ထိုင္းႏိုင္ငံေတာင္ပိုင္း ဆုန္ခလာခ႐ုိင္ ဟတ္ယိုင္ၿမိဳ႕နယ္ထဲမွာ မေလးရွားသြားမယ့္ ျမန္မာေတြ စီးနင္းလိုက္ပါလာတဲ့ ကားတစီး မေန႔က စစ္ေဆးေရးဂိတ္ကို တိိမ္းေရွာင္ရင္း လမ္းေဘးခ်ိဳင့္ထဲ ထိုးက်သြားခဲ့ပါတယ္။

ကားေပၚပါလာသူေတြဟာ ထိုင္းႏိုင္ငံ၀င္ခြင့္ အေထာက္အထား မရွိတာေၾကာင့္ တရားမ၀င္ ၀င္ေရာက္မႈနဲ႔ ဖမ္းဆီးခံခဲ့ရပါတယ္။

ဟတ္ယိုင္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႔တာ၀န္ရွိသူေတြဟာ မမန္ေန႔မနက္က ခြန္လန္ရပ္ကြက္ ျမဴနီစီပါယ္႐ုံးေရွ႕ အာရွလမ္းမႀကီးေပၚမွာ ေရွာင္တခင္စစ္ေဆးေရးဂိတ္ဖြင့္ၿပီး ေစာင့္ၾကပ္စဥ္  မသကၤာဖြယ္ အီဇူးစူးဟိုင္းလပ္ကားတစီးေမာင္းလာေၾကာင္း၊ အဆိုပါကားဟာ ရဲေတြကို ေတြ႔တာနဲ႔ ခ်က္ခ်င္းေနာက္ျပန္ေကြ႔သြားၿပီး တေနရာအေရာက္မွာေတာ့ အရွိန္နဲ႔ လမ္းေဘးခ်ိဳင့္ထဲ ထိုးက်သြားတယ္လို႔ ဟတ္ယိုင္ရဲစခန္းတာ၀န္ရွိသူက သတင္းေထာက္ေတြကို ေျပာပါတယ္။

ကားကိုစစ္ေဆးရာ ယာဥ္ေမာင္းမွာ အသက္ ၄၀ ႏွစ္ရြယ္ ႏိုင္းစူရတ္ဆိုသူ ထိုင္းတဦးျဖစ္ၿပီး ကားထဲမွာ ႁပြတ္သိပ္ၿပီး ထည့္လာတဲ့ ျမန္မာႏိုင္ငံသား အမ်ိဳးသား ၁၄ ဦး နဲ႔ အမ်ိဳးသမီး  ၁ ဦး တို႔ကို ေတြ႔ရတာလို႔ ဆိုပါတယ္။

သူတို႔ေတြဟာ ကားေရွ႕ခန္းမွာ ၆ ဦး၊ ကားေနာက္ခန္း အုပ္မိုးထားတဲ့ မိုးကာေအာက္မွာ အထုတ္အပိုးေတြနဲ႔အတူ ၈ ဦး လဲေလ်ာင္းလ်က္အေနအထားနဲ႔ ၾကပ္ညႇပ္လိုက္ပါလာၾကတာလို႔ ဆိုပါတယ္။

ကားသမားကို စစ္ေဆးခ်က္အရ သူတို႔ေတြအားလံုး တရားမ၀င္ ၀င္ေရာက္လာတဲ့ ျမန္မာ ေတြျဖစ္ၿပီး မေလးရွားႏိုင္ငံကို အလုပ္သြားလုပ္ဖို႔ျဖစ္ေၾကာင္း၊ သူ႔တာ၀န္ကေတာ့ သူတို႔ေတြကို ဖတ္ထလုန္းၿမိဳ႕နယ္ကေန ဟတ္ယိုင္ထိပို႔ေပးဖို႔ တဦးကို ဘတ္ ၃ ေထာင္ႏႈန္းနဲ႔ သယ္ေဆာင္ခဲ့တာလို႔ ေျပာပါတယ္။

တာ၀န္ရွိသူေတြက ယာဥ္ေမာင္းကို ထိုင္းႏိုင္ငံထဲ တရားမ၀င္သူမ်ားအား ေခၚေဆာင္လာမႈ၊ သူတို႔ အဖမ္းမခံရေရး သို၀ွက္အားေပးကူညီမႈေတြနဲ႔ အေရးယူသြားမွာျဖစ္ၿပီး ျမန္မာ ၁၅ ဦးဟာ လည္း ႏိုင္ငံထဲ တရားမ၀င္၀င္ေရာက္မႈ၊ ေနထိုင္ခြင့္အေထာက္အထား သက္တမ္းကုန္ဆံုးမႈ ေတြနဲ႔ အေရးယူသြားမယ္လို႔ ဟတ္ယိုင္ရဲတပ္ဖြဲ႔က ေျပာသြားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:dvb
# Unicode Version # ျဖင့္ ဖတ္ပါ #


