မေကြးတိုင္းေဒသႀကီး ၿမိဳ႕သစ္ၿမိဳ႕နယ္၊ အိုင္မေက်း႐ြာအုပ္စု၊ အုတ္ပုံေရလယ္ေက်း႐ြာတြင္ ေမလ ၆ ရက္ေန႔၊ ေန႔လယ္ ၁ နာရီခန႔္အခ်ိန္က သားအရင္းျဖစ္သူက မိခင္အား ဓားဦးခြၽန္ျဖင့္ ထိုးခဲ့သည့္အတြက္ ေသဆုံးမႈ ျဖစ္ပြားသြားေၾကာင္း ၿမိဳ႕သစ္ၿမိဳ႕မရဲစခန္းမွ သိရသည္။

 ျဖစ္စဥ္မွာ ေနလင္းေအာင္သည္ ေမ ၅ ရက္ေန႔ညက မိခင္ျဖစ္သူေဒၚမာရွိန္ထံမွ ေ႐ႊဆြဲြဲႀကိဳးအား ျဖဳတ္လုယူသည့္ ကိစၥကို မိခင္ျဖစ္သူေဒၚမာရွိန္က ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးထံ တိုင္ၾကားသည္ကို မေက်မနပ္ျဖစ္ကာ သားအမိ ခ်င္း စကားမ်ားရန္ျဖစ္ရာမွ ေနလင္းေအာင္က မိခင္အား ဓားျဖင့္ ထိုးခဲ့ျခင္းျဖစ္ေၾကာင္း ေခြၽးမျဖစ္သူ မေအးလင္း ၏ ထြက္ဆိုခ်က္အရ သိရသည္။

 ရဲမွတ္တမ္းအရ ေမ ၆ ရက္ေန႔ ညေန ၄ နာရီအခ်ိန္ခန႔္တြင္ ဒုရဲအုပ္ ႏွင္းႏြယ္ဦးသည္ ၿမိဳ႕သစ္ၿမိဳ႕မရဲစခန္းတြင္ တာဝန္မႉး တာဝန္ေဆာင္႐ြက္ေနစဥ္ ၿမိဳ႕သစ္ၿမိဳ႕ ျပည္သူ႔ေဆး႐ုံသို႔ ဓါးထိုးခံရသည့္ အမ်ိဳးသမီးအေလာင္း တစ္ေလာင္း ကားျဖင့္ ေရာက္ရွိလာေၾကာင္း ဆက္သြယ္အေၾကာင္းၾကားလာသျဖင့္ သြားေရာက္ စစ္ေဆးခဲ့သည္။

 ၿမိဳ႕သစ္ၿမိဳ႕ႏွင့္၂၅ မိုင္ခန႔္အကြာ အိုင္မေက်း႐ြာအုပ္စု အုတ္ပုံေရလယ္ေက်း႐ြာမွ ေဒၚမာရွိန္မွာ ဝဲဘက္ေပါင္ အျပင္ဘက္တြင္ ၄ လက္မခန႔္ ထိုးသြင္းဒဏ္ရာ ၁ ခ်က္ျဖင့္ ေသဆုံးေနၿပီး ေသဆုံးသူ၏ ေခြၽးမ ေတာ္စပ္သူ မေအးလင္းအား ေမးျမန္းရာ ေန႔လယ္ ၁ နာရီခန႔္အခ်ိန္က ေနအိမ္တြင္ ရွိေနစဥ္ တစ္႐ြာတည္းေန ဦးခင္ေမာင္စိုး (ခ) ဘိုခင္၏ေနအိမ္ဘက္မွ ဆူညံရန္ျဖစ္သံၾကားရသျဖင့္ သြားေရာက္ၾကည့္ခဲ့ေၾကာင္းသိရသည္။

