20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

၁ႏွစ္ သာသာ အရြယ္ကေလးေလး ႐ုတ္တရက္ ဆံုးသြားတာ ကိုယ့္ friend တစ္ေယာက္ရဲ႕ ပိုစ္မွာ ေတြ႕ လိုက္တယ္။ ေနာက္ေန႔ သူ ေဆးခန္း လာျပေတာ့ ၾကံဳ လို႔ စပ္စု လိုက္တယ္။ ကေလးေလး ဘာေၾကာင့္ ဆံုးသလဲ ေပါ့။

မနက္ ၄နာရီ ေလာက္ကေလးက တက္တယ္။ မႏၲေလးကို ေခၚလာတယ္။ မနက္ ၆ နာရီ ေလာက္ မန္းေလးေရာက္။ ေဆးရံု တက္။ ေဆးရံု တက္ကတည္းက ကေလးက အဆက္မျပတ္ အန္ၿပီး တက္ေနတာ။ ဆရာဝန္ေတြက ေျပာတယ္။ ၆၀/၄၀ ပဲ တဲ့။ ဘာျဖစ္တာ လဲ ဆိုေတာ့ ဦးေႏွာက္ အေမွး ေရာင္တာတဲ့။

ထပ္ၿပီး စပ္စု လိုက္ ေသးတယ္။ ကေလးက ဖ်ား လို႔လား ဆိုေတာ့ လံုးဝ မဖ်ား ဘူးတဲ့။ Bacteria ေၾကာင့္ ျဖစ္ျဖစ္ virus ေၾကာင့္ ျဖစ္ျဖစ္ ဦး ေႏွာက္ အေမွး ေရာင္ရင္ ဖ်ားရ မွာေလ။ လူႀကီး ေတြ က အလုပ္မအားေတာ့ ကေလး ကို သူ႔ထက္ အႀကီး ေကာင္ေလး ကို ထိန္း ခိုင္းတာ။ ေကာင္ေလးက တစ္ခါ တစ္ခါ မထင္မွတ္ရင္ ကေလးေလး ကို ႐ိုက္တာ ႏွက္တာ လုပ္တယ္ တဲ့။ အဲ့ဒီ ဒဏ္ေတြ ေၾကာင့္ မ်ား ေသသြားသလား မသိပါဘူးတဲ့။ သူသာ ျပန္သြား တယ္။ ကိုယ့္ ေခါင္းထဲမွာ အေျဖ မရွိတဲ့ ပုစၥာ တစ္ပုဒ္ က်န္ခဲ့တယ္။ မဖ်ား ပဲ ဦး ေႏွာက္ အေမွးက ဘာ့ေၾကာင့္ ေရာင္သလဲ။???

ဘယ္ေလာက္ထိ ေတြးေနမိလဲ မသိဘူး။ ဒီမနက္ ေခါင္းထဲ ဒိုင္းကနဲ ေရာက္လာတာက “ lead poisoning “ ခဲဆိပ္။ ေသခ်ာပါၿပီ။ အန္တယ္။ တက္တယ္။ ေသတယ္။ အရင္ တစ္ပတ္က သူတို႔ အလုပ္ အကိုင္ ဘာလုပ္သလဲ ေမးမိတုန္းက ဘက္ထရီ အိုး အေဟာင္းေတြဝယ္။ ခဲ က်ိဳ ၿပီး ကုမၸဏီ မွာခဲ ျပား ေတြ ျပန္သြင္းတယ္။ ၿမိဳ႕ေပၚမွာ ေညႇာ္လို႔ ေတာထဲ မွာ အလုပ္သမားေတြ အမ်ားႀကီးနဲ႔ လုပ္ရတာတဲ့။( ေညႇာ္တာ ကိုပဲ လူေတြ သိၾကတာ။ခဲဆိပ္ကို မသိဘူး) ေသသြားတဲ့ ကေလးက အလုပ္သမား တစ္ေယာက္ရဲ႕ ကေလး။

ပညာတတ္တဲ့ ႏိုင္ငံ ေတြ က်ေတာ့ လည္း ခဲ ဆိပ္ကို ဘယ္ေလာက္ထိ သတိရွိသလဲ ဆိုရင္ လြန္ခဲ့တဲ့ ၁၀ ႏွစ္ေလာက္က တ႐ုတ္ကေန အေမရိကန္ ကို ပို႔တဲ့ ကေလးကစားစရာ အ႐ုပ္ ေတြ မွာ သုတ္ထားတဲ့ ေဆးေတြမွာ ခဲပါတယ္ ဆိုၿပီး အေမရိကန္က တ႐ုတ္ကေလးကစားစရာ ပစၥည္းေတြ အား လံုး တင္သြင္းခြင့္ ပိတ္ခဲ့ ဖူးတယ္။ သတိထားစရာ ခဲဆိပ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Moe Moe Khine

