ျဖဴးၿမိဳ႕တြင္ မိုးႀကိဳးထိမွန္၍ အမ်ိဳးသားတဦးေသဆံုး
ပဲခူးတိုင္း ျဖဴးၿမိဳ႕ ဆားဂြန္းေက်းရြာမွာ ေမလ ၂၅ ရက္ေန႔ ညေနပိုင္းက မိုးႀကိဳးထိမွန္ၿပီး အမ်ိဳးသားတဦး ေသဆံုးခဲ့တယ္လို႔ ျဖဴးၿမိဳ႕မရဲတပ္ဖြဲ႔စခန္းမွ တာဝန္ရွိသူတဦးက ေျပာပါတယ္။
အဆိုပါအမ်ိဳးသားဟာ မိုးရြာခ်ိန္လယ္ကြင္းအတြင္း ႏြားေက်ာင္းေနစဥ္မွာ မိုးႀကိဳးအပစ္ ခံခဲ့ရတာျဖစ္ၿပီး ေနရာမွာပင္ ေသဆံုးခဲ့တာလုိ႔ ဆိုပါတယ္။
“ညေနပိုင္း မိုးရြာတဲ့အခ်ိန္မွာ သူက လယ္ကြက္ထဲမွာ ႏြားေက်ာင္းေနတာ။ ေနရာမွာတင္ ေသဆံုးသြားတယ္။ အေလာင္းကိုေတာ့ ျဖဴးေဆး႐ုံကို ရဲေဆးစာနဲ႔ပို႔ထားပါတယ္” လို႔ ျဖဴးၿမိဳ႕မ ရဲတပ္ဖြဲ႔စခန္းမွ တာဝန္ရွိသူက ေျပာပါတယ္။
မိုးႀကိဳးထိမွန္ေသဆံုးသူ ဦးဆိုဘ္နတ္ရဲ႕အေလာင္းကို ျဖဴးျပည္သူ႔ေဆး႐ုံသို႔ ရဲေဆးစာနဲ႔ ပို႔ေဆာင္ကာ ေသမႈေသခင္းဖြင့္လွစ္ၿပီး ဓမၼတာအတိုင္းေသဆံုးျခင္း ဟုတ္မဟုတ္ ေဆးပညာအရ စစ္ေဆးတာေတြ ေဆာင္ရြက္ေနေၾကာင္း သိရပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:dvb
# Unicode Version # ျဖင့္ ဖတ္ပါ #
ပဲခူးတိုင်း ဖြူးမြို့ ဆားဂွန်းကျေးရွာမှာ မေလ ၂၅ ရက်နေ့ ညနေပိုင်းက မိုးကြိုးထိမှန်ပြီး အမျိုးသားတဦး သေဆုံးခဲ့တယ်လို့ ဖြူးမြို့မရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။
အဆိုပါအမျိုးသားဟာ မိုးရွာချိန်လယ်ကွင်းအတွင်း နွားကျောင်းနေစဉ်မှာ မိုးကြိုးအပစ် ခံခဲ့ရတာဖြစ်ပြီး နေရာမှာပင် သေဆုံးခဲ့တာလို့ ဆိုပါတယ်။
“ညနေပိုင်း မိုးရွာတဲ့အချိန်မှာ သူက လယ်ကွက်ထဲမှာ နွားကျောင်းနေတာ။ နေရာမှာတင် သေဆုံးသွားတယ်။ အလောင်းကိုတော့ ဖြူးဆေးရုံကို ရဲဆေးစာနဲ့ပို့ထားပါတယ်” လို့ ဖြူးမြို့မ ရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူက ပြောပါတယ်။
မိုးကြိုးထိမှန်သေဆုံးသူ ဦးဆိုဘ်နတ်ရဲ့အလောင်းကို ဖြူးပြည်သူ့ဆေးရုံသို့ ရဲဆေးစာနဲ့ ပို့ဆောင်ကာ သေမှုသေခင်းဖွင့်လှစ်ပြီး ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်မဟုတ် ဆေးပညာအရ စစ်ဆေးတာတွေ ဆောင်ရွက်နေကြောင်း သိရပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:dvb