ဖိုးလျပည့္လို႔ ပရိသတ္ေတြခ်စ္စနိုးနဲ႔ေခၚၾကတဲ့ ေနေရႊေသြးေအာင္ဟာ အနုပညာဝါသနာထံုသူျဖစ္ျပီး cover song ေတာ္ေတာ္မ်ားမ်ားကုိ ျပန္သီဆိုထားသလို Cover MTV ေတြပါရိုက္္ကူးထားသူပါ။ ဖိုးလျပည့္က အခုအခါမွာေတာ့ အနုပညာေလာကထဲမွာ ေျခလွမ္းတစ္ခုတိုးလာျပီလို႔ဆိုရမွာပါ။ အဲဒါကေတာ့ သရုပ္ေဆာင္တစ္ေယာက္အျဖစ္ စတင္လွမ္းလိုက္တဲ့ ေျခလွမ္းပဲျဖစ္ပါတယ္။ ဖိုးလျပည့္နဲ႔ ေနျခည္ဦးနဲ႔ မၾကာခဏဆံုေတြ႕ျပီးစကားေျပာေနတဲ့ဓာတ္ပံုေတြကုိ ဖိုးလျပည့္ေရာ ေနျခည္ေရာက သူတို႔ရဲ႕ လူမႈကြန္ယက္ My Day ေတြမွာတင္ထားတဲ့အခ်ိန္ကာလေတြကုိ အားလံုးပဲမွတ္မိၾကဦးမွာပါ။ အဲဒီမွာ ပရိသတ္ေတာ္ေတာ္မ်ားမ်ားက သူတု႔ိနွစ္ေယာက္ ေပါင္းျပီး အနုပညာတစ္ခုခုမ်ားလက္္တြဲလုပ္ဖို႔ရွိမလားလို႔ ေမွ်ာ္လင့္ရင္္ခုန္ေနခဲ့ၾကပါေသးတယ္။

အခုေတာ့ ပရိသတ္ေတြရင္ခုန္တာ တကယ္ျဖစ္လာျပီလားလို႔ ေမးခြန္းထုတ္စရာပါပဲ။ ဖိုးလျပည့္နဲ႔ ေနျခည္ဦး လက္တဲဲြျပီး ရုပ္ရွင္ကားၾကီးတစ္ကားကုိ စတင္ရိုက္ကူးေနျပီဆိုတဲ့ သတင္းေတြထြက္လာခဲ့ပါတယ္။ ရုပ္ရွင္ရဲ႕နာမည္ကေတာ့ “အခမ္းနားဆံုးေမတၱာ”လို႔ သိရပါတယ္။ ဒီဇာတ္ကားၾကီးရဲ႕ ဇာတ္္လမ္း၊ဇာတ္ညြန္းကုိ မိုးနီလြင္က တာဝန္ယူထားျပီး ဒါရိုက္တာက (အာရုဏ္ဦး) ပြင့္သဂႌေဇာ္လို႔ၾကားသိရပါတယ္။ သရုပ္ေဆာင္ေတြကေတာ့ ရဲေအာင္၊ ထိပ္တန္းမင္းသား ေနတိုးနဲ႔ မင္းသမီး ေနျခည္ဦးလည္းပါဝင္ပါတယ္။ ဒါ့အျပင္ သူရိယ၊တိုင္ရြန္၊ စုိးျမတ္သူဇာ၊ေမဘရဏီေသာ္နဲ႔ အျခားအနုပညာရွင္ေတြမ်ားစြာပါလို႔ ရင္ခုန္ေမွ်ာ္လင့္ေစာင့္စားရမယ့္ဇာတ္ကားၾကီးလို႔ဆိုရမွာပါ။ အဲဒီ ဇာတ္ကားၾကီးကိုရိုက္ကူးေနတဲ့ ရုိက္ကြင္းမွာ ေနျခည္ဦးနဲ႔ ဖိုးလျပည့္ကုိ ေပ်ာ္ရႊင္စြာအတူလက္တြဲရုိက္ကူးေနတာျမင္ရတာေၾကာင့္ ဒီဇာတ္ကားမွာ ဖုိးလျပည့္ဟာလည္း အဓိကသရုပ္ေဆာင္အေနနဲ႔ပါဝင္လာနုိင္တယ္ဆိုတဲ့ ခန္႔မွန္းခ်က္ေတြထြက္လာခဲ့ပါတယ္။



