မၾကာေသးခင္က ေလ့လာေတြ႕ရွိခ်က္အရ ၄၄% ေသာ လက္ထပ္ၿပီးသား စုံတြဲေတြဟာ တစ္ပတ္ကို တစ္ရက္ေလာက္ေတာ့ ရန္ျဖစ္တယ္ဆိုတာကို ေတြ႕ရွိထားပါတယ္။ ဒီေလ့လာေတြ႕ရွိခ်က္ေၾကာင့္ပဲ ခဏခဏရန္ျဖစ္တဲ့စုံတြဲေတြဟာ တစ္ေယာက္ကိုတစ္ေယာက္ တကယ္ခ်စ္တဲ့ စုံတြဲေတြျဖစ္ေၾကာင္း သက္ေသျပနိုင္ခဲ့ပါတယ္။ အေၾကာင္းအရင္းေတြကို ဖတ္ၾကည့္လိုက္ပါဦးေနာ္။

(၁) ရင့္က်က္တဲ့အခ်စ္ေရးျဖစ္တယ္

တစ္ေယာက္နဲ႔တစ္ေယာက္ၾကားမွာ ပြင့္ပြင့္လင္းလင္းရွိတာက အခ်စ္ေရးတစ္ခုအတြက္ အေကာင္းဆုံး အေလ့အက်င့္ျဖစ္ပါတယ္။ ရန္ျဖစ္လိုက္တဲ့အခါ တစ္ေယာက္နဲ႔တစ္ေယာက္ၾကားမွာ မေက်နပ္တာေတြ၊ ရင္ထဲက ဒဏ္ရာေတြကို ပြင့္ပြင့္လင္းလင္းေျပာလိုက္တဲ့အတြက္ စိတ္ထဲမွာ ဘာအၿငိဳးမွ မရွိေတာ့ပါဘူး။ ဒါေၾကာင့္ ခဏခဏရန္ျဖစ္ၿပီး ျပန္တည့္သြားတဲ့ စုံတြဲေတြတိုင္းက အရင္ကထက္ ပိုပိုခ်စ္လာၾကပါတယ္။

(၂) တစ္ေယာက္ကိုတစ္ေယာက္ ဂ႐ုစိုက္ျခင္းပါ

သင့္ခ်စ္သူရဲ့ အျပဳအမူ၊ အမူအယာတစ္ခုခုေၾကာင့္ သင္ေဒါသထြက္သြားတယ္ဆိုတာက သူ႔ကို သင္ဂ႐ုစိုက္လို႔ျဖစ္ပါတယ္။ တစ္ေယာက္ကိုတစ္ေယာက္ ေကာင္းေစခ်င္တဲ့ စိတ္နဲ႔ ျဖစ္တဲ့ျပႆနာေလးေတြ၊ ကေတာက္ကဆေလးေတြက တစ္ေယာက္နဲ႔တစ္ေယာက္ၾကားက အခ်စ္ေတြကို တိုးၿပီးခိုင္ျမဲလာေစပါတယ္။ ခဏတျဖဳတ္ေတာ့ ေဒါသထြက္ေကာင္းထြက္မယ္၊ ဒါေပမယ့္ေနာက္ဆုံးမွာေတာ့ တစ္ေယာက္ေစတနာတစ္ေယာက္ျမင္ၿပီး ပိုခ်စ္သြားၾကတယ္ဆိုတာ ျငင္းလို႔မရပါဘူး။

(၃) စိတ္ေပါ့ပါးေစတယ္

အခ်စ္ေရးတစ္ခု တည္ျမဲေနဖို႔ဆိုတာ လုံးဝမလြယ္ကူတဲ့ကိစၥပါ။ တစ္ေယာက္နဲ႔တစ္ေယာက္ ညႇိရတယ္၊ တစ္ေယာက္ မႀကိဳက္တာ တစ္ေယာက္ေရွာင္ရတယ္၊ အျမဲတမ္းႏွစ္ေယာက္စာ ထည့္စဥ္းစားရတဲ့အခါ တစ္ခါတေလမွာေတာ့ စိတ္မြန္းက်ပ္တဲ့အခါေတြ ရွိတတ္ပါတယ္။ ဒီလိုအခ်ိန္မွာ ရန္ျဖစ္လိုက္တဲ့အခါ တင္းထားသမၽွေတြ ေျပေလ်ာ့သြားၿပီး ရန္ျဖစ္အၿပီးမွာေတာ့ စိတ္ထဲမွာရွိသမၽွ လႊတ္ခ်လိုက္ရတဲ့အတြက္ စိတ္ေပါ့ေပါ့ပါးပါးနဲ႔ ျပန္ခ်စ္နိုင္သြားၾကပါတယ္။

