မေအးေသာင္းက သူကုိယ္တုိင္သီဆုိထားတဲ့ သီခ်င္းေလးကုိ ပရိသတ္ေတြ နားေထာင္ရေတာ့မယ္လုိ႔ ဆုိပါတယ္။ အရင္တုန္းကလည္း ေနတုိးနဲ႔အတူသီဆုိထားတဲ့ သီခ်င္းေလးကလည္း ေအာင္ျမင္ခဲ့ပါတယ္တဲ့။

မေအးေသာင္းကေတာ့ ပရိသတ္ေတြအတြက္ သူကုိယ္တုိင္ သီဆုိထားတဲ့ သီခ်င္းေလးကုိ မၾကာခင္ ပရိသတ္ဆီ အေရာက္ပုိ႔ေတာ့မယ္လုိ႔ သိရပါတယ္။

‘’ခ်စ္ပရိတ္သတ္ေတြအတြက္ ဟာကနဲ၊ ဟင္ကနဲ ျဖစ္ေလာက္တဲ့ သီခ်င္းတစ္ပုဒ္ကို ခ်ျပေတာ့မွာပါလုိ႔ မေအးေသာင္းက ေျပာတယ္။ သီခ်င္းအၾကမ္းေတာ့သီဆိုလို႔ ၿပီးသြားပါၿပီ Studio အပိုင္းေလာက္ဘဲက်န္ပါေတာ့တယ္။ဇြန္လကုန္၊ ဇူလိုင္လေလာက္ေတာ့ ပရိသတ္ဆီကိုခ်ျပမွာပါ’’ လုိ႔ မေအးေသာင္းရဲ႕ ဖခင္ျဖစ္သူ ဦးျမင့္ေအာင္ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေမလ ၇ ရက္ေန႔ မနက္ ၁၀ နာရီေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားခဲ့ပါတယ္။



အဲဒီေနာက္ အရင္တုန္းကလည္း သရုပ္ေဆာင္ ေနတုိးနဲ႔ မေအးေသာင္းတုိ႔ သီဆုိထားတဲ့ သီခ်င္းေလးကလည္း ပရိသတ္အႀကိဳက္နဲ႔ ထပ္တူက်ခဲ့ပါတယ္တဲ့။

 ‘’ပထမဆံုး မေအးေသာင္းကိုယ္တိုင္သီဆိုထားၿပီး သ႐ုပ္ေဆာင္ မင္းသားေခ်ာေနတိုးနဲ႔ ႐ိုက္ကူးထားတဲ့" ေမာင့္ကဗ်ာသို႔...တမ္းခ်င္း "ဆိုတဲ့ MTVသီခ်င္းေလးကလည္း ေပါက္သီခ်င္းျဖစ္ခဲ့ပါတယ္။

ေလာေလာလတ္လတ္အႏုပညာအလုပ္ေတြအဆက္မျပတ္လုပ္ေဆာင္ေနရၿပီးBrand Ambassador (4) ခုပိုင္႐ွင္မေအးေသာင္းကေတာ့အလုပ္ေတြလုပ္ေနရရင္ေပ်ာ္ေနပါတယ္တဲ့’’ လုိ႔ဆက္လက္ေရးသားထားပါေသးတယ္။ 

ဆယ္ေက်ာ္သက္အရြယ္မွာ ဆံပင္ရွည္ေလးနဲ႔ ေအး၀တ္ရည္ေသာင္းအျဖစ္ အႏုပညာေလာကမွာ ေနရာတစ္ေနရာ ရရွိခဲ့တဲ့သူ ျဖစ္ပါတယ္။ ၁၀ စုႏွစ္တစ္စုေက်ာ္ ေပ်ာက္ကြယ္သြားခဲ့တဲ့ ေအးဝတ္ရည္ေသာင္းဟာ ၂၀၁၇ ခုႏွစ္မွာ အႏုပညာေလာကထဲကို ျပန္လည္ဝင္ေရာက္လာခဲ့ၿပီး ပရိသတ္အားေပးမႈကို ယခင္ကထက္ေတာင္ ပိုမိုရရွိလာပါတယ္။ မေအးေသာင္းဟာ ရုပ္ရွင္ဇာတ္ကားႀကီးေတြနဲ႔ ဇာတ္လမ္းတြဲေတြမွာ ပါဝင္သ႐ုပ္ေဆာင္ေနပါတယ္။ ကုိယ္ပုိင္စီးပြားေရးတစ္ခုျဖစ္တဲ့ ပုိးထည္ဆုိင္ေတြကုိလည္း ဦးေဆာင္လုပ္ကိုင္ေနသူ ျဖစ္ပါတယ္။



