မေကြးတိုင္းေဒသၾကီး မင္းဘူးၿမိဳ႕နယ္ မင္းဘူး-အမ္း ကားလမ္းမေပၚတြင္ ခရီးသည္မ်ားတင္ေဆာင္လာသည့္ ဂဏန္းကား (၆) ဘီးကုန္တင္ယာဥ္ တစ္စီး လမ္းေဘးမွ ထေနာင္းပင္အား ၀င္တိုက္မိ၍ လူသုံးဦး ပြဲခ်င္းၿပီး ေသဆုံးခဲ့ပါသည္။

ေမလ ၁၆ ရက္ေန႔ နံနက္ ၇ နာရီ အခ်ိန္ခန္႔က မင္းဘူး-အမ္းလမ္း မိုင္တိုင္ ၈/၂ အနီးရွိ ဆင္ေဂါင္းေက်းရြာႏွင့္ ဇီးအိုင္ေက်းရြာတို႔ အၾကားတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။ ယဥ္အမွတ္ 5h/6475၊ UD COUNTER အမ်ဳိးအစားကားကိုေမာင္းႏွင္လာသူ ေအာင္မင္းသူဆုိသူမွာ ယခုအခါ ထြက္ေျပးတိမ္းေရွာင္ေနေၾကာင္း သိရသည္။

ယာဥ္တုိက္မႈေၾကာင့္ ယာဥ္ေပၚတြင္လုိက္ပါလာသည့္ အမ္းျမိဳ႕နယ္၊ တပ္ေတာင္ျမိဳ႕ အမွတ္(၂) ရပ္ကြက္ေန ဦးေမာင္လွေအး (၃၅) ႏွစ္၊ မခင္ျမင့္၀င္း (၃၅) ႏွစ္ႏွင့္ ေမာင္စိုး၀င္းသန္းတုိ႔မွာ ထိခိုက္ေပါက္ျပဲ ဒဏ္ရာမ်ားျဖင့္ အခင္းျဖစ္ေနရာ၌ပင္ ေသဆုံးခဲ့ၾကရသည္။

အျခားထိခိုက္ဒါဏ္ရာရခဲ့သူမ်ားျဖစ္သည့္ ကုိမ်ိဳးညီညီႏွင့္ ကိုစိုးမင္းနိုင္တို႔အား စကုျမိဳ႕ ျပည္သူ႔ေဆးရုံမွာ ေဆးကုသမႈခံယူေစၿပီး မစုိးရိမ္ရေၾကာင္း သိရွိရသည္။

ထြက္ေျပးသြားသည့္ ယာဥ္ေမာင္း ေအာင္မင္းသူ (ခ) ပုတုအား အျမန္ဆုံး ျပန္လည္ဖမ္းဆီးရမိေရး ေဆာင္ရြက္ေနျပီး ယာဥ္(ပ) ၁၉/၂၀၁၉ ရာဇသတ္ၾကီးပုဒ္မ ၃၀၄-က/၃၃၇ တုိ႔ျဖင့္ စကုနယ္ေျမရဲစခန္းတြင္ အမႈဖြင့္စစ္ေဆးေဆာင္ရြက္လွ်က္ရွိေၾကာင္း သိရပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Isee Media

#Unicode Version# ျဖင့္ဖတ္ပါ ။

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် မင်းဘူး-အမ်း ကားလမ်းမပေါ်တွင် ခရီးသည်များတင်ဆောင်လာသည့် ဂဏန်းကား (၆) ဘီးကုန်တင်ယာဉ် တစ်စီး လမ်းဘေးမှ ထနောင်းပင်အား ဝင်တိုက်မိ၍ လူသုံးဦး ပွဲချင်းပြီး သေဆုံးခဲ့ပါသည်။

မေလ ၁၆ ရက်နေ့ နံနက် ၇ နာရီ အချိန်ခန့်က မင်းဘူး-အမ်းလမ်း မိုင်တိုင် ၈/၂ အနီးရှိ ဆင်ဂေါင်းကျေးရွာနှင့် ဇီးအိုင်ကျေးရွာတို့ အကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယဉ်အမှတ် 5h/6475၊ UD COUNTER အမျိုးအစားကားကိုမောင်းနှင်လာသူ အောင်မင်းသူဆိုသူမှာ ယခုအခါ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသည့် အမ်းမြို့နယ်၊ တပ်တောင်မြို့ အမှတ်(၂) ရပ်ကွက်နေ ဦးမောင်လှအေး (၃၅) နှစ်၊ မခင်မြင့်ဝင်း (၃၅) နှစ်နှင့် မောင်စိုးဝင်းသန်းတို့မှာ ထိခိုက်ပေါက်ပြဲ ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ပင် သေဆုံးခဲ့ကြရသည်။

အခြားထိခိုက်ဒါဏ်ရာရခဲ့သူများဖြစ်သည့် ကိုမျိုးညီညီနှင့် ကိုစိုးမင်းနိုင်တို့အား စကုမြို့ ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူစေပြီး မစိုးရိမ်ရကြောင်း သိရှိရသည်။

ထွက်ပြေးသွားသည့် ယာဉ်မောင်း အောင်မင်းသူ (ခ) ပုတုအား အမြန်ဆုံး ပြန်လည်ဖမ်းဆီးရမိရေး ဆောင်ရွက်နေပြီး ယာဉ်(ပ) ၁၉/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၇ တို့ဖြင့် စကုနယ်မြေရဲစခန်းတွင် အမှုဖွင့်စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:Isee Media
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top