စိုင္းစိုင္းခမ္းလႈိင္ဟာဆိုရင္ အသက္အရြယ္မ်ိဳးစံု ႏႈတ္ခမ္းနီမေလးေတြ သည္းသည္းလႈပ္အားေပးရတဲ့ အမ်ိဳးသားဆယ္လီ တစ္ဦးျဖစ္ပါတယ္။ ေအာင္ျမင္မႈကို ၾကာရွည္စြာထိန္းထားႏုိင္တဲ့ ထိပ္တန္းရွားရွားပါးပါးအနုပညာရွင္တစ္ေယာက္ျဖစ္ၿပီး မိန္းကေလးအေယာက္တစ္ရာမွာ ကိုးဆယ့္ကိုးေယာက္က စိုင္းစိုင္းရဲ့အမာခံပရိသတ္လို႕ ေတာင္ဆိုႏုိင္ပါတယ္။အမ်ိဳးသမီးပရိသတ္ေတြရဲ႕ အသည္းစြဲဆယ္လီမို႔ တခ်ိဳ႕ ေသာ အမ်ိဳးသားပရိသတ္ေတြရဲ႕ Troll ျခင္းကိုေတာ့ နည္းနည္းပါးပါးခံရတာေတြေတာ့ရွိပါတယ္။စိုင္းစိုင္းကို အားေပးတဲ့ ပရိသတ္ ဘယ္ေလာက္ မ်ားလဲ ဆုိ ရင္ ႏွစ္စဥ္ႏွစ္တိုင္း သူ႔ရဲ႕ ေမြးေန႔ Show ကိုလာတဲ့ ပရိသတ္ အေရ အတြက္ကို ၾကည့္္ရင္သိႏိုင္ပါတယ္။အမ်ိဳး သမီး ပရိသတ္ အခိုင္အမာရွိထားသူမို႔ အႏုပညာ အလုပ္တင္မကပဲ SAI Cosmetix ဆုိၿပီး စီးပြားေရးလုပ္ငန္း လုပ္ျပန္ေတာ့လည္း အရမ္းကို အားေပးၾကတာေတြ႕ရပါတယ္။

လတ္တေလာမွာေတာ႔မႏၱေလးသႀကၤန္ကို အေျခခံထားတဲ႔ အခ်စ္ကား ၊ဒရမ္မာကားေလးရုိက္ဖို႔ ျပင္ဆင္ေနတယ္လို႔သိရပါတယ္။ စိုင္းစိုင္းမႏၱေလး Birthday Show ျပီးတာနဲ႔ တစ္လေလာက္ ရုပ္ရွင္ဘက္ကိုဆက္လက္ရုိက္ကူးမွာျဖစ္ၿပီး သႀကၤန္တုန္းကလည္းလိုအပ္တဲ႔ ဇာတ္ဝင္ခန္းေတြကို ရုိက္ကူးထားတယ္လို႔လည္းသိရပါတယ္။ဒါရုိက္တာ ဦးမီးပြားနဲ႔အတူရုိက္ေနတဲ႔ ရုပ္ရွင္ဇာတ္ကားထဲမွာ ၿမိဳ ႔မတီးဝိုင္းပါပါဝင္မွာျဖစ္ၿပီး ၿမိဳ႕မသီခ်င္းေတြေရာ စိုင္းစိုင္းသီခ်င္းေတြ အျပင္ဆရာ ဒီရာမို ရဲ့သီခ်င္းေတြပါပါၿပီး ဂီတတစ္ခုအေပၚ အေျခခံထားတဲ့ ဂီတဆိုတဲ့ေခါင္းစဥ္ေအာက္မွာရွိတဲ့ ဂီတအမ်ိဳးအစားစံုလင္စြာနဲ႔ ရုိက္ကူးမွာျဖစ္တယ္လို႔ေျပာျပခဲ႔ပါတယ္။ဦးေက်ာ္သူနဲ႔ ပိုးမမွီသာအျပင္ အႏုပညာသရုပ္ေဆာင္ေတြ အမ်ားႀကီးပါဝင္မယ္လို့သိရပါတယ္။ စိုင္းစိုင္းမႏၱေလး Birthday Show ျပီးတာနဲ႔ ရုပ္ရွင္တစ္လေလာက္ရုိက္ၿပီးတာနဲ႔ ျပီးခဲ့ေသာဇာတ္လမ္းအက်ဥ္းနဲ႔ စိုင္းစိုင္းရဲ႕စိုင္းစုိင္းအတြက္ ျပင္ဆင္ၿပီးတစ္ခါတည္းထြက္ေအာင္ႀကိဳးစားမွာမို႔ သီတင္းကၽြတ္ေလာက္ထိ သီခ်င္းမဆိုျဖစ္ေလာက္ဘူးလို႔ ေျပာျပခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:burmese.asia

