မင္းသမီး ခြန္းဆင့္ေနျခည္ ကေတာ့ ၿပီးခဲ့တဲ့ ရက္ပိုင္းမွာ သူသီခ်င္းေရးခိုင္းထားတဲ့ ေတးေရးဆရာ ကိုေဝႀကီးနဲ႔ ပတ္သက္ၿပီး ပို႔စ္ေလးကို တင္ထားခဲ့ပါတယ္။ အဆက္သြယ္မရတာေၾကာင့္ ေရးသားထားတဲ့ စာသားေတြကေတာ့ ပရိသတ္ေတြၾကားမွာ ျပန္႔ႏွ့ံသြားတာ ျဖစ္ပါတယ္။ မခြန္းဆင့္ကေတာ့ ဘာေၾကာင့္ သူေတးေရးေဝႀကီးကို ဒီလိုပို႔စ္တင္ၿပီး ေျပာတာလဲ ဆိုတာကို ေျဖ႐ွင္းသြားၿပီး လက္႐ွိခ်ိန္မွာလည္း အဆက္သြယ္ရေနၿပီလို႔ သိရပါတယ္။

သ႐ုပ္ေဆာင္ ခြန္းဆင္႕ေနျခည္ကေတာ႕ Sunday Journal နဲ႔ အင္တာဗ်ဴးမွာ ေတးေရးဆရာ ကိုေဝႀကီးနဲ႔ ပတ္သက္ၿပီး ပို႔စ္တင္ျဖစ္တာက “အမ အခုစီးရီးတခု လုပ္ဖို႔ သီခ်င္းေတြ စုေနတယ္ေပါ့ေနာ္။ စုထားတာလည္း စီးရီးတခုစာေတာင္ ေက်ာ္ေနပါၿပီ။ ဒါေပမယ့္လည္း အမ စိတ္ႀကိဳက္ျပန္ေရြးေနတာပါ။ ၿပီးေတာ့ လက္႐ွိနာမည္ႀကီး ေနတဲ့ ေတးေရးဆရာေတြရဲ႕ သီခ်င္းေတြကိုလည္း ဆိုခ်င္တယ္ေပါ့။ အဲ့ေၾကာင့္ ဒီလိုနာမည္ႀကီး ေတးေရးဆရာေတြနားမွာ သီခ်င္းေလးေတြ အပ္ထားျဖစ္တယ္”

“အခုအြန္လိုင္းေပၚမွာ ေတးေရးဆရာတေယာက္နဲ႔ ပတ္သက္ၿပီး ပို႔စ္တင္ျဖစ္တာက သူကို ၁ လေလာက္က သီခ်င္းအပ္ထားတယ္။ သူကလည္း ၂ လေလာက္ၾကာမယ္လို႔ ေျပာတယ္။ ဒါေပမယ့္လည္း မရေတာ့ ထပ္ေစာင့္ေပးတယ္။ သူနဲ႔ ေနာက္ဆံုးအဆက္သြယ္ရတာက ၿပီးခဲ့တဲ့ ၁ လေက်ာ္ေက်ာ္ေလာက္က သူက အဲ့တုန္းက ၿပီးၿပီး Demo ေလးေပးေတာ့မယ္ေပါ့။ အဲ့မွာ အမကလည္း အေမရိကားမသြားခင္ေလး သီခ်င္းေလး ရရင္ ဟိုမွာ MTV ႐ိုက္ဖု႔ိ စဥ္းစားထားတာ။ အဲ့မွာ အဲ့လိုဆက္သြယ္ၿပီးေတာ့ ေနာက္ပိုင္းမွာ သူ႔ကိုဒီေန႔ ဒီအခ်ိန္ထိ ဆက္သြယ္လို႔ မရေတာ့ဘူး။ အဲ့ေတာ့ ဘယ္မွာမွ သူ႔ကိုဆက္သြယ္လို႔မရတဲ့ ေနာက္ပိုင္း ေဖ့ဘုတ္ေပၚမွာ ပို႔စ္ေလးတင္သင့္ မတင္သင့္ေလးကို ေတာ္ေတာ္စဥ္းစားလိုက္တယ္။ ၿပီးေတာ့ သူ႔ရဲ႕ခင္မင္တဲ့ သူငယ္ခ်င္း အသိေတြကို အၾကံျပဳခ်က္ေတာင္းယူၿပီး မခြန္းဆင့္က တင္လိုက္တာ”

