ခ်စ္စရာ ဟန္ပန္အမူအရာေလးေတြနဲ႔ ပရိသတ္ေတြရဲ႕အခ်စ္ေတြကုိ ဖမ္းစားခဲ့ေပမယ့္ အခုအခ်ိန္မွာေတာ့ အႏုပညာအလုပ္ေတြကုိ မလုပ္ေတာ့ဘဲ မိသားစုနဲ႔ပဲ အခ်ိန္ကုန္ေနတဲ့ မင္းသမီးေခ်ာေလး သဥၨာႏြယ္ဝင္းကေတာ့ လက္႐ွိအခ်ိန္မွာ သားေလးတစ္ေယာက္႐ွိေနတဲ့အျပင္ ၁၂ ပတ္႐ွိေနၿပီျဖစ္တဲ့သမီးေလး ကုိယ္ဝန္လြယ္ထားရလုိ႔ အရမ္းေပ်ာ္ေနတဲ့ အေၾကာင္းကုိ အကုန္သိမီဒီယာနဲ႔ အင္တာဗ်ဴးမွာ ေျပာသြားခဲ့ပါတယ္။

သဥၨာႏြယ္ဝင္းက “အခု သဥၨာကုိယ္ဝန္က ၁၂ ပတ္ေက်ာ္ထဲမွာေပါ့ေနာ္။ ထုံးစံအတုိင္း ပ်ိဳ႕တာအန္တာေတာ့ နည္းနည္းေတာ့ ျဖစ္တယ္ေပါ့ေနာ္။ အစားေတြမစားခ်င္ျဖစ္တယ္။ ပထမကုိယ္ဝန္တုန္းကလည္း အရမ္းေပ်ာ္တာပဲေပါ့ေနာ္ အဲ့တုန္းကက်ေတာ့ ၃ လေလာက္ေနမွ သိရတာဆုိေတာ့ နည္းနည္းပါးပါး လည္လဲ ရေသးတယ္ေပါ့ေနာ္။ အခုထိ ဒီကုိယ္ဝန္က်ေတာ့ တစ္လတည္းနဲ႔ သိတာေပါ့ အဲ့လုိဆုိေတာ့ ဒီကုိယ္ဝန္က ေယာက္်ားေလးလား မိန္းကေလးလားဆုိတာကုိ အရမ္းသိခ်င္တယ္။

ဆယ္ပတ္ျပည့္တာနဲ႔ ေသြးစစ္ျဖစ္တယ္။ ဒီေန႔ပဲ ေသြးစစ္ထားတာ အေျဖရတယ္ေပါ့ေနာ္ မိန္းကေလးပါ။ အရမ္းကံေကာင္းတယ္လုိ႔ ထင္တယ္ ကုိယ့္ကုိယ္ကုိယ္ အဲ့လုိေပါ့ဘယ္လုိေျပာရမလဲ အရမ္းကံေကာင္းတယ္လုိ႔ ထင္တယ္။ သဥၨာက မိန္းကေလး အရမ္းလုိ ခ်င္တာေလ ပထမကတည္းက မိန္းကေလး အရမ္းလုိခ်င္တာ။
 

ပထမက သားေလး ေမြးထားလုိက္ေတာ့ အစ္ကုိက ညီမေလးကုိ ခ်စ္လုိ႔ရတာေပါ့။ ၿပီးေတာ့ ဒီဒုတိယကုိလည္း ေယာက္်ားေလးလုိ႔ပဲ ထင္ေနတာ ဒါေပမဲ့ မိန္းကေလးက အရမ္းလုိခ်င္တယ္ေပါ့ေနာ္။ အဲ့ေတာ့ တတိယတစ္ေယာက္အထိကုိ ေမြးဖုိ႔ ျပန္စဥ္းစားေနတာေပါ့ေနာ္။ အခုေတာ့ မိန္းကေလးဆုိေတာ့ တတိယတစ္ေယာက္က ယူခ်င္လည္းရတယ္ မယူခ်င္လည္းရတယ္ေပါ့။”လုိ႔ ေျပာသြားခဲ့ပါတယ္။

