ျပည့္စုံတဲ့အလွ ျဖစ္ဖို႔ဆိုရင္ ႏႈတ္ခမ္းကလည္း အလြန္အေရးပါ ပါတယ္။ မိန္းကေလးေတြက ႏႈတ္လမ္းနီ မ်ိဳးစုံကို ဝယ္ၿပီး beauty blogger ေတြရဲ႕ tutorial ေတြအတိုင္း လိုက္လုပ္ၾကည့္ ၾကပါတယ္။

ႏႈတ္ခမ္းက ဆဲလ္ေသေတြကို ဖယ္ရွားဖို႔အတြက္ လိုအပ္ေသာ ပစၥည္းမ်ား

– ေထာပတ္ဆီ လက္ဖက္ရည္ဇြန္း တစ္ဇြန္း

– သံလြင္ဆီ လက္ဖက္ရည္ဇြန္း တစ္ဇြန္း

– ဗာဒံဆီ လက္ဖက္ရည္ဇြန္း တစ္ဇြန္း

– ပ်ားရည္ လက္ဖက္ရည္ဇြန္း တစ္ဇြန္း

– သၾကား လက္ဖက္ရည္ဇြန္း တစ္ဇြန္း

– အုန္းဆီ လက္ဖက္ရည္ဇြန္း တစ္ဇြန္း , Vaseline

ပန္းကန္လုံး တစ္လုံးထဲကို ဆီေတြ အားလုံးနဲ႔ သၾကားကို ေပါင္းထည့္လိုက္ပါ။ ဆီေတြ ပ်စ္လာတဲ့အထိ ေမႊေပးၿပီး ႏႈတ္ခမ္းေပၚကို 2 မိနစ္၊ 3 မိနစ္ ၾကာေအာင္ ပြတ္တိုက္ေပးပါ။ ၿပီးရင္ ႏႈတ္ခမ္းကို ေရေဆးေပးလို႔ ရပါၿပီ။ ပိုတာကို သိမ္းထားလို႔ ရပါတယ္။ တစ္ပတ္ ႏွစ္ခါ ျပဳလုပ္ေပးရင္ စိုဝင္းတဲ့ ႏႈတ္ခမ္းကို ရမွာပါ။

ႏႈတ္ခမ္း ေခ်ာေမြ႕ဖို႔အတြက္

သြားတိုက္တံ ႏုႏုေလးနဲ႔ ႏႈတ္ခမ္းကို ပြတ္တိုက္ေပးရင္ ေခ်ာေမြ႕တဲ့ ႏႈတ္ခမ္းေလးကို ရရွိမွာပါ။

ႏႈတ္ခမ္းလိုင္းေလးေတြ ေပၚလြင္ေစဖို႔ အတြက္

ႏႈတ္ခမ္းလိုင္းေလးေတြ ေပၚလြင္ေစဖို႔ ဆိုရင္ concealer နဲ႔ လိုက္ညႇိေပးလို႔ ရပါတယ္။ ႏႈတ္ခမ္းရဲ႕ လိုင္းေလးေတြ ပိုလွခ်င္ရင္ မ်က္ခုံးေမႊးဆြဲတံနဲ႔လည္း ဆြဲေပးႏိုင္ပါတယ္။

ႏႈတ္ခမ္းနီအေရာင္ ပိုလွဖို႔အတြက္

ေန႔လိမ္းမိတ္ကပ္ နည္းနည္းကို ႏႈတ္ခမ္းနီ မဆိုးခင္ ႏႈတ္ခမ္းမွာ အရင္ လိမ္းထားလို႔ ရပါတယ္။

ႏႈတ္ခမ္းလိုင္းေလး ဆြဲဖို႔အတြက္

ႏႈတ္ခမ္းလိုင္းေလး ဆြဲဖို႔အတြက္၊ ႏႈတ္ခမ္းဖူးဖူးေလး ျဖစ္ဖို႔အတြက္ concealer ဒါမွမဟုတ္ highlighter ကို သုံးပါ။

ႏႈတ္ခမ္းဖူးဖူးေလး ျဖစ္ဖို႔အတြက္

ႏႈတ္ခမ္းဖူးဖူးေလး ျဖစ္ခ်င္တယ္ ဆိုရင္ ႏႈတ္ခမ္းလိုင္းေလးကို ခဲတံနဲ႔ ဆြဲပါ။ ၿပီးေတာ့ ႏႈတ္ခမ္းအလယ္ကို concealer လိမ္းေပးပါ။

