20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×


တ႐ုတ္ႏိုင္ငံ ရွန္ဟိုင္းၿမိဳ႕မွာ ႏွစ္ထပ္တိုက္စီးပြားေရး အေဆာက္အအုံတစ္ခု ေမ ၁၆ ရက္က ၿပိဳက်ရာမွာ လူ ငါးဦး ေသဆုံးေၾကာင္း ၿမိဳ႕အာဏာပိုင္အဖြဲ႕က ေျပာပါတယ္။
ေဆာက္လုပ္ေရးအလုပ္သမားေတြက အဲဒီ အေဆာက္အအုံကို ျပန္လည္ျပင္ဆင္မြမ္းမံေနခ်ိန္မွာ ၿပိဳက်တာပဲ ျဖစ္ပါတယ္။

တိုက္အၿပိဳအပ်က္ေအာက္ကေန လူ ၂၀ မွာ ၁၉ ဦးကို ေဘးကင္းလုံၿခဳံစြာ ကယ္ထုတ္ႏိုင္ခဲ့တယ္လို႔ အေစာပိုင္းမွာ တ႐ုတ္မီးသတ္ကယ္ဆယ္ေရး အာဏာပိုင္ေတြက ေျပာပါတယ္။
ဒါေပမယ့္ ရွန္ဟိုင္းအုပ္ခ်ဳပ္ေရး အာဏာပိုင္အဖြဲ႕က ဆြဲထုတ္ကယ္ဆယ္ခဲ့သူေတြမွာ ငါးဦး ေသဆုံးေၾကာင္း ေနာက္ပိုင္းမွာ တရားဝင္ လူမႈမီဒီယာကေန ေၾကညာခဲ့တာပါ။

အေဆာက္အအုံၿပိဳက်မႈဟာ နံနက္ ၁၁ နာရီခြဲခန႔္မွာ ျဖစ္တယ္လို႔ တ႐ုတ္ အေရးေပၚစီမံခန႔္ခြဲေရး ဝန္ႀကီးဌာနက ၎ရဲ႕ တရားဝင္လူမႈမီဒီယာအေကာင့္ကေန ေၾကညာပါတယ္။

အပ်က္အစီးပုံၾကားကေန ေသြးသံရဲရဲနဲ႔ ဖုန္မႈန႔္ေတြ ေပက်ံေနတဲ့ ေဆာက္လုပ္ေရးလုပ္သားေတြကို အေရးေပၚကယ္ဆယ္ေရး ဝန္ထမ္းေတြက ဆြဲထုတ္ကယ္တင္ေနတဲ့ပုံေတြလည္း လူမႈမီဒီယာမွာ ပ်ံႏွံ႔ေနပါတယ္။

အဲဒီ ၿပိဳက်တဲ့ အေဆာက္အအုံဟာ Mercedes-Benz ကား အေရာင္းအဝယ္ဌာနအျဖစ္ အသုံးျပဳတဲ့ အထပ္နိမ့္အေဆာက္အုံျဖစ္တယ္လို႔ မီးသတ္ကယ္ဆယ္ေရးဗ်ဴ႐ိုက ေျပာပါတယ္။

“ကြၽန္မ အိပ္ရာေပၚမွာ တစ္ေမွးေမွးေနခ်ိန္မွာ ေပါက္ကြဲသံႀကီးကို ၾကားလိုက္ရတယ္။ ငလ်င္လႈပ္သလိုပဲ လႈပ္ခါသြားတယ္။ ပထမေတာ့ ေပါက္ကြဲမႈ တစ္ခုခု ျဖစ္ၿပီလို႔ ကြၽန္မ ထင္လိုက္မိတယ္။”လို႔ ဌာေနအမ်ိဳးသမီးတစ္ဦးက သတင္းဌာနကို ေျပာခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese
# Unicode Version # ျဖင့္ ဖတ္ပါ #

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာ နှစ်ထပ်တိုက်စီးပွားရေး အဆောက်အအုံတစ်ခု မေ ၁၆ ရက်က ပြိုကျရာမှာ လူ ငါးဦး သေဆုံးကြောင်း မြို့အာဏာပိုင်အဖွဲ့က ပြောပါတယ်။
ဆောက်လုပ်ရေးအလုပ်သမားတွေက အဲဒီ အဆောက်အအုံကို ပြန်လည်ပြင်ဆင်မွမ်းမံနေချိန်မှာ ပြိုကျတာပဲ ဖြစ်ပါတယ်။

တိုက်အပြိုအပျက်အောက်ကနေ လူ ၂၀ မှာ ၁၉ ဦးကို ဘေးကင်းလုံခြုံစွာ ကယ်ထုတ်နိုင်ခဲ့တယ်လို့ အစောပိုင်းမှာ တရုတ်မီးသတ်ကယ်ဆယ်ရေး အာဏာပိုင်တွေက ပြောပါတယ်။
ဒါပေမယ့် ရှန်ဟိုင်းအုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့က ဆွဲထုတ်ကယ်ဆယ်ခဲ့သူတွေမှာ ငါးဦး သေဆုံးကြောင်း နောက်ပိုင်းမှာ တရားဝင် လူမှုမီဒီယာကနေ ကြေညာခဲ့တာပါ။

အဆောက်အအုံပြိုကျမှုဟာ နံနက် ၁၁ နာရီခွဲခန့်မှာ ဖြစ်တယ်လို့ တရုတ် အရေးပေါ်စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ၎င်းရဲ့ တရားဝင်လူမှုမီဒီယာအကောင့်ကနေ ကြေညာပါတယ်။

အပျက်အစီးပုံကြားကနေ သွေးသံရဲရဲနဲ့ ဖုန်မှုန့်တွေ ပေကျံနေတဲ့ ဆောက်လုပ်ရေးလုပ်သားတွေကို အရေးပေါ်ကယ်ဆယ်ရေး ဝန်ထမ်းတွေက ဆွဲထုတ်ကယ်တင်နေတဲ့ပုံတွေလည်း လူမှုမီဒီယာမှာ ပျံနှံ့နေပါတယ်။

အဲဒီ ပြိုကျတဲ့ အဆောက်အအုံဟာ Mercedes-Benz ကား အရောင်းအဝယ်ဌာနအဖြစ် အသုံးပြုတဲ့ အထပ်နိမ့်အဆောက်အုံဖြစ်တယ်လို့ မီးသတ်ကယ်ဆယ်ရေးဗျူရိုက ပြောပါတယ်။

“ကျွန်မ အိပ်ရာပေါ်မှာ တစ်မှေးမှေးနေချိန်မှာ ပေါက်ကွဲသံကြီးကို ကြားလိုက်ရတယ်။ ငလျင်လှုပ်သလိုပဲ လှုပ်ခါသွားတယ်။ ပထမတော့ ပေါက်ကွဲမှု တစ်ခုခု ဖြစ်ပြီလို့ ကျွန်မ ထင်လိုက်မိတယ်။”လို့ ဌာနေအမျိုးသမီးတစ်ဦးက သတင်းဌာနကို ပြောခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top