ခင္ပြန္းျဖစ္သူကေရာ ဘာေလးလုိခ်င္တာလဲ လုိ႔ ေမးျမန္းရာ “သူကေတာ့ အဲ့လုိမ်ိဳး မ႐ွိဘူး သူကေတာ့ စစခ်င္း ကုိယ္ဝန္ေဆာင္ကတည္းက သဥၨာက ပထမကုိယ္ဝန္တုန္းကလည္း မိန္းကေလး လုိခ်င္တယ္လုိ႔ေျပာတယ္ အဲ့တုန္းကေတာ့ သူက ဘာပဲျဖစ္ျဖစ္ ရတယ္ေပါ့ေနာ္ သားသမီးဆုိေတာ့ေလ။

သူကေယာက္်ားေလးရေတာ့လည္း ဝမ္းသာတယ္ေပါ့ေနာ္ သူနဲ႔ အေဖာ္ရတယ္။ အခုဒီကုိယ္ဝန္က်ေတာ့လည္း သူက ဘာျဖစ္ျဖစ္ရတယ္။ ဒါေပမဲ့ အခုသားသားကက်ေတာ့အေဆာ့အရမ္းမက္တယ္ ေက်ာင္းသြားရင္လည္း အေဖာ္ အရမ္းမက္တယ္ ေယာက္်ားေလးဆုိရင္ေတာ့ သားသားနဲ႔ ေဆာ့ေဖာ္ရတယ္ေပါ့။

သားသားအတြက္က်ေတာ့ သားေယာက္်ားေလးတစ္ေယာက္ ထပ္ေမြးခ်င္တယ္။ သဥၨာအတြက္က်ေတာ့မိန္းကေလး ေမြးေစခ်င္တယ္။ အဲ့တာေၾကာင့္ သူက ဘာျဖစ္ျဖစ္ရတယ္။ သဥၨာကက်ေတာ့ မိန္းကေလးကုိ အရမ္းလုိခ်င္တာ။ သဥၨာ ပထမဦးဆုံး အိမ္ေထာင္ စက်တုန္းက တစ္ႏွစ္ေနၿပီးမွ ကုိယ္ဝန္ေဆာင္မလုိ႔ေပါ့ေနာ္ ကေလးယူဖုိ႔ စဥ္းစားထားတာ ဒါေပမဲ့ တစ္ခါတည္း ကုိယ္ဝန္႐ွိသြားတယ္ေပါ့ေနာ္ ။

အဲ့လုိဆုိေတာ့ ကေလးေတြကုိလည္း တစ္ေယာက္နဲ႔တစ္ေယာက္ အေဝးႀကီး မျခားေစခ်င္ဘူး။ အဲ့အတြက္ ပထမ သားသားေမြးၿပီးကတည္းက ကုိယ္ဝန္လုိခ်င္ေနတာေပါ့ေနာ္ အခုမွ ရျဖစ္သြားတာေပါ့။

သားသားနဲ႔ အခုေမြးမဲ့ သမီးနဲ႔ဆုိရင္ ၂ ႏွစ္တိတိကြာတယ္ အကယ္၍ေနာက္တစ္ေယာက္ သုုံးေယာက္လုိခ်င္တာဆုိေတာ့ေလ ေနာက္တစ္ေယာက္ ထပ္ေမြးျဖစ္တယ္ဆုိရင္လည္း ဒီလုိမ်ိဳးပဲ တစ္ေယာက္နဲ႔တစ္ေယာက္ အေဝးႀကီး မျခားခ်င္ဘူး။ နီးနီးပဲယူမွာပါ။”လုိ႔ ေျပာသြားခဲ့ပါတယ္။



အခုဒီကုိယ္ဝန္ေၾကာင့္ ဝိတ္ျပန္တက္မွာ စုိးရိမ္မိလားလုိ႔ ေမးျမန္းရာ “အမွန္တုိင္းေျပာရရင္ အလွအပကုိ သိပ္မႀကိဳက္ေတာ့ဘူး။ တစ္ႏွစ္မွာ ႏွစ္ခါ သုံးခါေလာက္ေတာ့ အရမ္းလွခ်င္တဲ့ အခ်ိန္ေတြ႐ွိတယ္။ ဒါေပမဲ့ က်န္တဲ့အခ်ိန္ေတြ က်ေတာ့ အဲ့လုိမ်ိဳး အဲ့ေလာက္မ႐ွိေတာ့ဘူး အခုဆုိ သားသားကုိ ေက်ာင္းလည္း လုိက္ပုိ႔ေပးရေတာ့ တခ်ိဳ႕အရမ္းလွတဲ့ဘအက်ႌေတြက်ေတာ့ ကုိယ္ၾကပ္တယ္။

