အလွကုန္ပစၥည္းေတြရဲ႕ သုံးစြဲသင့္တဲ့ သက္တမ္းမ်ား
ပ်ိဳေမတို႔ရဲ႕ ေန႔စဥ္ဘဝမွာ မပါမျဖစ္ အသုံးျပဳေနၾကတဲ့ အလွကုန္ပစၥည္းေတြကို ဘယ္လိုအခ်ိန္မွာ အသုံးမျပဳသင့္ ေတာ့ဘူးလဲဆိုတာဟာ အေရးႀကီးအခ်က္တခ်က္ပါ။ ဝယ္ထားၿပီး အသုံးမျပဳျဖစ္တဲ့ အလွကုန္ပစၥည္းေတြလည္း ရွိႏိုင္သလို တခါတရံမွသာ အသုံးျပဳေလ့ရွိတဲ့ အလွကုန္ပစၥည္းေတြလည္း ရွိတတ္ပါတယ္။
ဒီလိုအလွကုန္ပစၥည္းေတြ အသုံးမျပဳသင့္ေတာ့တဲ့ အခ်ိန္မွာ ႏွေျမာၿပီး အသုံးျပဳမိမယ္ဆိုရင္ အသားအေရအတြက္ မလိုလားအပ္တဲ့ ျပႆနာေတြ ျဖစ္ေပၚႏိုင္တာေၾကာင့္ အလွအပခ်စ္သူေတြအတြက္ ဗဟုသုတအေနနဲ႔ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။
(၁) Mascara
မ်က္ေတာင္ေကာ့တဲ့အခါ အသုံးျပဳတဲ့ Mascara ကို သုံးလကေန ေလးလေလာက္အထိသာ အသုံးျပဳသင့္ၿပီး အဲဒီထက္ပိုၿပီးအခ်ိန္ၾကာၾကာ အသုံးျပဳမယ္ဆိုရင္ မ်က္သားခမ္းေျခာက္တာ၊ မ်က္လုံးထိခိုက္တာမ်ိဳးေတြ ျဖစ္ႏိုင္တာေၾကာင့္ သုံးလတႀကိမ္ ေျပာင္းလဲသုံးစြဲေပးသင့္ပါတယ္။
(၂) Eyeliner
Eyeliner ေတြကေတာ့ အမ်ိဳးအစားေပၚမူတည္ၿပီး ၾကာရွည္ခံပါတယ္။ Liquid Type အရည္ပုံစံဆိုရင္ေတာ့ သုံးလကေန ေျခာက္လေလာက္အထိ အသုံးျပဳႏိုင္ၿပီး Pencil Type ဆိုရင္ေတာ့ ေျခာက္လကေန တႏွစ္အထိ အသုံးျပဳႏိုင္ပါတယ္။
(၃) ႏႈတ္ခမ္းနီ
ႏႈတ္ခမ္းနီေတြဟာဆိုရင္လည္း အမ်ိဳးအစားေပၚမူတည္ၿပီး အခ်ိန္ ၁ ႏွစ္ေလာက္ထိ အသုံးျပဳႏိုင္ပါတယ္။ အေရာင္မျပယ္မခ်င္း အနံ႔ဆိုးမထြက္မခ်င္း အသုံးျပဳတာမ်ိဳးကို မျပဳလုပ္သင့္ဘဲ Lip Gloss ေတြဆိုရင္ေတာ့ ၆ လ ကေန ၈ လအထိေလာက္ပဲ အသုံးျပဳသင့္ပါတယ္။
(၄) Foundation and Concealer
မိတ္ကပ္အၿမဲလိမ္းတဲ့ ပ်ိဳေမေတြ သိထားသင့္တဲ့ အခ်က္တခုပဲ ျဖစ္ပါတယ္။ ေအာက္ခံမိတ္ကပ္နဲ႔ Concealer ေတြကိုေတာ့ တႏွစ္ေလာက္အထိ အသုံးျပဳႏိုင္ၿပီး တႏွစ္ေက်ာ္သြားရင္ေတာ့ ဆက္လက္အသုံးမျပဳသင့္ေတာ့ပါဘူး။
(၅) ေရေမႊြး
ေရေမႊးေတြကေတာ့ အခ်ိန္ၾကာၾကာ အသုံးျပဳႏိုင္တဲ့ အလွကုန္ပစၥည္းတမ်ိဳးျဖစ္ပါတယ္။ ၃ ႏွစ္ကေန ၅ ႏွစ္ေလာက္အထိထားၿပီး အသုံးျပဳႏိုင္တာေၾကာင့္ ေရေမႊးစုေဆာင္းရတဲ့ ဝါသနာပါသူေတြအတြက္ေတာ့ သတင္းေကာင္းပါပဲ။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:irrawaddy
