က်ံဳးေဘးပလက္ေဖာင္းေပၚ အရက္ထုိင္ေသာက္ၾကတဲ႔လူငယ္ေတြကို လွည့္ကင္းရဲတပ္ဖြဲ႕ကဖမ္းဆီးအမႈဖြင့္ၿပီး တရားရံုးကေထာင္ဒဏ္ ၇ ရက္ဆီျပစ္ဒဏ္ခ်မွတ္ခဲ႔တယ္လို႔ နယ္ေျမ အပိုင္ရဲစခန္းဆီကသိရပါတယ္။

“ည ၁၁ နာရီခြဲေလာက္မွာ သူတို႔ကအရက္ထုိင္ေသာက္ေနၾကတယ္၊ ခရုိင္ရဲမွဴးနဲ႔ကၽြန္ေတာ္တို႔အမွတ္(၁)ကလွည့္ကင္းနဲ႔လွည့္စစ္ေဆးေနခ်ိန္မွာေတြ႕လို႔ တစ္ခါထဲဖမ္းေခၚသြားၿပီး ေနာက္ရက္ခ်က္ခ်င္းပဲရံုးတင္တာပါ။ ရံုးက ေထာင္ဒဏ္ ၇ ရက္စီခ်လိုက္တယ္ လို႔ နယ္ေျမအပိုင္ရဲစခန္းျဖစ္တဲ႔ မႏၲေလး ေအာင္ေျမသာစံၿမိဳ႕နယ္ အမွတ္(၁)နယ္ေျမရဲစခန္းမွစခန္း မွဴးရဲအုပ္ကမ္ေအာင္ျမင့္က Duwun ကိုေျပာပါတယ္။

ေမလ ၂ ရက္ေန႔ည ၁၁ နာရီခြဲအခ်ိန္ခန္႔က က်ံဳးအေရွ႕ဘက္ျခမ္းပလက္ေဖာင္းေပၚ ၆၆ လမ္း၊ ၁၄ လမ္း နဲ႔ ၁၅ လမ္းၾကားမွာ လူငယ္ ၆ ဦးပါတဲ႔အဖြဲ႕၊ ၆၆ လမ္း၊ ၁၅ လမ္း နဲ႔ ၁၆ လမ္းၾကားမွာ လူငယ္ ၃ ဦးပါတဲ႔အဖြဲ႕တုိ႔ဟာ အုပ္စုဖြဲ႕အရက္ေသစာေသာက္စားမူးယစ္ေနစဥ္ ေတြ႕ရွိဖမ္းဆီးခဲ႔တာျဖစ္ေၾကာင္း၊ လူငယ္ ၆ ဦးအဖြဲ႕ကို (ပ)၂၂၉/၂၀၁၉၊ ရဲအက္ဥပေဒပုဒ္မ ၄၇ နဲ႔လည္းေကာင္း၊ ၃ ဦးအဖြဲ႕ကို (ပ)၂၂၈/၂၀၁၉၊ ရဲအက္ဥပေဒပုဒ္မ ၄၇ နဲ႔လည္းေကာင္းအသီးသီးအမႈဖြင့္ကာ ေနာက္တစ္ေန႔မွာပဲ ေအာင္ေျမသာစံၿမိဳ႕နယ္တရားရံုးဆီတရားစြဲတင္ပို႔ေၾကာင္း၊ တရားရံုးက ေထာင္ဒဏ္ ၇ ရက္စီခ်မွတ္ကာ မႏၲေလးဗဟိုအက်ဥ္းေထာင္ဆီပို႔ေဆာင္ခဲ႔ေၾကာင္းသိရပါတယ္။



“မေန႔ကလည္း ည ၁၁ နာရီေက်ာ္ေလာက္မွာ ႏွစ္ေယာက္ထပ္ဖမ္းမိတယ္၊ ပူးေပါင္းလွည့္ကင္းအဖြဲ႕ကဖမ္းတာပါ၊ သူတို႔က ခံုတန္းေပၚမွာဘီယာထုိင္ေသာက္ေနတာပါ။”သူတို႔ကိုလည္း တရားစြဲတင္ပို႔မွာပါ လို႔လည္း စခန္းမွဴးကေျပာပါတယ္။

က်ံဳးေဘးပလက္ေဖာင္းေပၚ အရက္ေသစာေသာက္စားမူးယစ္ၾကသူေတြကိုေတြ႕ရွိတဲ႔အခါမွာ အမ်ားသူငါသြားလာရာလမ္းေပၚမွာ အမ်ားျပည္သူအဆင္မေျပေအာင္ အရက္ေသစာေသာက္စားျပဳလုပ္မႈနဲ႔ ဖမ္းဆီးအမႈဖြင့္ေထာင္ခ်သြားမွာပဲျဖစ္တယ္လို႔သိရပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun
# Unicode Version # ျဖင့္ ဖတ္ပါ #