အလွအပေတြလည္း မမက္ေတာ့တဲ့ အခါက်ေတာ့ ဝရင္လည္း အဆင္ေျပတယ္ ပိန္ရင္လည္း အဆင္ေျပတယ္ အေမေကာင္းတစ္ေယာက္ျဖစ္ခ်င္တယ္ သားသားတုိ႔အတြက္။”လုိ႔ေျပာသြားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi
# Unicode Version # ျဖင့္ ဖတ္ပါ #

ချစ်စရာ ဟန်ပန်အမူအရာလေးတွေနဲ့ ပရိသတ်တွေရဲ့အချစ်တွေကို ဖမ်းစားခဲ့ပေမယ့် အခုအချိန်မှာတော့ အနုပညာအလုပ်တွေကို မလုပ်တော့ဘဲ မိသားစုနဲ့ပဲ အချိန်ကုန်နေတဲ့ မင်းသမီးချောလေး သဉ္ဇာနွယ်ဝင်းကတော့ လက်ရှိအချိန်မှာ သားလေးတစ်ယောက်ရှိနေတဲ့အပြင် ၁၂ ပတ်ရှိနေပြီဖြစ်တဲ့သမီးလေး ကိုယ်ဝန်လွယ်ထားရလို့ အရမ်းပျော်နေတဲ့ အကြောင်းကို အကုန်သိမီဒီယာနဲ့ အင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။

သဉ္ဇာနွယ်ဝင်းက “အခု သဉ္ဇာကိုယ်ဝန်က ၁၂ ပတ်ကျော်ထဲမှာပေါ့နော်။ ထုံးစံအတိုင်း ပျို့တာအန်တာတော့ နည်းနည်းတော့ ဖြစ်တယ်ပေါ့နော်။ အစားတွေမစားချင်ဖြစ်တယ်။ ပထမကိုယ်ဝန်တုန်းကလည်း အရမ်းပျော်တာပဲပေါ့နော် အဲ့တုန်းကကျတော့ ၃ လလောက်နေမှ သိရတာဆိုတော့ နည်းနည်းပါးပါး လည်လဲ ရသေးတယ်ပေါ့နော်။ အခုထိ ဒီကိုယ်ဝန်ကျတော့ တစ်လတည်းနဲ့ သိတာပေါ့ အဲ့လိုဆိုတော့ ဒီကိုယ်ဝန်က ယောက်ျားလေးလား မိန်းကလေးလားဆိုတာကို အရမ်းသိချင်တယ်။

ဆယ်ပတ်ပြည့်တာနဲ့ သွေးစစ်ဖြစ်တယ်။ ဒီနေ့ပဲ သွေးစစ်ထားတာ အဖြေရတယ်ပေါ့နော် မိန်းကလေးပါ။ အရမ်းကံကောင်းတယ်လို့ ထင်တယ် ကိုယ့်ကိုယ်ကိုယ် အဲ့လိုပေါ့ဘယ်လိုပြောရမလဲ အရမ်းကံကောင်းတယ်လို့ ထင်တယ်။ သဉ္ဇာက မိန်းကလေး အရမ်းလို ချင်တာလေ ပထမကတည်းက မိန်းကလေး အရမ်းလိုချင်တာ။

ပထမက သားလေး မွေးထားလိုက်တော့ အစ်ကိုက ညီမလေးကို ချစ်လို့ရတာပေါ့။ ပြီးတော့ ဒီဒုတိယကိုလည်း ယောက်ျားလေးလို့ပဲ ထင်နေတာ ဒါပေမဲ့ မိန်းကလေးက အရမ်းလိုချင်တယ်ပေါ့နော်။ အဲ့တော့ တတိယတစ်ယောက်အထိကို မွေးဖို့ ပြန်စဉ်းစားနေတာပေါ့နော်။ အခုတော့ မိန်းကလေးဆိုတော့ တတိယတစ်ယောက်က ယူချင်လည်းရတယ် မယူချင်လည်းရတယ်ပေါ့။”လို့ ပြောသွားခဲ့ပါတယ်။

