ေနျပည္ေတာ္ ၿမိဳ႕မေဈး သုံးဘီးဂိတ္၌ စကားမ်ားရန္ျဖစ္ရာက လည္ပင္းကို ဓားျဖင့္ဆြဲလွီးကာ ထြက္ေျပးခဲ့မႈကို ေမ ၁ ရက္ (ယေန႔)တြင္ အမႈဖြင့္ စစ္ေဆးလ်က္ရွိသည္။

ဧၿပီ ၃၀ ရက္ ညသန္းေခါင္ေက်ာ္ ၁ နာရီ  ၁၅ မိနစ္အခ်ိန္တြင္  ေနျပည္ေတာ္၊ ဇမၺဴသီရိၿမိဳ႕နယ္၊ ေဇယ်ာသီရိရပ္ကြက္ေန အမ်ိဳးသားသည္ ၿမိဳ႕မေဈးကားဝပ္ေရွာ့တန္းရွိ ဝပ္ေရွာ့ဆိုင္တြင္ ရွိေနစဥ္ ၎၏ မယားပါသားျဖစ္သူ ရွမ္းေလး(ခ) ရႈိင္းထက္(၁၈)ႏွစ္မွာ လည္ပင္းတြင္ ျပတ္ရွဒဏ္ရာျဖင့္ ေနျပည္ေတာ္ ကုတင္(၁၀၀၀)ေဆး႐ုံတြင္ ေရာက္ရွိေနေၾကာင္း ေျပာျပသိရွိရ၍ သြားေရာက္ၾကည့္ရႈခဲ့သည္။

စုံစမ္းခ်က္အရ ၿမိဳ႕မေဈး သုံးဘီးဂိတ္တြင္ မ်ိဳးႀကီး(စိစစ္ဆဲ)၊ ေကာင္းျမတ္ေဇာ္(စိစစ္ဆဲ)တို႔ႏွင့္ စကားမ်ားရန္ျဖစ္ရာက ေကာင္းျမတ္ေဇာ္က အသင့္ပါလာေသာ ဓါးျဖင့္  ရွမ္းေလး(ခ)ရႈိင္းထက္၏ လည္ပင္းကို  ဆြဲလွီးကာ ထြက္ေျပးသြားေၾကာင္း ေျပာျပသိရသည္ဆိုကာ သက္ဆိုင္ရာသို႔ တိုင္တန္းခဲ့သည္။

ဇမၺဴသီရိၿမိဳ႕နယ္၊ အမွတ္(၅)နယ္ ေျမရဲစခန္းက (ပ)၂၂/၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၂၆ အရ အမႈဖြင့္ အေရးယူထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mmtimes
# Unicode Version # ျဖင့္ ဖတ္ပါ #


နေပြည်တော် မြို့မဈေး သုံးဘီးဂိတ်၌ စကားများရန်ဖြစ်ရာက လည်ပင်းကို ဓားဖြင့်ဆွဲလှီးကာ ထွက်ပြေးခဲ့မှုကို မေ ၁ ရက် (ယနေ့)တွင် အမှုဖွင့် စစ်ဆေးလျက်ရှိသည်။

ဧပြီ ၃၀ ရက် ညသန်းခေါင်ကျော် ၁ နာရီ  ၁၅ မိနစ်အချိန်တွင်  နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဇေယျာသီရိရပ်ကွက်နေ အမျိုးသားသည် မြို့မဈေးကားဝပ်ရှော့တန်းရှိ ဝပ်ရှော့ဆိုင်တွင် ရှိနေစဉ် ၎င်း၏ မယားပါသားဖြစ်သူ ရှမ်းလေး(ခ) ရှိုင်းထက်(၁၈)နှစ်မှာ လည်ပင်းတွင် ပြတ်ရှဒဏ်ရာဖြင့် နေပြည်တော် ကုတင်(၁၀၀၀)ဆေးရုံတွင် ရောက်ရှိနေကြောင်း ပြောပြသိရှိရ၍ သွားရောက်ကြည့်ရှုခဲ့သည်။

စုံစမ်းချက်အရ မြို့မဈေး သုံးဘီးဂိတ်တွင် မျိုးကြီး(စိစစ်ဆဲ)၊ ကောင်းမြတ်ဇော်(စိစစ်ဆဲ)တို့နှင့် စကားများရန်ဖြစ်ရာက ကောင်းမြတ်ဇော်က အသင့်ပါလာသော ဓါးဖြင့်  ရှမ်းလေး(ခ)ရှိုင်းထက်၏ လည်ပင်းကို  ဆွဲလှီးကာ ထွက်ပြေးသွားကြောင်း ပြောပြသိရသည်ဆိုကာ သက်ဆိုင်ရာသို့ တိုင်တန်းခဲ့သည်။

ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၅)နယ် မြေရဲစခန်းက (ပ)၂၂/၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ အရ အမှုဖွင့် အရေးယူထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:mmtimes
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top