သမီး ကေလးေလး ဆရာ့ကိုေပးေနာ္ သူ ကၽြန္ေတာ့္္ကို ၾကည့္သည္။ ျပီးေတာ့ ေခါင္းကို တြင္တြင္ခါသည္။ ဆရာခ်စ္လို႕ ဆရာ့ကို ေပးေလမေပးပါဘူး ဆရာရဲ႕ သမီးလည္း ခ်စ္လို႕ပါ။

ခုပဲ သမီးက ပိုက္ဆံမရွိဘူးဆို၊ ကေလးေလးကို ဘယ္သူေကၽြးမွာလဲ သမီးေဖၾကီးေကၽြးမွာ။ သမီးက ကေလးထိန္းမွာ၊ မေပးဘူး၊ မေပးဘူး သူ႕ေဘးက မ်က္စိတစ္ဘက္ ကြယ္ေနေသာ တံငါသည္ အေဖအိုၾကီးကို ၾကည့္ရင္း သူက ေျပာရွာသည္။

တကယ္ေတာ့ သူဆိုေသာ မိန္းကေလးသည္ စိ္တ္မႏွံ႔သူေလး တစ္ေယာက္၊ ဒီကိုယ္၀န္ ဘယ္လို ရခဲ့မွန္းမသိ။ ဒီကိုယ္၀န္ကို ဖ်က္ခ်ဖို႔ သူ႔ရြာကလူေတြ ေျပာေတာ့ သူ တြင္တြင္ ေခါင္းခါသည္။ “သမီး ကေလးကို ခ်စ္လို႕ပါေနာ္။ သမီး ေမြးမွာေနာ္”တဲ့။

သူ႕ကို အမOG ေဒါက္တာနီနီေဇာ္က အနီးကပ္ ေစာင့္ေရွာက္သည္။ စိတ္ဆရာ၀န္ ေဒါက္တာသီဟေလးေဆြက ေဆးကုေပးသည္။ သားဖြားဆရာမေလးက ရြာမွာ သြားၾကည့္ေပးသည္။ ေမြးခ်ိန္တန္ေတာ့ ေဆးရံုမွာ အခမဲ့ ေလစုပ္ေမြးေပးသည္။ ဒီေန႕ သူ (၂၂)ရက္ ျပည့္ျပီ။ အမ OG က သူ႕ကို စိတ္မခ်၊ ျပန္ၾကည့္သည္။

ကေလးေလးက ခ်စ္စရာေလး။ သားေလး။သူကလည္း ကေလးကို ခ်စ္လိုက္တာ တုန္လို႕။ အေဖအိုၾကီးက တံငါသည္ ဆိုေပမယ့္ အသက္ၾကီးေတာ့ ငါးမရွာႏိုင္ေတာ့ျပီ။

ေဆးလူမႈ ဆက္ဆံေရးက ကိုေဇာ္ထြန္းႏိုင္က ကၽြန္ေတ္ာ့ထံ သူ႔ကို ေခၚလာသည္။ ကေလးကို ကၽြန္ေတာ့္ကို ေပးပါလားဆိုေတာ့ စိတ္မႏွံ႔ရွာသူေလးခမ်ာ ကေလးကို ခ်က္ခ်င္း ျပန္ေတာင္းသည္။

သူ႕ကေလးအတြက္ အႏွီးအသစ္ အထည္(၂၀) လွဴလိုက္သည္။ (RC 2 ေက်ာင္းသားေဟာင္းမ်ား ေဆးရံု လာလွဴခဲ့စဥ္က ရထားေသာ အႏွီးမ်ား)သူ႕အေဖအိုၾကီးအတြက္ ပုဆိုးအသစ္တစ္ထည္ ေပးသည္။ (မေန႕က သူငယ္ခ်င္း၀င္းႏိုင္လာလႈေသာ ပုဆုိးမ်ားထဲက တစ္ထည္)သူ႕ကေလးကို ျပဳစုဖို ႕ အလွဴေငြ တစ္သိန္း လွဴလိုက္သည္။

(ဒီေန႕မနက္ လာလွဴထားေသာ ေျမာင္းျမျမိဳ႕၊ ၁၂ လမ္းေန အေမ ေဒၚခင္ရီ၏ အသက္ ၉၀ ျပည့္ ေမြးေန႕အလွဴ)

ကေလးေလးကို ခ်ီရင္း ပစၥည္းေတြ လက္ခံရင္း သူဆု ေတြ ေပးေနသည္။ စိတ္မႏွံ႕သူ ေပးေသာ ဆု ဘာေတြလဲေတာ့ ကၽြန္ေတာ္မသိ။

ျပီး ကေလးငယ္ေလးကို နမ္းရင္း ကၽြန္ေတာ့္ ေရွ႕က အျမန္ ထြက္ရွာသည္။ သူ႕ ကေလးကို ကၽြန္ေတာ္ ယူမွာစိုးလုိ႕ေလ။

