/၂၀၁၉၊ လဝကအက်ဥပဒေပုဒ်မ ၁၃(၁)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။


ဖိုးသူတော်(www.phothutaw.com)
Credit: မြန်မာနိုင်ငံရဲတပ်ဖွဲ့
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top