ကျုံးဘေးပလက်ဖောင်းပေါ် အရက်ထိုင်သောက်ကြတဲ့လူငယ်တွေကို လှည့်ကင်းရဲတပ်ဖွဲ့ကဖမ်းဆီးအမှုဖွင့်ပြီး တရားရုံးကထောင်ဒဏ် ၇ ရက်ဆီပြစ်ဒဏ်ချမှတ်ခဲ့တယ်လို့ နယ်မြေ အပိုင်ရဲစခန်းဆီကသိရပါတယ်။

“ည ၁၁ နာရီခွဲလောက်မှာ သူတို့ကအရက်ထိုင်သောက်နေကြတယ်၊ ခရိုင်ရဲမှူးနဲ့ကျွန်တော်တို့အမှတ်(၁)ကလှည့်ကင်းနဲ့လှည့်စစ်ဆေးနေချိန်မှာတွေ့လို့ တစ်ခါထဲဖမ်းခေါ်သွားပြီး နောက်ရက်ချက်ချင်းပဲရုံးတင်တာပါ။ ရုံးက ထောင်ဒဏ် ၇ ရက်စီချလိုက်တယ် လို့ နယ်မြေအပိုင်ရဲစခန်းဖြစ်တဲ့ မန္တလေး အောင်မြေသာစံမြို့နယ် အမှတ်(၁)နယ်မြေရဲစခန်းမှစခန်း မှူးရဲအုပ်ကမ်အောင်မြင့်က Duwun ကိုပြောပါတယ်။

မေလ ၂ ရက်နေ့ည ၁၁ နာရီခွဲအချိန်ခန့်က ကျုံးအရှေ့ဘက်ခြမ်းပလက်ဖောင်းပေါ် ၆၆ လမ်း၊ ၁၄ လမ်း နဲ့ ၁၅ လမ်းကြားမှာ လူငယ် ၆ ဦးပါတဲ့အဖွဲ့၊ ၆၆ လမ်း၊ ၁၅ လမ်း နဲ့ ၁၆ လမ်းကြားမှာ လူငယ် ၃ ဦးပါတဲ့အဖွဲ့တို့ဟာ အုပ်စုဖွဲ့အရက်သေစာသောက်စားမူးယစ်နေစဉ် တွေ့ရှိဖမ်းဆီးခဲ့တာဖြစ်ကြောင်း၊ လူငယ် ၆ ဦးအဖွဲ့ကို (ပ)၂၂၉/၂၀၁၉၊ ရဲအက်ဥပဒေပုဒ်မ ၄၇ နဲ့လည်းကောင်း၊ ၃ ဦးအဖွဲ့ကို (ပ)၂၂၈/၂၀၁၉၊ ရဲအက်ဥပဒေပုဒ်မ ၄၇ နဲ့လည်းကောင်းအသီးသီးအမှုဖွင့်ကာ နောက်တစ်နေ့မှာပဲ အောင်မြေသာစံမြို့နယ်တရားရုံးဆီတရားစွဲတင်ပို့ကြောင်း၊ တရားရုံးက ထောင်ဒဏ် ၇ ရက်စီချမှတ်ကာ မန္တလေးဗဟိုအကျဉ်းထောင်ဆီပို့ဆောင်ခဲ့ကြောင်းသိရပါတယ်။

“မနေ့ကလည်း ည ၁၁ နာရီကျော်လောက်မှာ နှစ်ယောက်ထပ်ဖမ်းမိတယ်၊ ပူးပေါင်းလှည့်ကင်းအဖွဲ့ကဖမ်းတာပါ၊ သူတို့က ခုံတန်းပေါ်မှာဘီယာထိုင်သောက်နေတာပါ။”သူတို့ကိုလည်း တရားစွဲတင်ပို့မှာပါ လို့လည်း စခန်းမှူးကပြောပါတယ်။

ကျုံးဘေးပလက်ဖောင်းပေါ် အရက်သေစာသောက်စားမူးယစ်ကြသူတွေကိုတွေ့ရှိတဲ့အခါမှာ အများသူငါသွားလာရာလမ်းပေါ်မှာ အများပြည်သူအဆင်မပြေအောင် အရက်သေစာသောက်စားပြုလုပ်မှုနဲ့ ဖမ်းဆီးအမှုဖွင့်ထောင်ချသွားမှာပဲဖြစ်တယ်လို့သိရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top