ေၾသာ္ ——– အေမ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:thutasone

#Unicode Version# ျဖင့္ဖတ္ပါ ။

သမီး ကလေးလေး ဆရာ့ကိုပေးနော် သူ ကျွန်တော့်ကို ကြည့်သည်။ ပြီးတော့ ခေါင်းကို တွင်တွင်ခါသည်။ ဆရာချစ်လို့ ဆရာ့ကို ပေးလေမပေးပါဘူး ဆရာရဲ့ သမီးလည်း ချစ်လို့ပါ။

ခုပဲ သမီးက ပိုက်ဆံမရှိဘူးဆို၊ ကလေးလေးကို ဘယ်သူကျွေးမှာလဲ သမီးဖေကြီးကျွေးမှာ။ သမီးက ကလေးထိန်းမှာ၊ မပေးဘူး၊ မပေးဘူး သူ့ဘေးက မျက်စိတစ်ဘက် ကွယ်နေသော တံငါသည် အဖေအိုကြီးကို ကြည့်ရင်း သူက ပြောရှာသည်။

တကယ်တော့ သူဆိုသော မိန်းကလေးသည် စိတ်မနှံ့သူလေး တစ်ယောက်၊ ဒီကိုယ်ဝန် ဘယ်လို ရခဲ့မှန်းမသိ။ ဒီကိုယ်ဝန်ကို ဖျက်ချဖို့ သူ့ရွာကလူတွေ ပြောတော့ သူ တွင်တွင် ခေါင်းခါသည်။ “သမီး ကလေးကို ချစ်လို့ပါနော်။ သမီး မွေးမှာနော်”တဲ့။

သူ့ကို အမOG ဒေါက်တာနီနီဇော်က အနီးကပ် စောင့်ရှောက်သည်။ စိတ်ဆရာဝန် ဒေါက်တာသီဟလေးဆွေက ဆေးကုပေးသည်။ သားဖွားဆရာမလေးက ရွာမှာ သွားကြည့်ပေးသည်။ မွေးချိန်တန်တော့ ဆေးရုံမှာ အခမဲ့ လေစုပ်မွေးပေးသည်။ ဒီနေ့ သူ (၂၂)ရက် ပြည့်ပြီ။ အမ OG က သူ့ကို စိတ်မချ၊ ပြန်ကြည့်သည်။

ကလေးလေးက ချစ်စရာလေး။ သားလေး။သူကလည်း ကလေးကို ချစ်လိုက်တာ တုန်လို့။ အဖေအိုကြီးက တံငါသည် ဆိုပေမယ့် အသက်ကြီးတော့ ငါးမရှာနိုင်တော့ပြီ။

ဆေးလူမှု ဆက်ဆံရေးက ကိုဇော်ထွန်းနိုင်က ကျွန်တေ်ာ့ထံ သူ့ကို ခေါ်လာသည်။ ကလေးကို ကျွန်တော့်ကို ပေးပါလားဆိုတော့ စိတ်မနှံ့ရှာသူလေးခမျာ ကလေးကို ချက်ချင်း ပြန်တောင်းသည်။

သူ့ကလေးအတွက် အနှီးအသစ် အထည်(၂၀) လှူလိုက်သည်။ (RC 2 ကျောင်းသားဟောင်းများ ဆေးရုံ လာလှူခဲ့စဉ်က ရထားသော အနှီးများ)သူ့အဖေအိုကြီးအတွက် ပုဆိုးအသစ်တစ်ထည် ပေးသည်။ (မနေ့က သူငယ်ချင်းဝင်းနိုင်လာလှုသော ပုဆိုးများထဲက တစ်ထည်)သူ့ကလေးကို ပြုစုဖို့ အလှူငွေ တစ်သိန်း လှူလိုက်သည်။

(ဒီနေ့မနက် လာလှူထားသော မြောင်းမြမြို့၊ ၁၂ လမ်းနေ အမေ ဒေါ်ခင်ရီ၏ အသက် ၉၀ ပြည့် မွေးနေ့အလှူ)

ကလေးလေးကို ချီရင်း ပစ္စည်းတွေ လက်ခံရင်း သူဆု တွေ ပေးနေသည်။ စိတ်မနှံ့သူ ပေးသော ဆု ဘာတွေလဲတော့ ကျွန်တော်မသိ။

ပြီး ကလေးငယ်လေးကို နမ်းရင်း ကျွန်တော့် ရှေ့က အမြန် ထွက်ရှာသည်။ သူ့ ကလေးကို ကျွန်တော် ယူမှာစိုးလို့လေ။

သြော် ——– အမေ။

ဖိုးသူတော် (www.phothutaw.com)
Credit:thutasone
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top