အခုအခ်ိန္အထိေတာ့ဘယ္သူက ဘယ္ကာရိုက္တာဆိုတာမ်ိဳး တစ္စြန္းတစ္မွ မၾကားသိရေသးပါဘူး။ 7thSense Production က တင္ထားတဲ့ ရို္က္ကြင္း video ေလးထဲမွာေတာ့ ဖိုးလျပည့္နဲ႔ ေနျခည္ဦးဟာ အေပးအယူမွ်မွ်နဲ႔သရုပ္ေဆာင္ေနၾကတာကုိျမင္ရျပီး တစ္ေယာက္နဲ႔တစ္ေယာက္တြန္းထိုးစေနာက္ေပ်ာ္ရႊင္ေနတာကုိလည္း ၾကည္နူးစရာျမင္္ေတြ႕ရပါတယ္။ ကုိေနတိုးကလည္း ရိုက္ကြင္းထဲမွာ ျဖဴေဖြးနုဖတ္စြာေခ်ာေမာေနတာကို ေတြ႕ရပါေသးတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ ဖိုးလျပည့္၊ေနျခည္ဦးနဲ႔ ေနတိုးတို႔ကုိ အျပိဳင္အဆိုင္ေတြ႕ရနုိင္တဲ့့အခမ္းနားဆံုးေမတၱာဇာတ္ကားၾကီီးကုိ ၾကည့္ရႈ႕အားေပးဖို႔အဆင္သင့္ပဲလား။ ဖိုးလျပည့္္နဲ႔ ေနျခည္ဦးရဲ႕ေနာက္ထပ္အနုပညာေတြကုိေရာအားေပးၾကမွာလား။ေျပာခဲ့့ၾကပါဦး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Can’t Wait To Say
# Unicode Version # ျဖင့္ ဖတ္ပါ #



ဖိုးလပြည့်လို့ ပရိသတ်တွေချစ်စနိုးနဲ့ခေါ်ကြတဲ့ နေရွှေသွေးအောင်ဟာ အနုပညာဝါသနာထုံသူဖြစ်ပြီး cover song တော်တော်များများကို ပြန်သီဆိုထားသလို Cover MTV တွေပါရိုက်ကူးထားသူပါ။ ဖိုးလပြည့်က အခုအခါမှာတော့ အနုပညာလောကထဲမှာ ခြေလှမ်းတစ်ခုတိုးလာပြီလို့ဆိုရမှာပါ။ အဲဒါကတော့ သရုပ်ဆောင်တစ်ယောက်အဖြစ် စတင်လှမ်းလိုက်တဲ့ ခြေလှမ်းပဲဖြစ်ပါတယ်။ ဖိုးလပြည့်နဲ့ နေခြည်ဦးနဲ့ မကြာခဏဆုံတွေ့ပြီးစကားပြောနေတဲ့ဓာတ်ပုံတွေကို ဖိုးလပြည့်ရော နေခြည်ရောက သူတို့ရဲ့ လူမှုကွန်ယက် My Day တွေမှာတင်ထားတဲ့အချိန်ကာလတွေကို အားလုံးပဲမှတ်မိကြဦးမှာပါ။ အဲဒီမှာ ပရိသတ်တော်တော်များများက သူတု့ိနှစ်ယောက် ပေါင်းပြီး အနုပညာတစ်ခုခုများလက်တွဲလုပ်ဖို့ရှိမလားလို့ မျှော်လင့်ရင်ခုန်နေခဲ့ကြပါသေးတယ်။

