၁။ မှဲ့
၂။ ဆံပင်ကျွတ်ခြင်း
၆။ မကြာခဏ ရေဆာခြင်း
၇။ ဟောက်သံကျယ်ခြင်း
# Unicode Version # ဖြင့် ဖတ်ပါ #
ကလေးနေမကောင်း ဖြစ်ပြီဆိုရင် မိဘတွေ စိတ်ပူပန်ကြရပါတယ် ။ ကလေးနေမကောင်းတဲ့ လက္ခဏာတွေကို အချိန်မီ သိထားရင် အရမ်း မပင်ပန်းတော့ပါဘူး ။ ကလေး ကျန်းမာရေးအတွက် မေ့လျော့မထားသင့်တဲ့ အချက်လေးတွေ ရှိပါတယ် ။
၁။ မှဲ့
ကလေး ခန္ဓာကိုယ်ပေါ်မှာ မှဲ့က ပုံမှန်အရွယ် မဟုတ်ဘဲ ကြီးလာရင် ( 6 မီလီမီတာထက် ) ၊ ရှိပြီးသား မှဲ့တွေကလည်း ကြီးလာရင် ကလေးကို ဆရာဝန်ဆီ သွားပြဖို့ လိုလာပါပြီ ။
၂။ ဆံပင်ကျွတ်ခြင်း
ဆံပင်ကျွတ်တာက ခန္ဓာကိုယ် အတွင်းပိုင်းမှာ ပြဿနာ ရှိနေတာပါ ။ ဗီတာမင် ချို့တဲ့ရင် ဆံပင် ကျွတ်လာပါတယ် ။ ကလေးအထူးကု ဆရာဝန်ဆီ သွားပြဖို့ အရေးကြီးပါတယ် ။
၃။ ကလေးရဲ့ စိတ်အခြေအနေနှင့် အပြုအမူ
ကလေးက ရုတ်တရက် အစားစားချင်စိတ် မရှိတော့ဘူးဆိုရင် ၊ အိပ်ချိန်တွေ မမှန်တော့ဘူးဆိုရင် ၊ တမှိုင်မှိုင်တထွေထွေ ဖြစ်လာပြီဆိုရင် ဆရာဝန်နဲ့ စစ်ဆေးကြည့်ပါ ။
၄။ ဦးခေါင်းအရွယ်အစား ကြီးလာခြင်း
ကလေးတွေရဲ့ ဦးခေါင်းအနောက်မှာ နည်းနည်းလေး ချိုင့်နေတာက ပုံမှန် အနေအထားပါ ။ ဦးခေါင်းအနောက်က မချိုင့်တော့ဘဲ ပြည့်ပြည့်လေး ဖြစ်သွားရင် မေ့လျော့ မနေသင့်ပါဘူး ။ ရောဂါတစ်ခုခု ဖြစ်နေပြီဆိုတဲ့ လက္ခဏာပါ ။
၅။ အကြားအာရုံချို့ယွင်းလာခြင်း
ကလေးကို နာမည် ခေါ်တဲ့အခါ ပြန်မထူးရင် ၊ စကားပြောတာကို ပြန် မတုံ့ပြန်ရင် ကလေးရဲ့ အကြားအာရုံမှာ ပြဿာနာ ရှိနေပါပြီ ။
၆။ မကြာခဏ ရေဆာခြင်း
ကလေးလေးက မကြာခဏ ရေဆာနေပြီဆိုရင် ပုံမှန် မဟုတ်တဲ့ လက္ခဏာပါ ။ အဲဒါကြောင့် ကလေးအထူးကု ဆရာဝန်ဆီ မြန်မြန်သွားပြတာ အကောင်းဆုံးပါ ။
၇။ ဟောက်သံကျယ်ခြင်း
ကလေးတွေအိပ်ရင် ဟောက်သံမထွက်တာက ပြဿနာ မရှိပါဘူး ။ ဒါပေမယ့် ဟောက်သံ ကျယ်တာက ကလေး အသက်ရှူရာမှာ ပြဿနာ ဖြစ်နေကြောင်း ဖော်ပြတာပါ ။ ဟောက်သံ ကျယ်လာပြီဆိုရင် အန္တရာယ်ရှိလို့ မေ့လျော့မထားသင့်ပါဘူး ။ အသက်ရှူလမ်းကြောင်း ကူးစက်ရောဂါရဲ့ လက္ခဏာ ဖြစ်နေနိုင်ပါတယ် ။
ဖိုးသူတော် (www.phothutaw.com)
Credit:Zombie ( Love အတိုစလေးများ )
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top