#Unicode Version# ျဖင့္ဖတ္ပါ ။

စိုင်းစိုင်းခမ်းလှိုင်ဟာဆိုရင် အသက်အရွယ်မျိုးစုံ နှုတ်ခမ်းနီမလေးတွေ သည်းသည်းလှုပ်အားပေးရတဲ့ အမျိုးသားဆယ်လီ တစ်ဦးဖြစ်ပါတယ်။ အောင်မြင်မှုကို ကြာရှည်စွာထိန်းထားနိုင်တဲ့ ထိပ်တန်းရှားရှားပါးပါးအနုပညာရှင်တစ်ယောက်ဖြစ်ပြီး မိန်းကလေးအယောက်တစ်ရာမှာ ကိုးဆယ့်ကိုးယောက်က စိုင်းစိုင်းရဲ့အမာခံပရိသတ်လို့ တောင်ဆိုနိုင်ပါတယ်။အမျိုးသမီးပရိသတ်တွေရဲ့ အသည်းစွဲဆယ်လီမို့ တချို့ သော အမျိုးသားပရိသတ်တွေရဲ့ Troll ခြင်းကိုတော့ နည်းနည်းပါးပါးခံရတာတွေတော့ရှိပါတယ်။စိုင်းစိုင်းကို အားပေးတဲ့ ပရိသတ် ဘယ်လောက် များလဲ ဆို ရင် နှစ်စဉ်နှစ်တိုင်း သူ့ရဲ့ မွေးနေ့ Show ကိုလာတဲ့ ပရိသတ် အရေ အတွက်ကို ကြည့်ရင်သိနိုင်ပါတယ်။အမျိုး သမီး ပရိသတ် အခိုင်အမာရှိထားသူမို့ အနုပညာ အလုပ်တင်မကပဲ SAI Cosmetix ဆိုပြီး စီးပွားရေးလုပ်ငန်း လုပ်ပြန်တော့လည်း အရမ်းကို အားပေးကြတာတွေ့ရပါတယ်။

လတ်တလောမှာတော့မန္တလေးသြင်္ကန်ကို အခြေခံထားတဲ့ အချစ်ကား ၊ဒရမ်မာကားလေးရိုက်ဖို့ ပြင်ဆင်နေတယ်လို့သိရပါတယ်။ စိုင်းစိုင်းမန္တလေး Birthday Show ပြီးတာနဲ့ တစ်လလောက် ရုပ်ရှင်ဘက်ကိုဆက်လက်ရိုက်ကူးမှာဖြစ်ပြီး သြင်္ကန်တုန်းကလည်းလိုအပ်တဲ့ ဇာတ်ဝင်ခန်းတွေကို ရိုက်ကူးထားတယ်လို့လည်းသိရပါတယ်။ဒါရိုက်တာ ဦးမီးပွားနဲ့အတူရိုက်နေတဲ့ ရုပ်ရှင်ဇာတ်ကားထဲမှာ မြို့မတီးဝိုင်းပါပါဝင်မှာဖြစ်ပြီး မြို့မသီချင်းတွေရော စိုင်းစိုင်းသီချင်းတွေ အပြင်ဆရာ ဒီရာမို ရဲ့သီချင်းတွေပါပါပြီး ဂီတတစ်ခုအပေါ် အခြေခံထားတဲ့ ဂီတဆိုတဲ့ခေါင်းစဉ်အောက်မှာရှိတဲ့ ဂီတအမျိုးအစားစုံလင်စွာနဲ့ ရိုက်ကူးမှာဖြစ်တယ်လို့ပြောပြခဲ့ပါတယ်။ဦးကျော်သူနဲ့ ပိုးမမှီသာအပြင် အနုပညာသရုပ်ဆောင်တွေ အများကြီးပါဝင်မယ်လို့သိရပါတယ်။ စိုင်းစိုင်းမန္တလေး Birthday Show ပြီးတာနဲ့ ရုပ်ရှင်တစ်လလောက်ရိုက်ပြီးတာနဲ့ ပြီးခဲ့သောဇာတ်လမ်းအကျဉ်းနဲ့ စိုင်းစိုင်းရဲ့စိုင်းစိုင်းအတွက် ပြင်ဆင်ပြီးတစ်ခါတည်းထွက်အောင်ကြိုးစားမှာမို့ သီတင်းကျွတ်လောက်ထိ သီချင်းမဆိုဖြစ်လောက်ဘူးလို့ ပြောပြခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:burmese.asia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top