အခုတော့ ပရိသတ်တွေရင်ခုန်တာ တကယ်ဖြစ်လာပြီလားလို့ မေးခွန်းထုတ်စရာပါပဲ။ ဖိုးလပြည့်နဲ့ နေခြည်ဦး လက်တဲွဲပြီး ရုပ်ရှင်ကားကြီးတစ်ကားကို စတင်ရိုက်ကူးနေပြီဆိုတဲ့ သတင်းတွေထွက်လာခဲ့ပါတယ်။ ရုပ်ရှင်ရဲ့နာမည်ကတော့ “အခမ်းနားဆုံးမေတ္တာ”လို့ သိရပါတယ်။ ဒီဇာတ်ကားကြီးရဲ့ ဇာတ်လမ်း၊ဇာတ်ညွန်းကို မိုးနီလွင်က တာဝန်ယူထားပြီး ဒါရိုက်တာက (အာရုဏ်ဦး) ပွင့်သင်္ဂီဇော်လို့ကြားသိရပါတယ်။ သရုပ်ဆောင်တွေကတော့ ရဲအောင်၊ ထိပ်တန်းမင်းသား နေတိုးနဲ့ မင်းသမီး နေခြည်ဦးလည်းပါဝင်ပါတယ်။ ဒါ့အပြင် သူရိယ၊တိုင်ရွန်၊ စိုးမြတ်သူဇာ၊မေဘရဏီသော်နဲ့ အခြားအနုပညာရှင်တွေများစွာပါလို့ ရင်ခုန်မျှော်လင့်စောင့်စားရမယ့်ဇာတ်ကားကြီးလို့ဆိုရမှာပါ။ အဲဒီ ဇာတ်ကားကြီးကိုရိုက်ကူးနေတဲ့ ရိုက်ကွင်းမှာ နေခြည်ဦးနဲ့ ဖိုးလပြည့်ကို ပျော်ရွှင်စွာအတူလက်တွဲရိုက်ကူးနေတာမြင်ရတာကြောင့် ဒီဇာတ်ကားမှာ ဖိုးလပြည့်ဟာလည်း အဓိကသရုပ်ဆောင်အနေနဲ့ပါဝင်လာနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေထွက်လာခဲ့ပါတယ်။

အခုအချိန်အထိတော့ဘယ်သူက ဘယ်ကာရိုက်တာဆိုတာမျိုး တစ်စွန်းတစ်မှ မကြားသိရသေးပါဘူး။ 7thSense Production က တင်ထားတဲ့ ရိုက်ကွင်း video လေးထဲမှာတော့ ဖိုးလပြည့်နဲ့ နေခြည်ဦးဟာ အပေးအယူမျှမျှနဲ့သရုပ်ဆောင်နေကြတာကိုမြင်ရပြီး တစ်ယောက်နဲ့တစ်ယောက်တွန်းထိုးစနောက်ပျော်ရွှင်နေတာကိုလည်း ကြည်နူးစရာမြင်တွေ့ရပါတယ်။ ကိုနေတိုးကလည်း ရိုက်ကွင်းထဲမှာ ဖြူဖွေးနုဖတ်စွာချောမောနေတာကို တွေ့ရပါသေးတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ဖိုးလပြည့်၊နေခြည်ဦးနဲ့ နေတိုးတို့ကို အပြိုင်အဆိုင်တွေ့ရနိုင်တဲ့အခမ်းနားဆုံးမေတ္တာဇာတ်ကားကြီးကို ကြည့်ရှု့အားပေးဖို့အဆင်သင့်ပဲလား။ ဖိုးလပြည့််နဲ့ နေခြည်ဦးရဲ့နောက်ထပ်အနုပညာတွေကိုရောအားပေးကြမှာလား။ပြောခဲ့ကြပါဦး။

ဖိုးသူတော် (www.phothutaw.com)
Credit:Can’t Wait To Say
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top