ဖိုးသူေတာ္ (www.phothutaw.com)
Credit:duwun
# Unicode Version # ျဖင့္ ဖတ္ပါ #

မအေးသောင်းက သူကိုယ်တိုင်သီဆိုထားတဲ့ သီချင်းလေးကို ပရိသတ်တွေ နားထောင်ရတော့မယ်လို့ ဆိုပါတယ်။ အရင်တုန်းကလည်း နေတိုးနဲ့အတူသီဆိုထားတဲ့ သီချင်းလေးကလည်း အောင်မြင်ခဲ့ပါတယ်တဲ့။

မအေးသောင်းကတော့ ပရိသတ်တွေအတွက် သူကိုယ်တိုင် သီဆိုထားတဲ့ သီချင်းလေးကို မကြာခင် ပရိသတ်ဆီ အရောက်ပို့တော့မယ်လို့ သိရပါတယ်။

‘’ချစ်ပရိတ်သတ်တွေအတွက် ဟာကနဲ၊ ဟင်ကနဲ ဖြစ်လောက်တဲ့ သီချင်းတစ်ပုဒ်ကို ချပြတော့မှာပါလို့ မအေးသောင်းက ပြောတယ်။ သီချင်းအကြမ်းတော့သီဆိုလို့ ပြီးသွားပါပြီ Studio အပိုင်းလောက်ဘဲကျန်ပါတော့တယ်။ဇွန်လကုန်၊ ဇူလိုင်လလောက်တော့ ပရိသတ်ဆီကိုချပြမှာပါ’’ လို့ မအေးသောင်းရဲ့ ဖခင်ဖြစ်သူ ဦးမြင့်အောင်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ မေလ ၇ ရက်နေ့ မနက် ၁၀ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

အဲဒီနောက် အရင်တုန်းကလည်း သရုပ်ဆောင် နေတိုးနဲ့ မအေးသောင်းတို့ သီဆိုထားတဲ့ သီချင်းလေးကလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့ပါတယ်တဲ့။

 ‘’ပထမဆုံး မအေးသောင်းကိုယ်တိုင်သီဆိုထားပြီး သရုပ်ဆောင် မင်းသားချောနေတိုးနဲ့ ရိုက်ကူးထားတဲ့" မောင့်ကဗျာသို့...တမ်းချင်း "ဆိုတဲ့ MTVသီချင်းလေးကလည်း ပေါက်သီချင်းဖြစ်ခဲ့ပါတယ်။

လောလောလတ်လတ်အနုပညာအလုပ်တွေအဆက်မပြတ်လုပ်ဆောင်နေရပြီးBrand Ambassador (4) ခုပိုင်ရှင်မအေးသောင်းကတော့အလုပ်တွေလုပ်နေရရင်ပျော်နေပါတယ်တဲ့’’ လို့ဆက်လက်ရေးသားထားပါသေးတယ်။ 

ဆယ်ကျော်သက်အရွယ်မှာ ဆံပင်ရှည်လေးနဲ့ အေးဝတ်ရည်သောင်းအဖြစ် အနုပညာလောကမှာ နေရာတစ်နေရာ ရရှိခဲ့တဲ့သူ ဖြစ်ပါတယ်။ ၁၀ စုနှစ်တစ်စုကျော် ပျောက်ကွယ်သွားခဲ့တဲ့ အေးဝတ်ရည်သောင်းဟာ ၂၀၁၇ ခုနှစ်မှာ အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာခဲ့ပြီး ပရိသတ်အားပေးမှုကို ယခင်ကထက်တောင် ပိုမိုရရှိလာပါတယ်။ မအေးသောင်းဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်နေပါတယ်။ ကိုယ်ပိုင်စီးပွားရေးတစ်ခုဖြစ်တဲ့ ပိုးထည်ဆိုင်တွေကိုလည်း ဦးဆောင်လုပ်ကိုင်နေသူ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top