ႏႈတ္ခမ္းနီနဲ႔ အသားအေရာင္ လိုက္ဖက္ဖို႔အတြက္

အသားအေရာင္နဲ႔ လိုက္ဖက္တဲ့ ႏႈတ္ခမ္းနီကို ရွာေတြ႕ဖို႔က အေရးႀကီးပါတယ္။ ပုလဲ ႏႈတ္ခမ္းနီက အသားအေရရဲ႕ အျပစ္ အနာအဆာေတြကို ေပၚလြင္ေစပါတယ္။ အေရာင္မွိန္တဲ့ ႏႈတ္ခမ္းနီက အသားအေရာင္နဲ႔ မလိုက္ဖက္ရင္ ႏႈတ္ခမ္းအလွကို ေမွးမွိန္ေစပါတယ္။ အေရာင္ေတာက္တဲ့ႏႈတ္ခမ္းနီက တခ်ိဳ႕ အေျခအေနေတြမွာ မသင့္ေတာ္ပါဘူး။

ႏႈတ္ခမ္းနီကို သပ္သပ္ရပ္ရပ္ ဆိုးတတ္ဖို႔အတြက္

အေပၚႏႈတ္ခမ္းရဲ႕ အလယ္အတြန႔္ေလးမွာ ၾကက္ေျခခတ္ ပုံစံဆြဲပါ။ ႏႈတ္ခမ္းလိုင္းေတြကို ညီညီညာညာ လိုက္ဆြဲေပးပါ။ ၿပီးရင္ေတာ့ ႏႈတ္ခမ္း တစ္ခုလုံးကို ဆြဲလို႔ ရပါၿပီ။

ႏႈတ္ခမ္းအတြင္းဖက္ ရဲေနဖို႔အတြက္

ႏႈတ္ခမ္းေပၚမွာ concealer ကို အရင္လိမ္းၿပီးမွ ႏႈတ္ခမ္းနီ ဆိုးပါ။ ဒီလိုပုံစံက ႏူးညံ့သိမ္ေမြ႕တယ္လို႔ ထင္ရေစပါတယ္။

ႏႈတ္ခမ္း ႏူးညံ့ဖို႔အတြက္

မုန္လာဥနီကို အခြံခြာပါ။ အခြံခြာၿပီးသားကို အတုံးေသးေသးေလးေတြ တုံးၿပီး အရည္ညႇစ္ပါ။ မုန္လာဥနီ အရည္ထဲကို အုန္းဆီ၊ ပ်ားရည္၊ ပ်ားဖေယာင္းေတြ ထည့္ၿပီး ေမႊေပးပါ။ ၿပီးရင္ေတာ့ ႏႈတ္ခမ္းမွာ လိမ္းေပးလို႔ ရပါၿပီ။ တစ္ပတ္အၾကာမွာ ပန္းေရာင္သန္းၿပီး ႏူးညံ့တဲ့ ႏႈတ္ခမ္းေလးရရွိလာမွာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Zombie(Loveအတိုအစေလးမ်ား)
# Unicode Version # ျဖင့္ ဖတ္ပါ #

ပြည့်စုံတဲ့အလှ ဖြစ်ဖို့ဆိုရင် နှုတ်ခမ်းကလည်း အလွန်အရေးပါ ပါတယ်။ မိန်းကလေးတွေက နှုတ်လမ်းနီ မျိုးစုံကို ဝယ်ပြီး beauty blogger တွေရဲ့ tutorial တွေအတိုင်း လိုက်လုပ်ကြည့် ကြပါတယ်။

နှုတ်ခမ်းက ဆဲလ်သေတွေကို ဖယ်ရှားဖို့အတွက် လိုအပ်သော ပစ္စည်းများ

– ထောပတ်ဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်း

– သံလွင်ဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်း

– ဗာဒံဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်း

– ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်း

– သကြား လက်ဖက်ရည်ဇွန်း တစ်ဇွန်း

– အုန်းဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်း , Vaseline

ပန်းကန်လုံး တစ်လုံးထဲကို ဆီတွေ အားလုံးနဲ့ သကြားကို ပေါင်းထည့်လိုက်ပါ။ ဆီတွေ ပျစ်လာတဲ့အထိ မွှေပေးပြီး နှုတ်ခမ်းပေါ်ကို 2 မိနစ်၊ 3 မိနစ် ကြာအောင် ပွတ်တိုက်ပေးပါ။ ပြီးရင် နှုတ်ခမ်းကို ရေဆေးပေးလို့ ရပါပြီ။ ပိုတာကို သိမ်းထားလို့ ရပါတယ်။ တစ်ပတ် နှစ်ခါ ပြုလုပ်ပေးရင် စိုဝင်းတဲ့ နှုတ်ခမ်းကို ရမှာပါ။

