အႏၱရာယ္ျဖစ္ႏုိင္သည္ဟု ပညာရွင္မ်ားသံုးသပ္သည့္ဇြဲကပင္တုိးခ်ဲ႕ရင္ျပင္ကုိ ဆရာေတာ္ေစခိုင္းခ်က္အရ ယေန႔ဖြင့္မည္

ျပည္သူမ်ား အႏၱရာယ္ မျဖစ္ေရး လုိအပ္ခ်က္မ်ား ျပင္ဆင္ရန္ တြန္းအားေပးမည္ဟု အစုိးရအဖြဲ႕ဆုိ

ႀကံ႕ခိုင္မႈမရွိ၍အႏၲရာယ္ ျဖစ္ေစႏိုင္သျဖင့္ ျပည္နယ္အစိုးရ အဖြဲ႕အပါအဝင္ ေဒသခံျပည္သူ မ်ား ကန္႔ကြက္သည့္ ဇြဲကပင္ ဘုရား တိုးခ်ဲ႕ရင္ျပင္ကို ဇြဲကပင္ ေတာင္ဆရာေတာ္၏ ၫႊန္ၾကား ခ်က္ျဖင့္ ယေန႔ဖြင့္လွစ္မည္ျဖစ္ ေၾကာင္း ေဂါပကအဖြဲ႕က ေျပာ သည္။

ထိုတိုးခ်ဲ႕ရင္ျပင္ကို အင္ဂ်င္နီယာပညာရွင္မ်ား မပါဝင္ဘဲ ေဒသခံ အလုပ္သမားမ်ားႏွင့္သာ လုပ္ေဆာင္ျခင္းျဖစ္ၿပီး ရင္ျပင္ ေပၚတြင္ ဘုရားဖူးခရီးသြားမ်ားကို ဆြဲေဆာင္ႏုိင္ရန္ဆိုကာ မွန္သား အခင္းမ်ား ခင္းထားသည္။ ယင္းရင္ျပင္ကို ဦးစီး လုပ္ေဆာင္သူ ကိုယ္တိုင္က ေဂါပကအဖြဲ႕၏ လမ္းၫႊန္မႈအရ လုပ္ေဆာင္ေန ျခင္းျဖစ္ၿပီး ႀကံ႕ခိုင္မႈရွိ၊ မရွိ ၎ ကိုယ္တိုင္ မသိေၾကာင္း ဝန္ခံထား သည္။

ထိုသို႔ ႀကံ႕ခိုင္မႈမရွိသည့္တိုး ခ်ဲ႕ရင္ျပင္ကို ဇြဲကပင္ဆရာေတာ္  ေစခိုင္းခ်က္အရ ေမလ ၇ ရက္ (ယေန႔) တြင္ ဖြင့္လွစ္ မည္ျဖစ္ၿပီး ဇြဲကပင္ဆရာေတာ္အပါအဝင္ ဆရာေတာ္ႀကီးမ်ားကိုယ္တိုင္ တက္ေရာက္ဖြင့္လွစ္မည္ဟု ဇြဲကပင္ေတာင္ ေဂါပကအဖြဲ႕ ဥကၠ႒ ဦးေစာသာျမေအာင္က ေျပာ သည္။

‘‘ဆရာေတာ္ႀကီးေတြ ကိုယ္ တိုင္ဖြင့္မယ္။ ဆရာေတာ္က ဖြင့္ ခိုင္းထားၿပီေလ။ ႀကံ႕ခိုင္မႈအ ျပည့္အဝရွိတာေပါ့။ သူကိုယ္တိုင္ တက္ၾကည့္ၿပီးေတာ့မွ ဖြင့္ခိုင္း လိုက္တာ’’ ဟု ၎ကေျပာသည္။

ထိုဘုရားရင္ျပင္ေပၚသို႔ တက္ေရာက္မည့္ ခရီးသြားမ်ား အႏၲရာယ္တစ္စံုတစ္ရာျဖစ္မည္ ကို စိုးရိမ္၍ ဘားအံေဒသခံမ်ားအ ပါအဝင္ အျခားေဒသမွ ခရီးသြား ျပည္သူမ်ားက ကန္႔ကြက္ခဲ့သည္။

ထို႔အျပင္ ကရင္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ေဒၚနန္းခင္ေထြးျမင့္ အပါအဝင္ အစိုးရအဖြဲ႕ကလည္း ခရီးသြားျပည္သူမ်ား အႏၲရာယ္ ျဖစ္မည္ကို စိုးရိမ္၍ ပညာရွင္အဖြဲ႕ ျဖင့္ ႀကံ႕ခိုင္မႈစစ္ေဆးေနသည္။ ပညာရွင္အဖြဲ႕၏   လတ္တေလာ စစ္ေဆးခ်က္မ်ား အရ   အဆိုပါ ရင္ျပင္သည္   ႀကံ႕ခိုင္မႈမရွိသျဖင့္ ဆက္လက္ျပဳျပင္ရန္   လိုအပ္ ေၾကာင္း အႀကံျပဳထားသည္။