ခင်ပွန်းဖြစ်သူကရော ဘာလေးလိုချင်တာလဲ လို့ မေးမြန်းရာ “သူကတော့ အဲ့လိုမျိုး မရှိဘူး သူကတော့ စစချင်း ကိုယ်ဝန်ဆောင်ကတည်းက သဉ္ဇာက ပထမကိုယ်ဝန်တုန်းကလည်း မိန်းကလေး လိုချင်တယ်လို့ပြောတယ် အဲ့တုန်းကတော့ သူက ဘာပဲဖြစ်ဖြစ် ရတယ်ပေါ့နော် သားသမီးဆိုတော့လေ။

သူကယောက်ျားလေးရတော့လည်း ဝမ်းသာတယ်ပေါ့နော် သူနဲ့ အဖော်ရတယ်။ အခုဒီကိုယ်ဝန်ကျတော့လည်း သူက ဘာဖြစ်ဖြစ်ရတယ်။ ဒါပေမဲ့ အခုသားသားကကျတော့အဆော့အရမ်းမက်တယ် ကျောင်းသွားရင်လည်း အဖော် အရမ်းမက်တယ် ယောက်ျားလေးဆိုရင်တော့ သားသားနဲ့ ဆော့ဖော်ရတယ်ပေါ့။

သားသားအတွက်ကျတော့ သားယောက်ျားလေးတစ်ယောက် ထပ်မွေးချင်တယ်။ သဉ္ဇာအတွက်ကျတော့မိန်းကလေး မွေးစေချင်တယ်။ အဲ့တာကြောင့် သူက ဘာဖြစ်ဖြစ်ရတယ်။ သဉ္ဇာကကျတော့ မိန်းကလေးကို အရမ်းလိုချင်တာ။ သဉ္ဇာ ပထမဦးဆုံး အိမ်ထောင် စကျတုန်းက တစ်နှစ်နေပြီးမှ ကိုယ်ဝန်ဆောင်မလို့ပေါ့နော် ကလေးယူဖို့ စဉ်းစားထားတာ ဒါပေမဲ့ တစ်ခါတည်း ကိုယ်ဝန်ရှိသွားတယ်ပေါ့နော် ။

အဲ့လိုဆိုတော့ ကလေးတွေကိုလည်း တစ်ယောက်နဲ့တစ်ယောက် အဝေးကြီး မခြားစေချင်ဘူး။ အဲ့အတွက် ပထမ သားသားမွေးပြီးကတည်းက ကိုယ်ဝန်လိုချင်နေတာပေါ့နော် အခုမှ ရဖြစ်သွားတာပေါ့။

သားသားနဲ့ အခုမွေးမဲ့ သမီးနဲ့ဆိုရင် ၂ နှစ်တိတိကွာတယ် အကယ်၍နောက်တစ်ယောက် သုံးယောက်လိုချင်တာဆိုတော့လေ နောက်တစ်ယောက် ထပ်မွေးဖြစ်တယ်ဆိုရင်လည်း ဒီလိုမျိုးပဲ တစ်ယောက်နဲ့တစ်ယောက် အဝေးကြီး မခြားချင်ဘူး။ နီးနီးပဲယူမှာပါ။”လို့ ပြောသွားခဲ့ပါတယ်။

အခုဒီကိုယ်ဝန်ကြောင့် ဝိတ်ပြန်တက်မှာ စိုးရိမ်မိလားလို့ မေးမြန်းရာ “အမှန်တိုင်းပြောရရင် အလှအပကို သိပ်မကြိုက်တော့ဘူး။ တစ်နှစ်မှာ နှစ်ခါ သုံးခါလောက်တော့ အရမ်းလှချင်တဲ့ အချိန်တွေရှိတယ်။ ဒါပေမဲ့ ကျန်တဲ့အချိန်တွေ ကျတော့ အဲ့လိုမျိုး အဲ့လောက်မရှိတော့ဘူး အခုဆို သားသားကို ကျောင်းလည်း လိုက်ပို့ပေးရတော့ တချို့အရမ်းလှတဲ့ဘအင်္ကျီတွေကျတော့ ကိုယ်ကြပ်တယ်။

အလှအပတွေလည်း မမက်တော့တဲ့ အခါကျတော့ ဝရင်လည်း အဆင်ပြေတယ် ပိန်ရင်လည်း အဆင်ပြေတယ် အမေကောင်းတစ်ယောက်ဖြစ်ချင်တယ် သားသားတို့အတွက်။”လို့ပြောသွားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top