နှုတ်ခမ်း ချောမွေ့ဖို့အတွက်

သွားတိုက်တံ နုနုလေးနဲ့ နှုတ်ခမ်းကို ပွတ်တိုက်ပေးရင် ချောမွေ့တဲ့ နှုတ်ခမ်းလေးကို ရရှိမှာပါ။

နှုတ်ခမ်းလိုင်းလေးတွေ ပေါ်လွင်စေဖို့ အတွက်

နှုတ်ခမ်းလိုင်းလေးတွေ ပေါ်လွင်စေဖို့ ဆိုရင် concealer နဲ့ လိုက်ညှိပေးလို့ ရပါတယ်။ နှုတ်ခမ်းရဲ့ လိုင်းလေးတွေ ပိုလှချင်ရင် မျက်ခုံးမွှေးဆွဲတံနဲ့လည်း ဆွဲပေးနိုင်ပါတယ်။

နှုတ်ခမ်းနီအရောင် ပိုလှဖို့အတွက်

နေ့လိမ်းမိတ်ကပ် နည်းနည်းကို နှုတ်ခမ်းနီ မဆိုးခင် နှုတ်ခမ်းမှာ အရင် လိမ်းထားလို့ ရပါတယ်။

နှုတ်ခမ်းလိုင်းလေး ဆွဲဖို့အတွက်

နှုတ်ခမ်းလိုင်းလေး ဆွဲဖို့အတွက်၊ နှုတ်ခမ်းဖူးဖူးလေး ဖြစ်ဖို့အတွက် concealer ဒါမှမဟုတ် highlighter ကို သုံးပါ။

နှုတ်ခမ်းဖူးဖူးလေး ဖြစ်ဖို့အတွက်

နှုတ်ခမ်းဖူးဖူးလေး ဖြစ်ချင်တယ် ဆိုရင် နှုတ်ခမ်းလိုင်းလေးကို ခဲတံနဲ့ ဆွဲပါ။ ပြီးတော့ နှုတ်ခမ်းအလယ်ကို concealer လိမ်းပေးပါ။

နှုတ်ခမ်းနီနဲ့ အသားအရောင် လိုက်ဖက်ဖို့အတွက်

အသားအရောင်နဲ့ လိုက်ဖက်တဲ့ နှုတ်ခမ်းနီကို ရှာတွေ့ဖို့က အရေးကြီးပါတယ်။ ပုလဲ နှုတ်ခမ်းနီက အသားအရေရဲ့ အပြစ် အနာအဆာတွေကို ပေါ်လွင်စေပါတယ်။ အရောင်မှိန်တဲ့ နှုတ်ခမ်းနီက အသားအရောင်နဲ့ မလိုက်ဖက်ရင် နှုတ်ခမ်းအလှကို မှေးမှိန်စေပါတယ်။ အရောင်တောက်တဲ့နှုတ်ခမ်းနီက တချို့ အခြေအနေတွေမှာ မသင့်တော်ပါဘူး။

နှုတ်ခမ်းနီကို သပ်သပ်ရပ်ရပ် ဆိုးတတ်ဖို့အတွက်

အပေါ်နှုတ်ခမ်းရဲ့ အလယ်အတွန့်လေးမှာ ကြက်ခြေခတ် ပုံစံဆွဲပါ။ နှုတ်ခမ်းလိုင်းတွေကို ညီညီညာညာ လိုက်ဆွဲပေးပါ။ ပြီးရင်တော့ နှုတ်ခမ်း တစ်ခုလုံးကို ဆွဲလို့ ရပါပြီ။

နှုတ်ခမ်းအတွင်းဖက် ရဲနေဖို့အတွက်

နှုတ်ခမ်းပေါ်မှာ concealer ကို အရင်လိမ်းပြီးမှ နှုတ်ခမ်းနီ ဆိုးပါ။ ဒီလိုပုံစံက နူးညံ့သိမ်မွေ့တယ်လို့ ထင်ရစေပါတယ်။

နှုတ်ခမ်း နူးညံ့ဖို့အတွက်

မုန်လာဥနီကို အခွံခွာပါ။ အခွံခွာပြီးသားကို အတုံးသေးသေးလေးတွေ တုံးပြီး အရည်ညှစ်ပါ။ မုန်လာဥနီ အရည်ထဲကို အုန်းဆီ၊ ပျားရည်၊ ပျားဖယောင်းတွေ ထည့်ပြီး မွှေပေးပါ။ ပြီးရင်တော့ နှုတ်ခမ်းမှာ လိမ်းပေးလို့ ရပါပြီ။ တစ်ပတ်အကြာမှာ ပန်းရောင်သန်းပြီး နူးညံ့တဲ့ နှုတ်ခမ်းလေးရရှိလာမှာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit:Zombie(Loveအတိုအစလေးများ)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top