(၄) မၿငီးေငြ႕ေတာ့ဘူး

ရန္ျဖစ္ျခင္းဟာ အခ်စ္ေရးတစ္ခုမွာ လိုအပ္ပါတယ္။ ရန္မျဖစ္တဲ့အခ်စ္ေရးတစ္ခုဟာ ပ်င္းစရာေကာင္းတာေၾကာင့္ ၾကာလာတဲ့အခါတစ္ေယာက္ကိုတစ္ေယာက္ ၿငီးေငြ႕သြားတတ္ပါတယ္။ ရန္ျဖစ္လိုက္တဲ့အခါ တစ္ေယာက္ကိုတစ္ေယာက္ မစြန႔္လႊတ္နိုင္မွန္း ပိုနားလည္လာၾကၿပီး ျပန္ေခ်ာ့ရ၊ ျပန္ခ်စ္ရတာေလးေတြကိုက ၾကည္ႏူးစရာေကာင္းလြန္းေနတာ ျဖစ္ပါတယ္။

(၅) နားလည္မွုေတြတိုးလာတယ္

ရင္ထဲမွာရွိေနတဲ့ မတင္မက်ခံစားခ်က္ေတြကို ၿမိဳသိပ္တာမ်ားသြားတဲ့အခါ အထုံးေတြျဖစ္လာၿပီး ျဖည္လို႔မရျဖစ္သြားတတ္ပါတယ္။ ရန္ျဖစ္လိုက္တဲ့အခါ သူ႔အႀကိဳက္ေတြကို ပိုသိလာၿပီး သူဘာကိုမႀကိဳက္လဲ၊ ဘယ္အရာေတြကို ေရွာင္ေပးရမလဲဆိုတာ ပိုသိလာပါတယ္။

တစ္ေယာက္သေဘာထားကို တစ္ေယာက္ေကာင္းေကာင္း နားလည္သြားတာေၾကာင့္ တစ္ေယာက္နဲ႔တစ္ေယာက္ၾကားမွာ နားလည္မွုေတြ၊ ယုံၾကည္မွုေတြ၊ ခ်စ္ျခင္းေတြပါ တိုးပြားလာတာေၾကာင့္ ခဏခဏရန္ျဖစ္တဲ့ စုံတြဲေတြဟာ တကယ္ခ်စ္ၾကတဲ့သူေတြျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Burmese.asia

#Unicode Version# ျဖင့္ဖတ္ပါ ။

မကြာသေးခင်က လေ့လာတွေ့ရှိချက်အရ ၄၄% သော လက်ထပ်ပြီးသား စုံတွဲတွေဟာ တစ်ပတ်ကို တစ်ရက်လောက်တော့ ရန်ဖြစ်တယ်ဆိုတာကို တွေ့ရှိထားပါတယ်။ ဒီလေ့လာတွေ့ရှိချက်ကြောင့်ပဲ ခဏခဏရန်ဖြစ်တဲ့စုံတွဲတွေဟာ တစ်ယောက်ကိုတစ်ယောက် တကယ်ချစ်တဲ့ စုံတွဲတွေဖြစ်ကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။ အကြောင်းအရင်းတွေကို ဖတ်ကြည့်လိုက်ပါဦးနော်။

(၁) ရင့်ကျက်တဲ့အချစ်ရေးဖြစ်တယ်

တစ်ယောက်နဲ့တစ်ယောက်ကြားမှာ ပွင့်ပွင့်လင်းလင်းရှိတာက အချစ်ရေးတစ်ခုအတွက် အကောင်းဆုံး အလေ့အကျင့်ဖြစ်ပါတယ်။ ရန်ဖြစ်လိုက်တဲ့အခါ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ မကျေနပ်တာတွေ၊ ရင်ထဲက ဒဏ်ရာတွေကို ပွင့်ပွင့်လင်းလင်းပြောလိုက်တဲ့အတွက် စိတ်ထဲမှာ ဘာအငြိုးမှ မရှိတော့ပါဘူး။ ဒါကြောင့် ခဏခဏရန်ဖြစ်ပြီး ပြန်တည့်သွားတဲ့ စုံတွဲတွေတိုင်းက အရင်ကထက် ပိုပိုချစ်လာကြပါတယ်။

