ဖားကန္႔တြင္ ႏြံကန္ပြင့္ က်မႈႏွင့္ ေတာင္ကမ္းပါးယံၿပိဳက် မႈေၾကာင့္ လူ ၆၀ ခန္႔ ေသဆံုး၍ အႏၲရာယ္ရွိေသာ လုပ္ကြက္အခ်ိဳ႕ ကို ပိတ္သိမ္းထားစဥ္ ေတာင္ ကမ္းပါးယံၿပိဳက်မႈ ထပ္မံျဖစ္ပြား ရာ ေက်ာက္တူးေနသူႏွစ္ဦး ေသ ဆံုးၿပီး ႏွစ္ဦးဒဏ္ရာရခဲ့သည္။

ေမလ ၄ ရက္ ညေန ၄ နာရီ ခြဲခန္႔က ဖားကန္႔ၿမိဳ႕နယ္ ေတာင္ ေကာ့ေက်းရြာရွိ သက္တမ္းကုန္ လုပ္ကြက္ေဟာင္းတြင္ ေတာင္ ကမ္းယံၿပိဳက်မႈျဖစ္ပြားျခင္းျဖစ္ သည္။

‘‘ေက်ာက္တူးေနခ်ိန္မွာ အ ေပၚဘက္က ေတာင္ကမ္းပါးယံ ၿပိဳက်ၿပီး ထိခိုက္ကုန္တာ။ ႏွစ္ဦး ေသဆံုးၿပီး ႏွစ္ဦးဒဏ္ရာရတယ္။ ဒဏ္ရာရသူေတြေဆး႐ံုမွာ’’ ဟု ဖားကန္႔ၿမိဳ႕နယ္ မီးသတ္ဦးစီးဌာန မွ ဦးေျပၿငိမ္းက ေျပာသည္။

ဒဏ္ရာရသူႏွစ္ဦးအနက္ တစ္ဦးသည္ အေျခအေန ျပင္းထန္သည္ဟု ေဒသအေျခစိုက္ လူမႈကူညီေရးအဖြဲ႕မ်ားက ေျပာသည္။

ဖားကန္႔ၿမိဳ႕နယ္တြင္ ၿပီးခဲ့ သည့္ ဧၿပီ ၂၂ ရက္ညႏွင့္ ၂၅ ရက္ နံနက္က ႏြံကန္ပြင့္က်မႈ၊ ေက်ာက္ေဆာင္ၿပိဳက်မႈႏွင့္ေျမ စာပံုၿပိဳက်မႈတစ္ႀကိမ္စီ ျဖစ္ပြားၿပီး လူ ၅၈ ဦးေသဆံုးကာ တစ္ဦးေျခ ေထာက္မ်ား ျပတ္ေတာက္ခဲ့ သည္။ သယံဇာတႏွင့္ သဘာဝ ပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ ႀကီးဌာန ဦးေဆာင္ၫႊန္ၾကားေရး မွဴးတစ္ဦး ဦးေဆာင္၍ ကြင္းဆင္း စစ္ေဆးၿပီး အႏၲရာယ္ရွိေသာ လုပ္ကြက္ ၁၇ ခုကို ပိတ္သိမ္းခဲ့ သည္။ ကုမၸဏီမ်ားက တူးေဖာ္ ေနသည့္ လုပ္ကြက္မဟုတ္ေသာ သက္တမ္းလြန္လုပ္ကြက္မ်ား တြင္ ေျမစာပံုႏွင့္ ေက်ာက္ကမ္းပါး ယံၿပိဳက်ႏိုင္သည့္ ေနရာအခ်ိဳ႕ရွိ ေနေသးသည္ဟု ေဒသခံမ်ားက သတိေပးသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:7daydaily

#Unicode Version#
ဖားကန့်တွင် နွံကန်ပွင့် ကျမှုနှင့် တောင်ကမ်းပါးယံပြိုကျ မှုကြောင့် လူ ၆၀ ခန့် သေဆုံး၍ အန္တရာယ်ရှိသော လုပ်ကွက်အချို့ ကို ပိတ်သိမ်းထားစဉ် တောင် ကမ်းပါးယံပြိုကျမှု ထပ်မံဖြစ်ပွား ရာ ကျောက်တူးနေသူနှစ်ဦး သေ ဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့သည်။

မေလ ၄ ရက် ညနေ ၄ နာရီ ခွဲခန့်က ဖားကန့်မြို့နယ် တောင် ကော့ကျေးရွာရှိ သက်တမ်းကုန် လုပ်ကွက်ဟောင်းတွင် တောင် ကမ်းယံပြိုကျမှုဖြစ်ပွားခြင်းဖြစ် သည်။

‘‘ကျောက်တူးနေချိန်မှာ အ ပေါ်ဘက်က တောင်ကမ်းပါးယံ ပြိုကျပြီး ထိခိုက်ကုန်တာ။ နှစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရတယ်။ ဒဏ်ရာရသူတွေဆေးရုံမှာ’’ ဟု ဖားကန့်မြို့နယ် မီးသတ်ဦးစီးဌာန မှ ဦးပြေငြိမ်းက ပြောသည်။

ဒဏ်ရာရသူနှစ်ဦးအနက် တစ်ဦးသည် အခြေအနေ ပြင်းထန်သည်ဟု ဒေသအခြေစိုက် လူမှုကူညီရေးအဖွဲ့များက ပြောသည်။

ဖားကန့်မြို့နယ်တွင် ပြီးခဲ့ သည့် ဧပြီ ၂၂ ရက်ညနှင့် ၂၅ ရက် နံနက်က နွံကန်ပွင့်ကျမှု၊ ကျောက်ဆောင်ပြိုကျမှုနှင့်မြေ စာပုံပြိုကျမှုတစ်ကြိမ်စီ ဖြစ်ပွားပြီး လူ ၅၈ ဦးသေဆုံးကာ တစ်ဦးခြေ ထောက်များ ပြတ်တောက်ခဲ့ သည်။ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန် ကြီးဌာန ဦးဆောင်ညွှန်ကြားရေး မှူးတစ်ဦး ဦးဆောင်၍ ကွင်းဆင်း စစ်ဆေးပြီး အန္တရာယ်ရှိသော လုပ်ကွက် ၁၇ ခုကို ပိတ်သိမ်းခဲ့ သည်။ ကုမ္ပဏီများက တူးဖော် နေသည့် လုပ်ကွက်မဟုတ်သော သက်တမ်းလွန်လုပ်ကွက်များ တွင် မြေစာပုံနှင့် ကျောက်ကမ်းပါး ယံပြိုကျနိုင်သည့် နေရာအချို့ရှိ နေသေးသည်ဟု ဒေသခံများက သတိပေးသည်။


ဖိုးသူတော်(www.phothutaw.com)
Credit:7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top