ထိုင်းနိုင်ငံတောင်ပိုင်း ဆုန်ခလာခရိုင် ဟတ်ယိုင်မြို့နယ်ထဲမှာ မလေးရှားသွားမယ့် မြန်မာတွေ စီးနင်းလိုက်ပါလာတဲ့ ကားတစီး မနေ့က စစ်ဆေးရေးဂိတ်ကို တိမ်းရှောင်ရင်း လမ်းဘေးချိုင့်ထဲ ထိုးကျသွားခဲ့ပါတယ်။

ကားပေါ်ပါလာသူတွေဟာ ထိုင်းနိုင်ငံဝင်ခွင့် အထောက်အထား မရှိတာကြောင့် တရားမဝင် ဝင်ရောက်မှုနဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။

ဟတ်ယိုင်မြို့နယ် ရဲတပ်ဖွဲ့တာဝန်ရှိသူတွေဟာ မမန်နေ့မနက်က ခွန်လန်ရပ်ကွက် မြူနီစီပါယ်ရုံးရှေ့ အာရှလမ်းမကြီးပေါ်မှာ ရှောင်တခင်စစ်ဆေးရေးဂိတ်ဖွင့်ပြီး စောင့်ကြပ်စဉ်  မသင်္ကာဖွယ် အီဇူးစူးဟိုင်းလပ်ကားတစီးမောင်းလာကြောင်း၊ အဆိုပါကားဟာ ရဲတွေကို တွေ့တာနဲ့ ချက်ချင်းနောက်ပြန်ကွေ့သွားပြီး တနေရာအရောက်မှာတော့ အရှိန်နဲ့ လမ်းဘေးချိုင့်ထဲ ထိုးကျသွားတယ်လို့ ဟတ်ယိုင်ရဲစခန်းတာဝန်ရှိသူက သတင်းထောက်တွေကို ပြောပါတယ်။

ကားကိုစစ်ဆေးရာ ယာဉ်မောင်းမှာ အသက် ၄၀ နှစ်ရွယ် နိုင်းစူရတ်ဆိုသူ ထိုင်းတဦးဖြစ်ပြီး ကားထဲမှာ ပြွတ်သိပ်ပြီး ထည့်လာတဲ့ မြန်မာနိုင်ငံသား အမျိုးသား ၁၄ ဦး နဲ့ အမျိုးသမီး  ၁ ဦး တို့ကို တွေ့ရတာလို့ ဆိုပါတယ်။

သူတို့တွေဟာ ကားရှေ့ခန်းမှာ ၆ ဦး၊ ကားနောက်ခန်း အုပ်မိုးထားတဲ့ မိုးကာအောက်မှာ အထုတ်အပိုးတွေနဲ့အတူ ၈ ဦး လဲလျောင်းလျက်အနေအထားနဲ့ ကြပ်ညှပ်လိုက်ပါလာကြတာလို့ ဆိုပါတယ်။

ကားသမားကို စစ်ဆေးချက်အရ သူတို့တွေအားလုံး တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ တွေဖြစ်ပြီး မလေးရှားနိုင်ငံကို အလုပ်သွားလုပ်ဖို့ဖြစ်ကြောင်း၊ သူ့တာဝန်ကတော့ သူတို့တွေကို ဖတ်ထလုန်းမြို့နယ်ကနေ ဟတ်ယိုင်ထိပို့ပေးဖို့ တဦးကို ဘတ် ၃ ထောင်နှုန်းနဲ့ သယ်ဆောင်ခဲ့တာလို့ ပြောပါတယ်။

တာဝန်ရှိသူတွေက ယာဉ်မောင်းကို ထိုင်းနိုင်ငံထဲ တရားမဝင်သူများအား ခေါ်ဆောင်လာမှု၊ သူတို့ အဖမ်းမခံရရေး သိုဝှက်အားပေးကူညီမှုတွေနဲ့ အရေးယူသွားမှာဖြစ်ပြီး မြန်မာ ၁၅ ဦးဟာ လည်း နိုင်ငံထဲ တရားမဝင်ဝင်ရောက်မှု၊ နေထိုင်ခွင့်အထောက်အထား သက်တမ်းကုန်ဆုံးမှု တွေနဲ့ အရေးယူသွားမယ်လို့ ဟတ်ယိုင်ရဲတပ်ဖွဲ့က ပြောသွားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:dvb
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top