ရွမ္းျပည္နည္ (အေရွ႕ပိုင္း) မိုင္းဆတ္ၿမိဳ႕နယ္ လြယ္ဆမ္ဆံုေတာင္အဆင္း မိုင္းဆတ္-တာခ်ီလိတ္လမ္း အမွတ္ (၅၅၃) ေျချမန္တပ္ရင္းအနီးတြင္ ေမလ (၄) ရက္ေန႔ ညေန ၆ နာရီခန္႔က Vigo ယာဥ္တစ္စီး တိမ္းေမွာက္၍ အမ်ဳိးသမီးႏွစ္ဦးေသဆံုးၿပီး အမ်ဳိးသားတစ္ဦး ဒဏ္ရာရရိွခဲ့ေၾကာင္း မိုင္းဆတ္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႔မွဴး႐ံုးထံမွ သိရသည္။
“ေတာင္အဆင္းမွာ အရိွန္လြန္ၿပီး ေျမသားနံရံကိုတိုက္မိၿပီး တိမ္းေမွာက္သြားတာပါ။ ကားေပၚမွာလိုက္စီးလာတဲ့ ၇ ဦးမွာ ၂ ဦးေသဆံုးၿပီး တစ္ဦးဒဏ္ရာရတယ္”ဟု က်ဳိင္းတံုၿမိဳ႕ ျပည္နယ္ဒုတိယ ရဲတပ္ဖြဲ႔မွဴး႐ံုးမွ ရဲအရာရိွတစ္ဦးက ေျပာၾကားသည္။
အဆိုပါျဖစ္စဥ္တြင္ ယာဥ္ေပၚ၌လိုက္ပါစီးနင္းလာသည့္ အမ်ဳိးသား ၂ ဦးႏွင့္ အမ်ဳိးသမီး ၅ ဦးအနက္ အမွတ္ (၅၅၃) ေျချမန္တပ္ရင္းေန ေဒၚဇာနည္ဝင္း (၄၁) ႏွစ္ႏွင့္ ေဒၚတင္တင္စန္း (၅၁) ႏွစ္တို႔ ေသဆံုးၿပီး လွ်ပ္စစ္ဝန္ထမ္း ဦးထြန္းမင္းလတ္ (ခ) အာႀကီး (၃၈) နွစ္မွာ ဒဏ္ရာရရိွခဲ့၍ ယာဥ္ေမာင္း ဦးစိန္ဝင္း (၆၃) ႏွစ္ကို ယာဥ္ (ပ) ၁/၂၀၁၉၊ ရာဇသတ္ႀကီး ပုဒ္မ-၃၃၇/၃၃၈/၃၀၄-က ျဖင့္ အေရးယူထားေၾကာင္း မိုင္းတြမ္းနယ္ေျမရဲစခန္းထံမွ သိရသည္။
ဖိုးသူေတာ္(www.phothutaw.com)
Credit:thevoicemyanmar
#Unicode Version#
ရှမ်းပြည်နည် (အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ် လွယ်ဆမ်ဆုံတောင်အဆင်း မိုင်းဆတ်-တာချီလိတ်လမ်း အမှတ် (၅၅၃) ခြေမြန်တပ်ရင်းအနီးတွင် မေလ (၄) ရက်နေ့ ညနေ ၆ နာရီခန့်က Vigo ယာဉ်တစ်စီး တိမ်းမှောက်၍ အမျိုးသမီးနှစ်ဦးသေဆုံးပြီး အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မိုင်းဆတ်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
“တောင်အဆင်းမှာ အရှိန်လွန်ပြီး မြေသားနံရံကိုတိုက်မိပြီး တိမ်းမှောက်သွားတာပါ။ ကားပေါ်မှာလိုက်စီးလာတဲ့ ၇ ဦးမှာ ၂ ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရတယ်”ဟု ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
အဆိုပါဖြစ်စဉ်တွင် ယာဉ်ပေါ်၌လိုက်ပါစီးနင်းလာသည့် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၅ ဦးအနက် အမှတ် (၅၅၃) ခြေမြန်တပ်ရင်းနေ ဒေါ်ဇာနည်ဝင်း (၄၁) နှစ်နှင့် ဒေါ်တင်တင်စန်း (၅၁) နှစ်တို့ သေဆုံးပြီး လျှပ်စစ်ဝန်ထမ်း ဦးထွန်းမင်းလတ် (ခ) အာကြီး (၃၈) နှစ်မှာ ဒဏ်ရာရရှိခဲ့၍ ယာဉ်မောင်း ဦးစိန်ဝင်း (၆၃) နှစ်ကို ယာဉ် (ပ) ၁/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ-၃၃၇/၃၃၈/၃၀၄-က ဖြင့် အရေးယူထားကြောင်း မိုင်းတွမ်းနယ်မြေရဲစခန်းထံမှ သိရသည်။
ဖိုးသူတော်(www.phothutaw.com)
Credit:thevoicemyanmar
မိုင္းဆတ္တြင္ ယာဥ္တိမ္းေမွာက္၍ အမ်ဳိးသမီးႏွစ္ဦးေသဆံုး
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။