သို႔ေသာ္ လက္ရွိအခ်ိန္အထိ ပညာရွင္အဖြဲ႕၏ လမ္းၫႊန္သည့္ အတိုင္း ျပင္ဆင္ျခင္းမရွိေသး ေပ။

ႀကံ႕ခိုင္မႈ စစ္ေဆးျခင္းသည္ လည္း   အလံုးစံုၿပီးစီးျခင္း   မရွိ ေသးဘဲ ဆက္လက္စစ္ေဆးရန္ က်န္ေနေသးေၾကာင္း ကရင္ျပည္ နယ္အစိုးရအဖြဲ႕   မြန္တိုင္းရင္း သားေရးရာဝန္ႀကီး   ဦးမင္းတင္ ဝင္းကေျပာသည္။

ပညာရွင္အဖြဲ႕၏ ႀကံ႕ခိုင္မႈ စစ္ေဆးျခင္း မၿပီးစီးေသးမီ ဖြင့္ လွစ္ျခင္းႏွင့္ ပတ္သက္၍ ဦးေစာသာျမေအာင္က ‘‘ဒါကေတာ့ သူ တို႔အပိုင္းေတြ၊ ကြၽန္ေတာ္္တို႔ကေတာ့ ဘုန္းႀကီးေျပာတဲ့အတိုင္း လုပ္ေပးတာ။    ေျပာစရာရွိရင္ ဘုန္းႀကီးပဲ ေျပာမွာေပါ့’’ ဟု ဆို သည္။

အဆိုပါဘုရားရင္ျပင္ဖြင့္ပြဲ ၿပီးပါက ရင္ျပင္ႀကံ႕ခိုင္မႈ စစ္ေဆး ျခင္းကို ဆက္လက္ျပဳလုပ္ႏိုင္ရန္ ေဂါပကအဖြဲ႕ႏွင့္ ညႇိႏႈိင္းမည္ျဖစ္ ေၾကာင္း ဦးမင္းတင္ဝင္းကေျပာ သည္။

‘‘ညႇိႏႈိင္းဖို႔ ကမ္းလွမ္းသြား မယ္၊ ျပည္သူေတြ အႏၲရာယ္မျဖစ္ ေအာင္။ ကြၽန္ေတာ္တို႔ကေတာ့ လိုအပ္ေနတဲ့ဥစၥာေလးေတြကို ခိုင္ခံ့ေအာင္လုပ္ဖို႔၊ လိုအပ္ေနတဲ့ ဥစၥာေလးေတြကို ျပန္လုပ္ဖို႔တြန္း အားေပးမွာေပါ့’’ ဟု ၎က ဆို သည္။ ဘားအံၿမိဳ႕ ေဒသခံ တစ္ဦး ကလည္း ယခုကဲ့သို႔ ျပည္သူမ်ား အႏၲရာယ္ျဖစ္ေစႏိုင္သည့္ ဘုရား ရင္ျပင္ကို ပညာရွင္အဖြဲ႕၏စစ္ ေဆးမႈ ကို ခံယူျခင္းမရွိဘဲ ဖြင့္ပြဲျပဳ လုပ္ျခင္းအေပၚ ကန္႔ကြက္သည္။ ‘‘ဆရာေတာ္က စစ္ေဆးၿပီးလုပ္ တယ္ဆိုေတာ့ ဆရာေတာ္ က အင္ဂ်င္နီယာပညာရွင္မွ မဟုတ္တာ။ တစ္ခုခုဆိုရင္ လူေတြဒုကၡေရာက္ ၾကမွာ’’ ဟု ၎ကဆိုသည္။

အဆိုပါဇြဲကပင္ဘုရားရင္ ျပင္သည္ က်ဥ္းေျမာင္းေနသျဖင့္ ဇြဲကပင္ေတာင္ဆရာေတာ္  လမ္း ၫႊန္ခ်က္အရ ရင္ျပင္ တိုးခ်ဲ႕လုပ္ ငန္းကို ေဂါပကအဖြဲ႕က ဦးစီး လုပ္ေဆာင္ျခင္းျဖစ္ၿပီး ထိုရင္ျပင္ သည္ အရွည္ ၁၀၅ ေပ၊ အက်ယ္ ၁၇ ေပရွိသည္။