“အဲ့ဒါနဲ႔ ဒီပို႔စ္ေလးကို ျမင္ၿပီး သူ႔သူငယ္ခ်င္း တေယာက္က ဆက္သြယ္လာတယ္။ ၿပီးေတာ့ ေတးေရးဆရာ ကိုယ္တုိင္က မခြန္းဆင့္ဆီကို ဖုန္းဆက္ၿပီး ေျပာတယ္။ သူကလည္း Personal ကိစၥနဲ႔ အလုပ္ကိစၥနဲ႔ ေရာေထြးမိသြားလို႔ပါဆိုၿပီး ေတာင္းပန္ပါတယ္။ အဲ့ဒီအတြက္လည္း အမက နားလည္ပါတယ္။ အရမ္းႀကီးတဲ့ ကိစၥလည္း မဟုတ္ေတာ့။ အႏုပညာသမားခ်င္းဆိုေတာ့ နားလည္တယ္ေလ။ သီခ်င္းတပုဒ္ေရးဖို႔ဆိုတာကလည္း ခံစားခ်က္ေတြ ပါမွရတာေလ။ အမ ဘာလို႔ ဒီပို႔စ္ကို တင္မိသြားလည္း ဆိုေတာ့ အဆက္သြယ္မရလို႔။ အမကလည္း Over sea သြားရေတာ့မွာဆိုေတာ့ ဒီသီခ်င္းကို Cancel လုပ္ရေတာ့မွာလား။

သူကေတာ့ တပုဒ္ကို ၆ သိန္းေတာင္းတယ္။ အမ က ႏွစ္ပုဒ္အပ္ထားတာ။ သူကေတာ့ တပုဒ္စာပဲ ယူၿပီး တပုဒ္ကို အရင္ေရးေပးမယ္ေပါ့။ သူ႔အေကာင့္ထဲ အမ လြဲေပးလိုက္တယ္။ အဲ့ဒါကလည္း ၁ လပိုင္းမွာေပါ့။ အဲ့လိုေနာက္ပိုင္းမွာ အဆက္သြယ္မရလို႔ အမက ပို႔စ္တင္လိုက္တာ။ တင္လိုက္ၿပီးေနာက္ပိုင္းမွာ ခ်က္ခ်င္း အဆက္သြယ္ရတယ္။ သူကလည္း အဆင္ေျပေအာင္လုပ္ေပးမယ္ေပါ့။ ေလာေလာဆယ္ေတာ့ အဆင္ေျပသြားၿပီေပါ့ေလ။ သူကလည္း Personal ေလးနဲ႔ ေရာေထြးမိလိုက္လို႔ ဒီလိုျဖစ္သြားတာေပါ့။ မခြန္းဆင့္လည္း ပို႔စ္ကို ဖ်က္ေပးလိုက္ပါတယ္။ သူဒီလိုၿငိမ္ေနေတာ့ အမတို႔ဖက္မွာက ဘာလို႔လဲ ဘာလို႔လဲ လို႔ေတြးမိတာေပါ့။ အဲ့ဒါနဲ႔ ပို႔စ္တင္ျဖစ္သြားတာ။ ဒါေပမယ့္လည္း တေယာက္နဲ႔တေယာက္ ခင္မင္ေနတာပဲ။ ဘာမွေ႐ွာ့ေတာ့ မ႐ွိပါဘူး” ဟု ေျပာၾကားသြား ခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi

#Unicode Version# ျဖင့္ဖတ္ပါ ။

မင်းသမီး ခွန်းဆင့်နေခြည် ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ သူသီချင်းရေးခိုင်းထားတဲ့ တေးရေးဆရာ ကိုဝေကြီးနဲ့ ပတ်သက်ပြီး ပို့စ်လေးကို တင်ထားခဲ့ပါတယ်။ အဆက်သွယ်မရတာကြောင့် ရေးသားထားတဲ့ စာသားတွေကတော့ ပရိသတ်တွေကြားမှာ ပြန့်နှံ့သွားတာ ဖြစ်ပါတယ်။ မခွန်းဆင့်ကတော့ ဘာကြောင့် သူတေးရေးဝေကြီးကို ဒီလိုပို့စ်တင်ပြီး ပြောတာလဲ ဆိုတာကို ဖြေရှင်းသွားပြီး လက်ရှိချိန်မှာလည်း အဆက်သွယ်ရနေပြီလို့ သိရပါတယ်။

သရုပ်ဆောင် ခွန်းဆင့်နေခြည်ကတော့ Sunday Journal နဲ့ အင်တာဗျူးမှာ တေးရေးဆရာ ကိုဝေကြီးနဲ့ ပတ်သက်ပြီး ပို့စ်တင်ဖြစ်တာက “အမ အခုစီးရီးတခု လုပ်ဖို့ သီချင်းတွေ စုနေတယ်ပေါ့နော်။ စုထားတာလည်း စီးရီးတခုစာတောင် ကျော်နေပါပြီ။ ဒါပေမယ့်လည်း အမ စိတ်ကြိုက်ပြန်ရွေးနေတာပါ။ ပြီးတော့ လက်ရှိနာမည်ကြီး နေတဲ့ တေးရေးဆရာတွေရဲ့ သီချင်းတွေကိုလည်း ဆိုချင်တယ်ပေါ့။ အဲ့ကြောင့် ဒီလိုနာမည်ကြီး တေးရေးဆရာတွေနားမှာ သီချင်းလေးတွေ အပ်ထားဖြစ်တယ်”