# Unicode Version # ျဖင့္ ဖတ္ပါ #
ပျိုမေတို့ရဲ့ နေ့စဉ်ဘဝမှာ မပါမဖြစ် အသုံးပြုနေကြတဲ့ အလှကုန်ပစ္စည်းတွေကို ဘယ်လိုအချိန်မှာ အသုံးမပြုသင့် တော့ဘူးလဲဆိုတာဟာ အရေးကြီးအချက်တချက်ပါ။ ဝယ်ထားပြီး အသုံးမပြုဖြစ်တဲ့ အလှကုန်ပစ္စည်းတွေလည်း ရှိနိုင်သလို တခါတရံမှသာ အသုံးပြုလေ့ရှိတဲ့ အလှကုန်ပစ္စည်းတွေလည်း ရှိတတ်ပါတယ်။
ဒီလိုအလှကုန်ပစ္စည်းတွေ အသုံးမပြုသင့်တော့တဲ့ အချိန်မှာ နှမြောပြီး အသုံးပြုမိမယ်ဆိုရင် အသားအရေအတွက် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ပေါ်နိုင်တာကြောင့် အလှအပချစ်သူတွေအတွက် ဗဟုသုတအနေနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။
(၁) Mascara
မျက်တောင်ကော့တဲ့အခါ အသုံးပြုတဲ့ Mascara ကို သုံးလကနေ လေးလလောက်အထိသာ အသုံးပြုသင့်ပြီး အဲဒီထက်ပိုပြီးအချိန်ကြာကြာ အသုံးပြုမယ်ဆိုရင် မျက်သားခမ်းခြောက်တာ၊ မျက်လုံးထိခိုက်တာမျိုးတွေ ဖြစ်နိုင်တာကြောင့် သုံးလတကြိမ် ပြောင်းလဲသုံးစွဲပေးသင့်ပါတယ်။
(၂) Eyeliner
Eyeliner တွေကတော့ အမျိုးအစားပေါ်မူတည်ပြီး ကြာရှည်ခံပါတယ်။ Liquid Type အရည်ပုံစံဆိုရင်တော့ သုံးလကနေ ခြောက်လလောက်အထိ အသုံးပြုနိုင်ပြီး Pencil Type ဆိုရင်တော့ ခြောက်လကနေ တနှစ်အထိ အသုံးပြုနိုင်ပါတယ်။
(၃) နှုတ်ခမ်းနီ
နှုတ်ခမ်းနီတွေဟာဆိုရင်လည်း အမျိုးအစားပေါ်မူတည်ပြီး အချိန် ၁ နှစ်လောက်ထိ အသုံးပြုနိုင်ပါတယ်။ အရောင်မပြယ်မချင်း အနံ့ဆိုးမထွက်မချင်း အသုံးပြုတာမျိုးကို မပြုလုပ်သင့်ဘဲ Lip Gloss တွေဆိုရင်တော့ ၆ လ ကနေ ၈ လအထိလောက်ပဲ အသုံးပြုသင့်ပါတယ်။
(၄) Foundation and Concealer
မိတ်ကပ်အမြဲလိမ်းတဲ့ ပျိုမေတွေ သိထားသင့်တဲ့ အချက်တခုပဲ ဖြစ်ပါတယ်။ အောက်ခံမိတ်ကပ်နဲ့ Concealer တွေကိုတော့ တနှစ်လောက်အထိ အသုံးပြုနိုင်ပြီး တနှစ်ကျော်သွားရင်တော့ ဆက်လက်အသုံးမပြုသင့်တော့ပါဘူး။
(၅) ရေမွှွေး
ရေမွှေးတွေကတော့ အချိန်ကြာကြာ အသုံးပြုနိုင်တဲ့ အလှကုန်ပစ္စည်းတမျိုးဖြစ်ပါတယ်။ ၃ နှစ်ကနေ ၅ နှစ်လောက်အထိထားပြီး အသုံးပြုနိုင်တာကြောင့် ရေမွှေးစုဆောင်းရတဲ့ ဝါသနာပါသူတွေအတွက်တော့ သတင်းကောင်းပါပဲ။
ဖိုးသူတော် (www.phothutaw.com)
Credit:irrawaddy