 သြားေရာက္ၾကည္ရႈခ်ိန္တြင္ ဦးခင္ေမာင္စိုးေနအိမ္သို႔ ေရာက္ေနေသာ ေယာကၡမျဖစ္သူ ေဒၚမာရွိန္မွာ ဝဲဘက္ ေပါင္ေဘးတြင္ ထိုးသြင္း ဒဏ္ရာတစ္ခ်က္ျဖင့္ လဲက်ေနသည္ကိုေတြ႕ရွိရေၾကာင္း ၊ ထို႔ေနာက္ မေအးလင္းက ျဖစ္စဥ္ကို အိမ္ရွင္ ဦးခင္ေမာင္စိုးအား ေမးျမန္းရာ ေသဆုံးသူေဒၚမာရွိန္၏သားျဖစ္သူ ေနလင္းေအာင္က အ႐ိုး ၄ လက္မ ခန႔္ ၊အသြား ၆ လက္မ ၊ ျဗက္ ၁ လက္မခန႔္ရွိ ဓားဦးခြၽန္ဓါးေျမာင္ျဖင့္ ထိုးခဲ့သည့္အတြက္ ဒဏ္ရာ ရရွိခဲ့ ေၾကာင္း ထိုဒဏ္ရာမွ ေသြးမ်ားအလြန္အကြၽံထြက္ေနၿပီး သတိေမ့ေမ်ာေနသျဖင့္ ၿမိဳ႕သစ္ ျပည္သူ႔ေဆး႐ုံသို႔ ကားျဖင့္ သယ္ေဆာင္လာစဥ္ လမ္းခရီး၌ ေသြးထြက္လြန္ကာ ေသဆုံးခဲ့ရေၾကာင္း သိရသည္။

လက္ရွိတြင္ မိခင္ျဖစ္သူအား ဓားႏွင့္ထိုးခဲ့သည့္ သားျဖစ္သူ ေနလင္းေအာင္ကို ဥပေဒအရ အေရးယူေပးရန္ ဒုရဲအုပ္ႏွင္းႏြယ္ဦးက တရားလိုျပဳလုပ္တိုင္တန္းသျဖင့္ ေမ ၆ ရက္ေန႔၊ ည ၉ နာရီအခ်ိန္ခန႔္တြင္ ၿမိဳ႕သစ္ ၿမိဳ႕မရဲစခန္းမွ (ပ)၂၂၃/၂၀၁၉ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္ စစ္ေဆးေဆာင္႐ြက္ေနေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese
# Unicode Version # ျဖင့္ ဖတ္ပါ #


 မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်၊ အိုင်မကျေးရွာအုပ်စု၊ အုတ်ပုံရေလယ်ကျေးရွာတွင် မေလ ၆ ရက်နေ့၊ နေ့လယ် ၁ နာရီခန့်အချိန်က သားအရင်းဖြစ်သူက မိခင်အား ဓားဦးချွန်ဖြင့် ထိုးခဲ့သည့်အတွက် သေဆုံးမှု ဖြစ်ပွားသွားကြောင်း မြို့သစ်မြို့မရဲစခန်းမှ သိရသည်။

 ဖြစ်စဉ်မှာ နေလင်းအောင်သည် မေ ၅ ရက်နေ့ညက မိခင်ဖြစ်သူဒေါ်မာရှိန်ထံမှ ရွှေဆွဲကြိုးအား ဖြုတ်လုယူသည့် ကိစ္စကို မိခင်ဖြစ်သူဒေါ်မာရှိန်က ကျေးရွာအုပ်ချုပ်ရေးမှူးထံ တိုင်ကြားသည်ကို မကျေမနပ်ဖြစ်ကာ သားအမိ ချင်း စကားများရန်ဖြစ်ရာမှ နေလင်းအောင်က မိခင်အား ဓားဖြင့် ထိုးခဲ့ခြင်းဖြစ်ကြောင်း ချွေးမဖြစ်သူ မအေးလင်း ၏ ထွက်ဆိုချက်အရ သိရသည်။

