




Credit: 7Day Daily

#Unicode Version# ဖြင့်ဖတ်ပါ ။

ရွှေစက်တော်ဘေးမဲ့ တော၌ တွေ့ရှိသည့် တောက်တဲ့ မျိုးစိတ်သစ်ကို မြန်မာအမည်ပေး ၍ မှတ်တမ်းတင်ခဲ့သည်ဟု သစ် တောဦးစီးဌာန တာဝန်ရှိသူတစ် ဦးက ပြောသည်။

တောက်တဲ့မျိုးစိတ်သစ်ကို သစ်တောဦးစီးဌာနတွင် လက်ရှိ ညွှန်ကြားရေးမှူးချုပ်တာဝန်ထမ်း ဆောင်နေသော ဒေါက်တာညီညီ ကျော်အမည်အစွဲပြု၍ Cyrto-dactylusnyinyikyawi ဟု အမည် ပေးထားပြီး ထိန်းသိမ်းရေးလုပ် ငန်းများ၌ ကူညီပံ့ပိုးမှုများကို ဂုဏ်ပြုသောအားဖြင့် ယင်းအမည်ပေး ခဲ့သည်။

Cyrtodactylusnyinyi-kyawi အမည်ရှိ တောက်တဲ့မျိုး စိတ်သစ်ကို California Academyof Science က ၂၀၀၂ တွင် မကွေး တိုင်းဒေသကြီး မင်းဘူးမြို့နယ် ရွှေစက်တော် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၌ တွားသွားသတ္တဝါ မျိုးစိတ် အခြေအနေကို လေ့လာ စဉ် တွေ့ရှိခဲ့သည်။

အဆိုပါတောက်တဲ့ကို မျိုးရိုး ဗီဇလေ့လာဆန်းစစ်ခြင်းနှင့် ပြင်ပ ရုပ်သွင် ခွဲခြားလေ့လာဆောင် ရွက်ခြင်းမှ တစ်ဆင့် မျိုးစိတ်သစ် ဖြစ်ကြောင်း  တွေ့ရှိပြီး  Magno-lia Press က ထုတ်ဝေသည့် ၂၀၁၉ ဧပြီထုတ် Zootaxa ဂျာနယ်၌ ဖော်ပြခဲ့သည်။

၂၀၁၈ စက်တင်ဘာအတွင်း က ပုပ္ပားတောင်၌ တွေ့ရှိသည့် တောက်တဲ့မျိုးစိတ်သစ်ကို ရှာဖွေ တွေ့ရှိသည့် မြန်မာ လူမျိုးတွား သွားသတ္တဝါပညာရှင် ကိုမြင့်ကျော်သူရအမည်အစွဲပြု၍ Cyr-todactylus Myinkyawthurai ဟု အမည်ပေး သတ်မှတ်ခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top