ပ်ံလြန္ခဲ့သည့္ ၿမိဳင္ႀကီးငူ ဆရာေတာ္ႏွင့္ ဇြဲကပင္ေတာင္ ဆရာေတာ္တို႔ ဦးစီးလုပ္ေဆာင္ ေသာ ဇဲြကပင္ေတာင္ တက္လမ္း ေဖာက္လုပ္သည့္ ကိစၥကို ျပည္ နယ္အစိုးရအဖြဲ႕က အႀကိမ္ႀကိမ္ တားျမစ္ေသာ္လည္း ဆက္လက္ ေဖာက္လုပ္ေနသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version#  ျဖင့္ဖတ္ပါ ။

အန္တရာယ်ဖြစ်နိုင်သည်ဟု ပညာရှင်များသုံးသပ်သည့်ဇွဲကပင်တိုးချဲ့ရင်ပြင်ကို ဆရာတော်စေခိုင်းချက်အရ ယနေ့ဖွင့်မည်

ပြည်သူများ အန္တရာယ် မဖြစ်ရေး လိုအပ်ချက်များ ပြင်ဆင်ရန် တွန်းအားပေးမည်ဟု အစိုးရအဖွဲ့ဆို

ကြံ့ခိုင်မှုမရှိ၍အန္တရာယ် ဖြစ်စေနိုင်သဖြင့် ပြည်နယ်အစိုးရ အဖွဲ့အပါအဝင် ဒေသခံပြည်သူ များ ကန့်ကွက်သည့် ဇွဲကပင် ဘုရား တိုးချဲ့ရင်ပြင်ကို ဇွဲကပင် တောင်ဆရာတော်၏ ညွှန်ကြား ချက်ဖြင့် ယနေ့ဖွင့်လှစ်မည်ဖြစ် ကြောင်း ဂေါပကအဖွဲ့က ပြော သည်။

ထိုတိုးချဲ့ရင်ပြင်ကို အင်ဂျင်နီယာပညာရှင်များ မပါဝင်ဘဲ ဒေသခံ အလုပ်သမားများနှင့်သာ လုပ်ဆောင်ခြင်းဖြစ်ပြီး ရင်ပြင် ပေါ်တွင် ဘုရားဖူးခရီးသွားများကို ဆွဲဆောင်နိုင်ရန်ဆိုကာ မှန်သား အခင်းများ ခင်းထားသည်။ ယင်းရင်ပြင်ကို ဦးစီး လုပ်ဆောင်သူ ကိုယ်တိုင်က ဂေါပကအဖွဲ့၏ လမ်းညွှန်မှုအရ လုပ်ဆောင်နေ ခြင်းဖြစ်ပြီး ကြံ့ခိုင်မှုရှိ၊ မရှိ ၎င်း ကိုယ်တိုင် မသိကြောင်း ဝန်ခံထား သည်။

ထိုသို့ ကြံ့ခိုင်မှုမရှိသည့်တိုး ချဲ့ရင်ပြင်ကို ဇွဲကပင်ဆရာတော်  စေခိုင်းချက်အရ မေလ ၇ ရက် (ယနေ့) တွင် ဖွင့်လှစ် မည်ဖြစ်ပြီး ဇွဲကပင်ဆရာတော်အပါအဝင် ဆရာတော်ကြီးများကိုယ်တိုင် တက်ရောက်ဖွင့်လှစ်မည်ဟု ဇွဲကပင်တောင် ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးစောသာမြအောင်က ပြော သည်။

‘‘ဆရာတော်ကြီးတွေ ကိုယ် တိုင်ဖွင့်မယ်။ ဆရာတော်က ဖွင့် ခိုင်းထားပြီလေ။ ကြံ့ခိုင်မှုအ ပြည့်အဝရှိတာပေါ့။ သူကိုယ်တိုင် တက်ကြည့်ပြီးတော့မှ ဖွင့်ခိုင်း လိုက်တာ’’ ဟု ၎င်းကပြောသည်။

ထိုဘုရားရင်ပြင်ပေါ်သို့ တက်ရောက်မည့် ခရီးသွားများ အန္တရာယ်တစ်စုံတစ်ရာဖြစ်မည် ကို စိုးရိမ်၍ ဘားအံဒေသခံများအ ပါအဝင် အခြားဒေသမှ ခရီးသွား ပြည်သူများက ကန့်ကွက်ခဲ့သည်။

ထို့အပြင် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် အပါအဝင် အစိုးရအဖွဲ့ကလည်း ခရီးသွားပြည်သူများ အန္တရာယ် ဖြစ်မည်ကို စိုးရိမ်၍ ပညာရှင်အဖွဲ့ ဖြင့် ကြံ့ခိုင်မှုစစ်ဆေးနေသည်။ ပညာရှင်အဖွဲ့၏   လတ်တလော စစ်ဆေးချက်များ အရ   အဆိုပါ ရင်ပြင်သည်   ကြံ့ခိုင်မှုမရှိသဖြင့် ဆက်လက်ပြုပြင်ရန်   လိုအပ် ကြောင်း အကြံပြုထားသည်။

