ပ်ံလြန္ေတာ္မူတာ ၁၄ ရက္ရွိၿပီျဖစ္တဲ့ ပဲခူးၿမိဳ႕ ေအာင္သုခဓမၼရိပ္သာေက်ာင္းတုိက္က ဆရာေတာ္ဘုရားႀကီးရဲ႕ ႐ုပ္ကလာပ္ေတာ္ဟာ ပုပ္ပြ ပ်က္စီးျခင္းမရွိတဲ့အတြက္ မီးသၿဂႋဳဟ္ပူေဇာ္မယ့္ အဖဲြ႔နဲ႔ ေက်ာင္းမွာ ဒီအတုိင္းထား ပူေဇာ္မယ့္အဖဲြ႔တုိ႔ နွစ္ဖဲြ႔ အျငင္းပြားမႈ ျဖစ္ေပၚေနပါတယ္။

ပဲခူးၿမိဳ႕ေအာင္ သုခဓမၼရိပ္သာေက်ာင္းတိုက္က သက္ေတာ္ (၉၆) ႏွစ္၊ ၀ါေတာ္ ၄၃ ၀ါျဖစ္တဲ့ ေအာင္သုခဓမၼရိပ္သာႀကီးရဲ႕ အဓိပတိ မဟာနာယက ဆရာေတာ္ဘုရားႀကီး ဘဒၵႏၱစႏီၵမာ ဆရာေတာ္ဘုရားႀကီးဟာ ဧၿပီ ၂၇ ရက္ေန႔က ပ်ံလြန္ေတာ္မူခဲ့ပါတယ္။

နွစ္ဖဲြ႔အျငင္း ပြားမႈေတြ ျဖစ္ေပၚေနတဲ့အတြက္ ေမလ ၁၀ ရက္ေန႔က ပဲခူးၿမိဳ႕နယ္ သံဃနာယက ဆရာေတာ္ေတြထံမွာ ေျဖရွင္းမႈေတြ ျပဳလုပ္ၾကပါတယ္၊

ဆရာေတာ္ဘုရားႀကီးဟာ ပ်ံလြန္ေတာ္မူတဲ့ေန႔ကစၿပီး ဒီေန႔အထိတိုင္ေအာင္ မပုပ္မသိုးဘဲ ရွိေနတဲ့အတြက္ မီးသၿဂႋဳဟ္တာထက္စာရင္ ႐ုပ္ကလာပ္ေတာ္ကုိ ဒီအတုိင္းထားပူေဇာ္တာက အမ်ား ျပည္သူအတြက္ အက်ိဳးမ်ားမယ္လို႔ ယုဆၿပီး ေယာဂီတခ်ိဳ႕ ဆရာေတာ္ဘုရားႀကီးရဲ႕ ႐ုပ္ကလာပ္ေတာ္အား ဒီအတိုင္းထားပူေဇာ္လိုၾကတယ္လို႔ ေယာဂီ ေဒၚခင္ခင္သင္းက ေျပာပါတယ္။

ေအာင္သုခဓမၼရိပ္သာေက်ာင္းတုိက္က ဆရာေတာ္ႀကီးရဲ႕တျပည့္ ဆရာေတာ္ဥဴးစေႏၵာဘာသက “ဆရာေတာ္ဘုရားႀကီး ပ်ံလြန္ေတာ္မမူခင္ႀကိဳတင္ၿပီး သူ႔ရဲ႕စ်ာပနပဲြကုိ မွာၾကားခဲ့တာေတြ ရွိပါတယ္၊။ ပ်ံလြန္ေတာ္မူသြားၿပီးတဲ့အခါ သူ႔႐ုပ္ကလာပ္ကို ၇ ရက္ထားဖို႔၊ ၿပီးရင္ အ႐ုိးျပာက်ေအာင္ မီးသၿဂႋဳဟ္ပါ။ ျပာကုိ ေက်ာင္းတုိက္အတြင္းက ေစတီမွာ ဂူသြင္းပူေဇာ္ပါဆိုၿပီး မွာၾကားခဲ့တာေတြရွိပါတယ္။ ဒါေပမယ့့္ တျပည့္ ဒကာ၊ဒကာမေတြရဲ႕သဒၵါတရားကုိငဲ့ၿပီး ၇ ရက္ကေန ခုဆို ၁၄ ရက္အထိ ထားေပးထားပါတယ္။ ဒါေၾကာင့့္ ဆရာေတာ္ ဘုရားႀကီးရဲ႕ ၾသ၀ါဒမိန္႔မွာခဲ့တဲ့အတုိင္း မီးပူေဇာ္ဖုိ႔ပဲရွိပါတယ္” လို႔ မိန္႔ၾကားပါတယ္။

အျငင္းပြားေနမႈ နဲ႔ ပတ္သက္ၿပီး ပဲခူးၿမိဳ ့နယ္ သံဃနာယက ဥကၠ႒ ဆရာေတာ္ကေနၿပီး ဆရာေတာ္ဘုရားႀကီးရဲ႕ အႏၱိမအဂၢိစ်ာပနကို ဆက္လက္ေဆာင္ရြက္ဖို႔ မိန္ၾ႔ကားခဲ့ပါတယ္။

