လႈိင္သာယာျမိဳ႕နယ္ အမွတ္(၁၃)ရပ္ကြက္ ၌ တစ္ေဆာင္တည္းေနသူ မွ သားမယားျပဳက်င့္ရန္ ျကံစည္မႈျဖစ္ပြားခဲ႕ေျကာင္း သတင္းရရွိသည္။

၁၈- ၅ -၂၀၁၉ ရက္ေန႔ ညေန(၃)နာရီအခ်ိန္ခန္႔႔က ရန္ကုန္တုိင္းေဒသျကီး ေျမာက္ပုိင္းခရုိင္ လႈိင္သာယာျမိဳ႕နယ္ အမွတ္(၁၃)ရပ္ကြက္ ရန္ျကီးေအာင္လမ္း ရွိ (——–)အဆာင္တြင္ေနထုိင္သူ မ————မွာ အေဆာင္ေရွ(၁၀)ေပခန္႔အကြာရွိအုတ္ကန္ ၌ အဝတ္အစားမ်ားေလ်ွာ္ေနစဥ္

၎အေဆာင္ ေအာက္ထပ္ေန ေအာင္ထြန္းေလး(၂၉)ႏွစ္ တစ္ဆာင္တည္းေနသူ ေရာက္ရွိလာျပီး တရားလုိ မ———အား “ငါအေရးျကီးကိစၥရွိလုိ႔ အခန္းထဲလုိက္ခဲ႕အုံး” ဟု ေခၚသျဖင့္ လုိက္သြားခဲ႔ရာ

အခန္းထဲအေရာက္တြင္ ေအာင္ထြန္းေလး မွ အခန္းတံခါးအားဆဲြပိတ္လုိက္ျပီး “ငါေခါင္းမူးလုိ႔ နင့္ရဲ႕ကာမကုိယူခ်င္တယ္” ဟုေျပာကာ မ——–အားျကမ္းျပင္ေပၚသုိ႔တြန္းလွဲျပီး အလုိမတူပဲ တက္ခြ၍ ပါးစပ္အားနမ္းျပီးေနာက္

မ———–၏ အတြင္းခံေဘာင္းဘီအား ဆဲြခ်ြတ္ခဲ႕ျခင္းမရွိပဲ အျပာေရာင္ ပန္းပုံပါေဘာင္းဘီရွည္အား ဒူးေခါင္းနားအထိဆဲြခ်ြတ္ကာ အေပၚမွေန၍ ၎၏တန္ဆာျဖင့္ထုိးခဲ႔ရာ မ————-မွာ ထုိသုိ႔မလုပ္ရန္ေျပာဆုိရုန္းကန္ကာ အခန္းတံခါးအား ဖြင့္ျပီးထြက္ေျပးခဲ႕ရ သျဖင့္ ေအာင္ထြန္းေလးအား ဥပေဒအရအေရးယူေပးပါရန္ ေသာင္ျကီးနယ္ေျမရဲစခန္းသုိ႔ တုိင္တန္းခဲ႕ေျကာင္း သတင္းရရွိသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ အလုိမတူပဲ သားမယားျပဳက်င့္ရန္ျကံစည္သူ ေအာင္ထြန္းေလး အား ၁၉- ၅ -၂၀၁၉ ရက္ေန႔၌ ဖမ္းဆီး ၍ ေသာင္ျကီးနယ္ေျမရဲစခန္းမွ (ပ) ၁၄၉၆ /၂၀၁၉ ရာဇသတ္ျကီးပုဒ္မ ၃၇၆/၅၁၁ ျဖင့္ အမႈဖြင့္အေရးယူ ေဆာင္ရြက္လ်ွက္ရွိေျကာင္း သတင္းရရွိသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:ညီညီ-လႈိင္သာယာ

#Unicode Version#
လှိုင်သာယာမြို့နယ် အမှတ်(၁၃)ရပ်ကွက် ၌ တစ်ဆောင်တည်းနေသူ မှ သားမယားပြုကျင့်ရန် ကြံစည်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

၁၈- ၅ -၂၀၁၉ ရက်နေ့ ညနေ(၃)နာရီအချိန်ခန့့်က ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ် အမှတ်(၁၃)ရပ်ကွက် ရန်ကြီးအောင်လမ်း ရှိ (——–)အဆာင်တွင်နေထိုင်သူ မ————မှာ အဆောင်ရှေ(၁၀)ပေခန့်အကွာရှိအုတ်ကန် ၌ အဝတ်အစားများလျှော်နေစဉ်

၎င်းအဆောင် အောက်ထပ်နေ အောင်ထွန်းလေး(၂၉)နှစ် တစ်ဆာင်တည်းနေသူ ရောက်ရှိလာပြီး တရားလို မ———အား “ငါအရေးကြီးကိစ္စရှိလို့ အခန်းထဲလိုက်ခဲ့အုံး” ဟု ခေါ်သဖြင့် လိုက်သွားခဲ့ရာ

အခန်းထဲအရောက်တွင် အောင်ထွန်းလေး မှ အခန်းတံခါးအားဆွဲပိတ်လိုက်ပြီး “ငါခေါင်းမူးလို့ နင့်ရဲ့ကာမကိုယူချင်တယ်” ဟုပြောကာ မ——–အားကြမ်းပြင်ပေါ်သို့တွန်းလှဲပြီး အလိုမတူပဲ တက်ခွ၍ ပါးစပ်အားနမ်းပြီးနောက်

မ———–၏ အတွင်းခံဘောင်းဘီအား ဆွဲချွတ်ခဲ့ခြင်းမရှိပဲ အပြာရောင် ပန်းပုံပါဘောင်းဘီရှည်အား ဒူးခေါင်းနားအထိဆွဲချွတ်ကာ အပေါ်မှနေ၍ ၎င်း၏တန်ဆာဖြင့်ထိုးခဲ့ရာ မ————-မှာ ထိုသို့မလုပ်ရန်ပြောဆိုရုန်းကန်ကာ အခန်းတံခါးအား ဖွင့်ပြီးထွက်ပြေးခဲ့ရ သဖြင့် အောင်ထွန်းလေးအား ဥပဒေအရအရေးယူပေးပါရန် သောင်ကြီးနယ်မြေရဲစခန်းသို့ တိုင်တန်းခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အလိုမတူပဲ သားမယားပြုကျင့်ရန်ကြံစည်သူ အောင်ထွန်းလေး အား ၁၉- ၅ -၂၀၁၉ ရက်နေ့၌ ဖမ်းဆီး ၍ သောင်ကြီးနယ်မြေရဲစခန်းမှ (ပ) ၁၄၉၆ /၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၁၁ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

ဖိုးသူတော်(www.phothutaw.com)
Credit:ညီညီ-လှိုင်သာယာ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top