သို့သော် လက်ရှိအချိန်အထိ ပညာရှင်အဖွဲ့၏ လမ်းညွှန်သည့် အတိုင်း ပြင်ဆင်ခြင်းမရှိသေး ပေ။

ကြံ့ခိုင်မှု စစ်ဆေးခြင်းသည် လည်း   အလုံးစုံပြီးစီးခြင်း   မရှိ သေးဘဲ ဆက်လက်စစ်ဆေးရန် ကျန်နေသေးကြောင်း ကရင်ပြည် နယ်အစိုးရအဖွဲ့   မွန်တိုင်းရင်း သားရေးရာဝန်ကြီး   ဦးမင်းတင် ဝင်းကပြောသည်။

ပညာရှင်အဖွဲ့၏ ကြံ့ခိုင်မှု စစ်ဆေးခြင်း မပြီးစီးသေးမီ ဖွင့် လှစ်ခြင်းနှင့် ပတ်သက်၍ ဦးစောသာမြအောင်က ‘‘ဒါကတော့ သူ တို့အပိုင်းတွေ၊ ကျွန်တော်တို့ကတော့ ဘုန်းကြီးပြောတဲ့အတိုင်း လုပ်ပေးတာ။    ပြောစရာရှိရင် ဘုန်းကြီးပဲ ပြောမှာပေါ့’’ ဟု ဆို သည်။

အဆိုပါဘုရားရင်ပြင်ဖွင့်ပွဲ ပြီးပါက ရင်ပြင်ကြံ့ခိုင်မှု စစ်ဆေး ခြင်းကို ဆက်လက်ပြုလုပ်နိုင်ရန် ဂေါပကအဖွဲ့နှင့် ညှိနှိုင်းမည်ဖြစ် ကြောင်း ဦးမင်းတင်ဝင်းကပြော သည်။

‘‘ညှိနှိုင်းဖို့ ကမ်းလှမ်းသွား မယ်၊ ပြည်သူတွေ အန္တရာယ်မဖြစ် အောင်။ ကျွန်တော်တို့ကတော့ လိုအပ်နေတဲ့ဥစ္စာလေးတွေကို ခိုင်ခံ့အောင်လုပ်ဖို့၊ လိုအပ်နေတဲ့ ဥစ္စာလေးတွေကို ပြန်လုပ်ဖို့တွန်း အားပေးမှာပေါ့’’ ဟု ၎င်းက ဆို သည်။ ဘားအံမြို့ ဒေသခံ တစ်ဦး ကလည်း ယခုကဲ့သို့ ပြည်သူများ အန္တရာယ်ဖြစ်စေနိုင်သည့် ဘုရား ရင်ပြင်ကို ပညာရှင်အဖွဲ့၏စစ် ဆေးမှု ကို ခံယူခြင်းမရှိဘဲ ဖွင့်ပွဲပြု လုပ်ခြင်းအပေါ် ကန့်ကွက်သည်။ ‘‘ဆရာတော်က စစ်ဆေးပြီးလုပ် တယ်ဆိုတော့ ဆရာတော် က အင်ဂျင်နီယာပညာရှင်မှ မဟုတ်တာ။ တစ်ခုခုဆိုရင် လူတွေဒုက္ခရောက် ကြမှာ’’ ဟု ၎င်းကဆိုသည်။

အဆိုပါဇွဲကပင်ဘုရားရင် ပြင်သည် ကျဉ်းမြောင်းနေသဖြင့် ဇွဲကပင်တောင်ဆရာတော်  လမ်း ညွှန်ချက်အရ ရင်ပြင် တိုးချဲ့လုပ် ငန်းကို ဂေါပကအဖွဲ့က ဦးစီး လုပ်ဆောင်ခြင်းဖြစ်ပြီး ထိုရင်ပြင် သည် အရှည် ၁၀၅ ပေ၊ အကျယ် ၁၇ ပေရှိသည်။

ပျံလွန်ခဲ့သည့် မြိုင်ကြီးငူ ဆရာတော်နှင့် ဇွဲကပင်တောင် ဆရာတော်တို့ ဦးစီးလုပ်ဆောင် သော ဇွဲကပင်တောင် တက်လမ်း ဖောက်လုပ်သည့် ကိစ္စကို ပြည် နယ်အစိုးရအဖွဲ့က အကြိမ်ကြိမ် တားမြစ်သော်လည်း ဆက်လက် ဖောက်လုပ်နေသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top