 ရဲမှတ်တမ်းအရ မေ ၆ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်တွင် ဒုရဲအုပ် နှင်းနွယ်ဦးသည် မြို့သစ်မြို့မရဲစခန်းတွင် တာဝန်မှူး တာဝန်ဆောင်ရွက်နေစဉ် မြို့သစ်မြို့ ပြည်သူ့ဆေးရုံသို့ ဓါးထိုးခံရသည့် အမျိုးသမီးအလောင်း တစ်လောင်း ကားဖြင့် ရောက်ရှိလာကြောင်း ဆက်သွယ်အကြောင်းကြားလာသဖြင့် သွားရောက် စစ်ဆေးခဲ့သည်။

 မြို့သစ်မြို့နှင့်၂၅ မိုင်ခန့်အကွာ အိုင်မကျေးရွာအုပ်စု အုတ်ပုံရေလယ်ကျေးရွာမှ ဒေါ်မာရှိန်မှာ ဝဲဘက်ပေါင် အပြင်ဘက်တွင် ၄ လက်မခန့် ထိုးသွင်းဒဏ်ရာ ၁ ချက်ဖြင့် သေဆုံးနေပြီး သေဆုံးသူ၏ ချွေးမ တော်စပ်သူ မအေးလင်းအား မေးမြန်းရာ နေ့လယ် ၁ နာရီခန့်အချိန်က နေအိမ်တွင် ရှိနေစဉ် တစ်ရွာတည်းနေ ဦးခင်မောင်စိုး (ခ) ဘိုခင်၏နေအိမ်ဘက်မှ ဆူညံရန်ဖြစ်သံကြားရသဖြင့် သွားရောက်ကြည့်ခဲ့ကြောင်းသိရသည်။

 သွားရောက်ကြည်ရှုချိန်တွင် ဦးခင်မောင်စိုးနေအိမ်သို့ ရောက်နေသော ယောက္ခမဖြစ်သူ ဒေါ်မာရှိန်မှာ ဝဲဘက် ပေါင်ဘေးတွင် ထိုးသွင်း ဒဏ်ရာတစ်ချက်ဖြင့် လဲကျနေသည်ကိုတွေ့ရှိရကြောင်း ၊ ထို့နောက် မအေးလင်းက ဖြစ်စဉ်ကို အိမ်ရှင် ဦးခင်မောင်စိုးအား မေးမြန်းရာ သေဆုံးသူဒေါ်မာရှိန်၏သားဖြစ်သူ နေလင်းအောင်က အရိုး ၄ လက်မ ခန့် ၊အသွား ၆ လက်မ ၊ ဗြက် ၁ လက်မခန့်ရှိ ဓားဦးချွန်ဓါးမြောင်ဖြင့် ထိုးခဲ့သည့်အတွက် ဒဏ်ရာ ရရှိခဲ့ ကြောင်း ထိုဒဏ်ရာမှ သွေးများအလွန်အကျွံထွက်နေပြီး သတိမေ့မျောနေသဖြင့် မြို့သစ် ပြည်သူ့ဆေးရုံသို့ ကားဖြင့် သယ်ဆောင်လာစဉ် လမ်းခရီး၌ သွေးထွက်လွန်ကာ သေဆုံးခဲ့ရကြောင်း သိရသည်။

လက်ရှိတွင် မိခင်ဖြစ်သူအား ဓားနှင့်ထိုးခဲ့သည့် သားဖြစ်သူ နေလင်းအောင်ကို ဥပဒေအရ အရေးယူပေးရန် ဒုရဲအုပ်နှင်းနွယ်ဦးက တရားလိုပြုလုပ်တိုင်တန်းသဖြင့် မေ ၆ ရက်နေ့၊ ည ၉ နာရီအချိန်ခန့်တွင် မြို့သစ် မြို့မရဲစခန်းမှ (ပ)၂၂၃/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top