Credit:nanmalgyi
# Unicode Version # ဖြင့် ဖတ်ပါ #
ကိုယ့်ကိုယ်ကိုယ့် ယုံကြည်မှုအပြည့်နဲ့ အသက်ရွယ်နဲ့မလိုက်အောင် ရင့်ကျက်တည်ငြိမ်တဲ့အလှကိုပြိုင်ဆိုထားပြီး စကားပြောပြတ်သားတဲ့ Miss တစ်ယောက်လည်းဖြစ် ၊ Model တစ်ယောက်လည်းဖြစ်တဲ့အပြင် သရုပ်ဆောင်အလုပ်ဘက်ကိုလည်းခြေလှမ်းစလာပြီဖြစ်တဲ့ ရွှေအိမ်စည်က Myanmar Celebrity နဲ့အင်တာဗျူးတစ်ခုမှာ ပြောပြသွားတဲ့အကြောင်းအရာတချို့ရှိပါတယ်။ သူပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့က အိမ်စည့်ကိုချစ်တဲ့ မိတ်ဆွေတွေသိအောင် ပြောပြပေးလိုက်ပါတယ်။
ရွှေအိမ်စည်က “ Weak Point ကပြောတောင်မပြောပြချင်ဘူးသိလား (ရယ်လျက်) ကိုယ့်Weak Point ဆိုရင် အိမ်စည်က အမြဲတမ်းဖုံးကွယ်ထားတာမဟုတ်ဘူးကွာ ကိုယ့်ကိုဖေးမကူညီမယ့်လူမျိုးကိုပြောရင်တစ်မျိုးလေ။
ကိုယ့်ကို ဒုက္ခပေးတဲ့လူကိုသွားပြောရရင်ကျ ကိုယ့်ကိုနှိမ့်ချသွားမှာပဲဖြစ်မှာ ဒါပေမယ့်အိမ်စည်က အရမ်းခင်တတ်တယ်မင်တတ်တယ်ပေါ့ သူများတွေထင်တားတာထက် သစ္စာရှိတဲ့လူတစ်ယောက်ပါ ရည်းစားမှမဟုတ်ဘူးနော်သူငယ်ချင်းတို့ Family တို့အပေါ်မှာသစ္စာရှိတယ်။
ဒါပေမယ့်ကိုယ့်ကို Foul ပြီဆိုလို့ရှိရင် လည်း အရမ်း Personally ငါသူ့အပေါ်ကောင်းတာကိုမှ ပြန်လိုချင်တာမဟုတ်ဘူးကွာ ဒါပေမယ့် ငါ့လောက်ပြန်ကောင်းရင်ရပြီ ။အချစ်လည်းကြီးတယ် ။အမုန်းလည်းကြီးတယ် ကြားမှာမရှိဘူး ။
ဒီအချိန်ထိရပ်တည်နေနိုင်တဲ့အကြောင်းအရာကလေ ဂရုမစိုက်တတ်ဘူး ။ ပြီးတော့ ကိုယ့်ရဲ့ရပ်တည်မှုတစ်ခုပေါ့ ကိုယ့်ကို Foul လာပြီဆိုရင် ကိုယ့်ဘက်ကနေပြီးတော့ ရပ်တည်နေထိုင်ဘယ်သူပဲဖြစ်နေပါစေပေါ့။ ဘယ်သူမှလည်းဖားတာမရှိဘူး မှားပြီဆိုရင် လည်းမှားပြီဆိုပြီးတော့ တုန့်ပြန်နိုင်တယ်ပေါ့နော် ။
ငါ့အမေကိုပြောလိုက်မယ်တို့ ငါ့ဟာငါ လူကြီးမိဘတွေနဲ့တိုင်ပင်ပြီးတော့မှ လှုပ်ရှားရင်ကောင်းမလားဆိုတဲ့စိတ်တော့မရှိဘူး ။ မှားတာတွေလည်းရှိမှာပဲ ဒါပေမယ့်မှားတွေကို အိမ်စည်ကဘယ်လို့မြင်လဲဆိုတော့ အိမ်စည်အမေဆိုရင် အမေအမြဲတမ်းပြောတယ် မှားပါစေ မှားမှသင်ယူမှာ အမေတို့လည်းမှားဖူးမှာပဲ ။
 မမှားအောင်လူကြီးက ထိန်းပေးနေရင် မမှားဘူးတဲ့အတွက်ကြောင့် တစ်နေ့မှားလာတဲ့အချိန်ကျရင် ဒိန်းဆို အသက်ကလည်းတော်တော်ကြီးနေပြီဒီပြဿနာကြီးကို ဘယ်လိုကိုင်တွယ်ရမှန်းမသိဘူးဆိုတဲ့အခြေအနေကိုမရောက်ချင်ဘူး ။ငယ်ငယ်ရွယ်ရွယ်နဲ့မှားပါစေ ပြီးတော့မှာကိုယ့်ဟာကိုယ်သင်ယူမယ်ပေါ့နော်။
လွှတ်ပေးထားလို့တောင်ပြောတယ်။ အမှားလုပ်ရတာကို အိမ်စည်ကဝန်မလေးဘူး ။ အဲ့ဒါကအိမ်စည့်ရဲ့အားသာချက်တစ်ခုဖြစ်မယ်။”ဆိုပြီးပြောပြသွားခဲ့ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top