ဆရာေတာ္ဘုရားႀကီး အႏၱိမစ်ာပနကို ေမ ၁၂ ရက္ေန႔မွာ အမွတ္ ၇၇ ေျချမန္တပ္မ ဌာနခ်ဳပ္ရဟတ္ယာဥ္ကြင္းမွာ မီးပူေဇာ္သြားမယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:ေအာင္စိုးမိုး
 DVB
#Unicode Version#
ပျံလွန်တော်မူတာ ၁၄ ရက်ရှိပြီဖြစ်တဲ့ ပဲခူးမြို့ အောင်သုခဓမ္မရိပ်သာကျောင်းတိုက်က ဆရာတော်ဘုရားကြီးရဲ့ ရုပ်ကလာပ်တော်ဟာ ပုပ်ပွ ပျက်စီးခြင်းမရှိတဲ့အတွက် မီးသြင်္ဂိုဟ်ပူဇော်မယ့် အဖွဲ့နဲ့ ကျောင်းမှာ ဒီအတိုင်းထား ပူဇော်မယ့်အဖွဲ့တို့ နှစ်ဖွဲ့ အငြင်းပွားမှု ဖြစ်ပေါ်နေပါတယ်။

ပဲခူးမြို့အောင် သုခဓမ္မရိပ်သာကျောင်းတိုက်က သက်တော် (၉၆) နှစ်၊ ဝါတော် ၄၃ ဝါဖြစ်တဲ့ အောင်သုခဓမ္မရိပ်သာကြီးရဲ့ အဓိပတိ မဟာနာယက ဆရာတော်ဘုရားကြီး ဘဒ္ဒန္တစန္ဒီမာ ဆရာတော်ဘုရားကြီးဟာ ဧပြီ ၂၇ ရက်နေ့က ပျံလွန်တော်မူခဲ့ပါတယ်။

နှစ်ဖွဲ့အငြင်း ပွားမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် မေလ ၁၀ ရက်နေ့က ပဲခူးမြို့နယ် သံဃနာယက ဆရာတော်တွေထံမှာ ဖြေရှင်းမှုတွေ ပြုလုပ်ကြပါတယ်၊

ဆရာတော်ဘုရားကြီးဟာ ပျံလွန်တော်မူတဲ့နေ့ကစပြီး ဒီနေ့အထိတိုင်အောင် မပုပ်မသိုးဘဲ ရှိနေတဲ့အတွက် မီးသြင်္ဂိုဟ်တာထက်စာရင် ရုပ်ကလာပ်တော်ကို ဒီအတိုင်းထားပူဇော်တာက အများ ပြည်သူအတွက် အကျိုးများမယ်လို့ ယုဆပြီး ယောဂီတချို့ ဆရာတော်ဘုရားကြီးရဲ့ ရုပ်ကလာပ်တော်အား ဒီအတိုင်းထားပူဇော်လိုကြတယ်လို့ ယောဂီ ဒေါ်ခင်ခင်သင်းက ပြောပါတယ်။

အောင်သုခဓမ္မရိပ်သာကျောင်းတိုက်က ဆရာတော်ကြီးရဲ့တပြည့် ဆရာတော်ဥူးစန္ဒောဘာသက “ဆရာတော်ဘုရားကြီး ပျံလွန်တော်မမူခင်ကြိုတင်ပြီး သူ့ရဲ့ဈာပနပွဲကို မှာကြားခဲ့တာတွေ ရှိပါတယ်၊။ ပျံလွန်တော်မူသွားပြီးတဲ့အခါ သူ့ရုပ်ကလာပ်ကို ၇ ရက်ထားဖို့၊ ပြီးရင် အရိုးပြာကျအောင် မီးသြင်္ဂိုဟ်ပါ။ ပြာကို ကျောင်းတိုက်အတွင်းက စေတီမှာ ဂူသွင်းပူဇော်ပါဆိုပြီး မှာကြားခဲ့တာတွေရှိပါတယ်။ ဒါပေမယ့် တပြည့် ဒကာ၊ဒကာမတွေရဲ့သဒ္ဒါတရားကိုငဲ့ပြီး ၇ ရက်ကနေ ခုဆို ၁၄ ရက်အထိ ထားပေးထားပါတယ်။ ဒါကြောင့် ဆရာတော် ဘုရားကြီးရဲ့ သြဝါဒမိန့်မှာခဲ့တဲ့အတိုင်း မီးပူဇော်ဖို့ပဲရှိပါတယ်” လို့ မိန့်ကြားပါတယ်။

အငြင်းပွားနေမှု နဲ့ ပတ်သက်ပြီး ပဲခူးမြို့နယ် သံဃနာယက ဥက္ကဋ္ဌ ဆရာတော်ကနေပြီး ဆရာတော်ဘုရားကြီးရဲ့ အန္တိမအဂ္ဂိဈာပနကို ဆက်လက်ဆောင်ရွက်ဖို့ မိန်ြ့ကားခဲ့ပါတယ်။

ဆရာတော်ဘုရားကြီး အန္တိမဈာပနကို မေ ၁၂ ရက်နေ့မှာ အမှတ် ၇၇ ခြေမြန်တပ်မ ဌာနချုပ်ရဟတ်ယာဉ်ကွင်းမှာ မီးပူဇော်သွားမယ်လို့ သိရပါတယ်။

ဖိုးသူတော်(www.phothutaw.com)
Credit:အောင်စိုးမိုး

 DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top