(၂) တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ခြင်းပါ

သင့်ချစ်သူရဲ့ အပြုအမူ၊ အမူအယာတစ်ခုခုကြောင့် သင်ဒေါသထွက်သွားတယ်ဆိုတာက သူ့ကို သင်ဂရုစိုက်လို့ဖြစ်ပါတယ်။ တစ်ယောက်ကိုတစ်ယောက် ကောင်းစေချင်တဲ့ စိတ်နဲ့ ဖြစ်တဲ့ပြဿနာလေးတွေ၊ ကတောက်ကဆလေးတွေက တစ်ယောက်နဲ့တစ်ယောက်ကြားက အချစ်တွေကို တိုးပြီးခိုင်မြဲလာစေပါတယ်။ ခဏတဖြုတ်တော့ ဒေါသထွက်ကောင်းထွက်မယ်၊ ဒါပေမယ့်နောက်ဆုံးမှာတော့ တစ်ယောက်စေတနာတစ်ယောက်မြင်ပြီး ပိုချစ်သွားကြတယ်ဆိုတာ ငြင်းလို့မရပါဘူး။

(၃) စိတ်ပေါ့ပါးစေတယ်

အချစ်ရေးတစ်ခု တည်မြဲနေဖို့ဆိုတာ လုံးဝမလွယ်ကူတဲ့ကိစ္စပါ။ တစ်ယောက်နဲ့တစ်ယောက် ညှိရတယ်၊ တစ်ယောက် မကြိုက်တာ တစ်ယောက်ရှောင်ရတယ်၊ အမြဲတမ်းနှစ်ယောက်စာ ထည့်စဉ်းစားရတဲ့အခါ တစ်ခါတလေမှာတော့ စိတ်မွန်းကျပ်တဲ့အခါတွေ ရှိတတ်ပါတယ်။ ဒီလိုအချိန်မှာ ရန်ဖြစ်လိုက်တဲ့အခါ တင်းထားသမျှတွေ ပြေလျော့သွားပြီး ရန်ဖြစ်အပြီးမှာတော့ စိတ်ထဲမှာရှိသမျှ လွှတ်ချလိုက်ရတဲ့အတွက် စိတ်ပေါ့ပေါ့ပါးပါးနဲ့ ပြန်ချစ်နိုင်သွားကြပါတယ်။

(၄) မငြီးငွေ့တော့ဘူး

ရန်ဖြစ်ခြင်းဟာ အချစ်ရေးတစ်ခုမှာ လိုအပ်ပါတယ်။ ရန်မဖြစ်တဲ့အချစ်ရေးတစ်ခုဟာ ပျင်းစရာကောင်းတာကြောင့် ကြာလာတဲ့အခါတစ်ယောက်ကိုတစ်ယောက် ငြီးငွေ့သွားတတ်ပါတယ်။ ရန်ဖြစ်လိုက်တဲ့အခါ တစ်ယောက်ကိုတစ်ယောက် မစွန့်လွှတ်နိုင်မှန်း ပိုနားလည်လာကြပြီး ပြန်ချော့ရ၊ ပြန်ချစ်ရတာလေးတွေကိုက ကြည်နူးစရာကောင်းလွန်းနေတာ ဖြစ်ပါတယ်။

(၅) နားလည်မှုတွေတိုးလာတယ်

ရင်ထဲမှာရှိနေတဲ့ မတင်မကျခံစားချက်တွေကို မြိုသိပ်တာများသွားတဲ့အခါ အထုံးတွေဖြစ်လာပြီး ဖြည်လို့မရဖြစ်သွားတတ်ပါတယ်။ ရန်ဖြစ်လိုက်တဲ့အခါ သူ့အကြိုက်တွေကို ပိုသိလာပြီး သူဘာကိုမကြိုက်လဲ၊ ဘယ်အရာတွေကို ရှောင်ပေးရမလဲဆိုတာ ပိုသိလာပါတယ်။

တစ်ယောက်သဘောထားကို တစ်ယောက်ကောင်းကောင်း နားလည်သွားတာကြောင့် တစ်ယောက်နဲ့တစ်ယောက်ကြားမှာ နားလည်မှုတွေ၊ ယုံကြည်မှုတွေ၊ ချစ်ခြင်းတွေပါ တိုးပွားလာတာကြောင့် ခဏခဏရန်ဖြစ်တဲ့ စုံတွဲတွေဟာ တကယ်ချစ်ကြတဲ့သူတွေဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:Burmese.asia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top