လေ့ကျင့်ခန်း (၁)
လေ့ကျင့်ခန်း (၂)
လေ့ကျင့်ခန်း (၃)
Credit:bahututaa
# Unicode Version # ဖြင့် ဖတ်ပါ #
တင်သား လှချင်တဲ့ ပျိုမေတွေ၊ တင် အနောက်ပိုင်းတော့ ရှိပါရဲ့ ဘေးက ခွက်နေတဲ့ ပျိုမေတို့ အတွက် အကောင်းဆုံး လေ့ကျင့်ခန်း (၃) မျိုးကို ဖော်ပြပေးလိုက် ပါတယ်နော် ။
လွယ်ကူ ရိုးရှင်းတဲ့ နည်းလမ်းလေးတွေ ဖြစ်တာကြောင့် အိမ်မှာ နေရင်းနဲ့ အလွယ်တကူ ပြုလုပ်ပေးလို့ ရပါတယ်နော် ။ ပုံမှန်လေး ပြုလုပ်ပေးခြင်းဖြင့် လှပတဲ့ တင်ပါးလေး တွေကို ပိုင်ဆိုင်နိုင် ပါပြီနော် ။
လေ့ကျင့်ခန်း (၁)
ကြမ်းပြင်မှာ လေးဖက်ထောက် လိုက်ပါ ။ ပြီးရင် ဒူးကို ကွေးပြီး ဘေးဘက်ကို မြှောက်ပေးရမှာပါ ။ တစ်ဖက်ကို အခါ ၂၀ စီ လုပ်ပေးရ မှာပါ ။
လေ့ကျင့်ခန်း (၂)
မတ်တပ်ရပ်ပြီး ခြေထောက်ကို စေ့ထားရ ပါမယ် ။ ကိုယ်လုံးကို မစောင်းအောင် ထိန်းပြီး ခြေထောက်ကို ဘေးဘက်ကို ဆန့်ပေးရ ပါမယ် ။ တင်ပါး ကြွက်သားကို အသုံးပြုရမှာပါ ။ တဖက်ကို အခါ ၂၀ စီလုပ်ပေးရ မှာပါ ။
လေ့ကျင့်ခန်း (၃)
တဝက်ပဲ ထိုင်ပြီး ဘယ်ညာ ဘေးတိုက် သွားပေးရ မှာပါ ။ တဖက်ကို အခါ ၂၀ ဆိုတော့ စုစုပေါင်း အခါ ၄၀ ပါ ။
အပေါ်က လေ့ကျင့်ခန်း သုံးမျိုးကို သုံးကြိမ် ကျော့ပေးရ ပါမယ် ။
အကြာကြီး မနားရပါဘူး။ စက္ကန့်ပိုင်းပဲ နားရမှာပါနော် ။
ဖိုးသူတော် (www.phothutaw.com)
Credit:bahututaa