#Unicode Version# ျဖင့္ဖတ္ပါ ။

၁နှစ် သာသာ အရွယ်ကလေးလေး ရုတ်တရက် ဆုံးသွားတာ ကိုယ့် friend တစ်ယောက်ရဲ့ ပိုစ်မှာ တွေ့ လိုက်တယ်။ နောက်နေ့ သူ ဆေးခန်း လာပြတော့ ကြုံ လို့ စပ်စု လိုက်တယ်။ ကလေးလေး ဘာကြောင့် ဆုံးသလဲ ပေါ့။

မနက် ၄နာရီ လောက်ကလေးက တက်တယ်။ မန္တလေးကို ခေါ်လာတယ်။ မနက် ၆ နာရီ လောက် မန်းလေးရောက်။ ဆေးရုံ တက်။ ဆေးရုံ တက်ကတည်းက ကလေးက အဆက်မပြတ် အန်ပြီး တက်နေတာ။ ဆရာဝန်တွေက ပြောတယ်။ ၆၀/၄၀ ပဲ တဲ့။ ဘာဖြစ်တာ လဲ ဆိုတော့ ဦးနှောက် အမှေး ရောင်တာတဲ့။

ထပ်ပြီး စပ်စု လိုက် သေးတယ်။ ကလေးက ဖျား လို့လား ဆိုတော့ လုံးဝ မဖျား ဘူးတဲ့။ Bacteria ကြောင့် ဖြစ်ဖြစ် virus ကြောင့် ဖြစ်ဖြစ် ဦး နှောက် အမှေး ရောင်ရင် ဖျားရ မှာလေ။ လူကြီး တွေ က အလုပ်မအားတော့ ကလေး ကို သူ့ထက် အကြီး ကောင်လေး ကို ထိန်း ခိုင်းတာ။ ကောင်လေးက တစ်ခါ တစ်ခါ မထင်မှတ်ရင် ကလေးလေး ကို ရိုက်တာ နှက်တာ လုပ်တယ် တဲ့။ အဲ့ဒီ ဒဏ်တွေ ကြောင့် များ သေသွားသလား မသိပါဘူးတဲ့။ သူသာ ပြန်သွား တယ်။ ကိုယ့် ခေါင်းထဲမှာ အဖြေ မရှိတဲ့ ပုစ္စာ တစ်ပုဒ် ကျန်ခဲ့တယ်။ မဖျား ပဲ ဦး နှောက် အမှေးက ဘာ့ကြောင့် ရောင်သလဲ။???

ဘယ်လောက်ထိ တွေးနေမိလဲ မသိဘူး။ ဒီမနက် ခေါင်းထဲ ဒိုင်းကနဲ ရောက်လာတာက “ lead poisoning “ ခဲဆိပ်။ သေချာပါပြီ။ အန်တယ်။ တက်တယ်။ သေတယ်။ အရင် တစ်ပတ်က သူတို့ အလုပ် အကိုင် ဘာလုပ်သလဲ မေးမိတုန်းက ဘက်ထရီ အိုး အဟောင်းတွေဝယ်။ ခဲ ကျို ပြီး ကုမ္ပဏီ မှာခဲ ပြား တွေ ပြန်သွင်းတယ်။ မြို့ပေါ်မှာ ညှော်လို့ တောထဲ မှာ အလုပ်သမားတွေ အများကြီးနဲ့ လုပ်ရတာတဲ့။( ညှော်တာ ကိုပဲ လူတွေ သိကြတာ။ခဲဆိပ်ကို မသိဘူး) သေသွားတဲ့ ကလေးက အလုပ်သမား တစ်ယောက်ရဲ့ ကလေး။

ပညာတတ်တဲ့ နိုင်ငံ တွေ ကျတော့ လည်း ခဲ ဆိပ်ကို ဘယ်လောက်ထိ သတိရှိသလဲ ဆိုရင် လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က တရုတ်ကနေ အမေရိကန် ကို ပို့တဲ့ ကလေးကစားစရာ အရုပ် တွေ မှာ သုတ်ထားတဲ့ ဆေးတွေမှာ ခဲပါတယ် ဆိုပြီး အမေရိကန်က တရုတ်ကလေးကစားစရာ ပစ္စည်းတွေ အား လုံး တင်သွင်းခွင့် ပိတ်ခဲ့ ဖူးတယ်။ သတိထားစရာ ခဲဆိပ်။

ဖိုးသူတော် (www.phothutaw.com)
Credit:Moe Moe Khine
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top