“အခုအွန်လိုင်းပေါ်မှာ တေးရေးဆရာတယောက်နဲ့ ပတ်သက်ပြီး ပို့စ်တင်ဖြစ်တာက သူကို ၁ လလောက်က သီချင်းအပ်ထားတယ်။ သူကလည်း ၂ လလောက်ကြာမယ်လို့ ပြောတယ်။ ဒါပေမယ့်လည်း မရတော့ ထပ်စောင့်ပေးတယ်။ သူနဲ့ နောက်ဆုံးအဆက်သွယ်ရတာက ပြီးခဲ့တဲ့ ၁ လကျော်ကျော်လောက်က သူက အဲ့တုန်းက ပြီးပြီး Demo လေးပေးတော့မယ်ပေါ့။ အဲ့မှာ အမကလည်း အမေရိကားမသွားခင်လေး သီချင်းလေး ရရင် ဟိုမှာ MTV ရိုက်ဖု့ိ စဉ်းစားထားတာ။ အဲ့မှာ အဲ့လိုဆက်သွယ်ပြီးတော့ နောက်ပိုင်းမှာ သူ့ကိုဒီနေ့ ဒီအချိန်ထိ ဆက်သွယ်လို့ မရတော့ဘူး။ အဲ့တော့ ဘယ်မှာမှ သူ့ကိုဆက်သွယ်လို့မရတဲ့ နောက်ပိုင်း ဖေ့ဘုတ်ပေါ်မှာ ပို့စ်လေးတင်သင့် မတင်သင့်လေးကို တော်တော်စဉ်းစားလိုက်တယ်။ ပြီးတော့ သူ့ရဲ့ခင်မင်တဲ့ သူငယ်ချင်း အသိတွေကို အကြံပြုချက်တောင်းယူပြီး မခွန်းဆင့်က တင်လိုက်တာ”

“အဲ့ဒါနဲ့ ဒီပို့စ်လေးကို မြင်ပြီး သူ့သူငယ်ချင်း တယောက်က ဆက်သွယ်လာတယ်။ ပြီးတော့ တေးရေးဆရာ ကိုယ်တိုင်က မခွန်းဆင့်ဆီကို ဖုန်းဆက်ပြီး ပြောတယ်။ သူကလည်း Personal ကိစ္စနဲ့ အလုပ်ကိစ္စနဲ့ ရောထွေးမိသွားလို့ပါဆိုပြီး တောင်းပန်ပါတယ်။ အဲ့ဒီအတွက်လည်း အမက နားလည်ပါတယ်။ အရမ်းကြီးတဲ့ ကိစ္စလည်း မဟုတ်တော့။ အနုပညာသမားချင်းဆိုတော့ နားလည်တယ်လေ။ သီချင်းတပုဒ်ရေးဖို့ဆိုတာကလည်း ခံစားချက်တွေ ပါမှရတာလေ။ အမ ဘာလို့ ဒီပို့စ်ကို တင်မိသွားလည်း ဆိုတော့ အဆက်သွယ်မရလို့။ အမကလည်း Over sea သွားရတော့မှာဆိုတော့ ဒီသီချင်းကို Cancel လုပ်ရတော့မှာလား။

သူကတော့ တပုဒ်ကို ၆ သိန်းတောင်းတယ်။ အမ က နှစ်ပုဒ်အပ်ထားတာ။ သူကတော့ တပုဒ်စာပဲ ယူပြီး တပုဒ်ကို အရင်ရေးပေးမယ်ပေါ့။ သူ့အကောင့်ထဲ အမ လွဲပေးလိုက်တယ်။ အဲ့ဒါကလည်း ၁ လပိုင်းမှာပေါ့။ အဲ့လိုနောက်ပိုင်းမှာ အဆက်သွယ်မရလို့ အမက ပို့စ်တင်လိုက်တာ။ တင်လိုက်ပြီးနောက်ပိုင်းမှာ ချက်ချင်း အဆက်သွယ်ရတယ်။ သူကလည်း အဆင်ပြေအောင်လုပ်ပေးမယ်ပေါ့။ လောလောဆယ်တော့ အဆင်ပြေသွားပြီပေါ့လေ။ သူကလည်း Personal လေးနဲ့ ရောထွေးမိလိုက်လို့ ဒီလိုဖြစ်သွားတာပေါ့။ မခွန်းဆင့်လည်း ပို့စ်ကို ဖျက်ပေးလိုက်ပါတယ်။ သူဒီလိုငြိမ်နေတော့ အမတို့ဖက်မှာက ဘာလို့လဲ ဘာလို့လဲ လို့တွေးမိတာပေါ့။ အဲ့ဒါနဲ့ ပို့စ်တင်ဖြစ်သွားတာ။ ဒါပေမယ့်လည်း တယောက်နဲ့တယောက် ခင်မင်နေတာပဲ။ ဘာမှရှော့တော့ မရှိပါဘူး” ဟု ပြောကြားသွား ခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top