မုိးေအာင္ရင္အတြက္ သရုပ္ေဆာင္ ေျပတီဦး၊ စႏၵီျမင့္လြင္၊ နန္းဆုရတီစုိးနဲ႔ ပြင့္တုိ႔က ဝမ္းသာပီတိစကားဆုိထားပါတယ္။ ဒီေန႔ (ေမလ ၇ ရက္ေန႔) မွာေတာ့ မုိးေအာင္ရင္က အက်ဥ္းေထာင္ကေန ျပန္လည္လြတ္ေျမာက္လာပါၿပီ။

ေမလ ၇ ရက္ေန႔က အက်ဥ္းေထာင္ကေန ျပန္လည္လြတ္ေျမာက္လာၿပီျဖစ္တဲ့ မုိးေအာင္ရင္အတြက္ အႏုပညာရွင္ေတြက ဝမ္းသာပီတိျဖစ္လို႔ေနပါတယ္။ ဒီအထဲမွာမွ ေျပတီဦးကလည္း သူ႔ရင္ထဲက ခံစားခ်က္ကုိ အခုလုိ ေျပာျပထားပါတယ္။

‘’မိုးေအာင္ရင္ ျပန္လာၿပီ’’ ေျပတီဦး က သူူ႔ရဲ႕ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေမလ ၇ ရက္ေန႔ မနက္ပုိင္းက သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားခဲ့ပါတယ္။ ေျပတီဦးနဲ႔ မုိးေအာင္ရင္တုိ႔ဟာ ရုပ္ရွင္ဇာတ္ကား၊ ဗီဒီယို ဇာတ္ကားေပါင္းမ်ားစြာတုိ႔မွာ အတူူတူပါဝင္သရုပ္ေဆာင္ခဲ့ၾကတာပါ။ အဲဒီေနာက္ ေနမဝင္ဆည္းဆာ ဆုိတဲ့ ရန္ပုံေငြေဖ်ာ္ေျဖပြဲမွာလည္း ႏွစ္ေယာက္အတူ အတြဲညီညီ ကျပေဖ်ာ္ေျဖခဲ့ပါတယ္။

အဲဒီေနာက္ ရြယ္တူ သူငယ္ခ်င္းအရင္းေတြလုိ ခင္မင္ခဲ့ၾကတဲ့ မုိးေအာင္ရင္အတြက္ အဆုိေတာ္ စႏၵီျမင့္လြင္ကလည္း ဝမ္းသာပီတိျဖစ္လုိ႔ေနပါတယ္။

‘’မိသားစုနဲ ့ထပ္တူဘယ္လိုေပ်ာ္မွန္းကိုမသိေပ်ာ္ရပါတယ္ အန္တီ အရမ္းေပ်ာ္ေနမွာေတြးေတြးၿပီး အရမ္းဝမ္းသာပါတယ္ ဦးေရ’’ လုိ႔ ေမလ ၇ ရက္ေန႔ ေန႔လယ္ပုိင္းက သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားခဲ့ပါတယ္။

ဟာသရုပ္ရွင္ဇာတ္ကားေတြမွာ အျမဲတတြဲတြဲ ေတြ႔ရေလ့ရွိတဲ့ မုိးေအာင္ရင္နဲ႔ ပြင့္ တုိ႔ရဲ႕ ဇာတ္ဝင္ခန္းေလးေတြကုိေတာ့ ပရိသတ္ေတြ ေမ့ႏုိင္မွာ မဟုတ္ပါဘူး။ ပြင့္ကလည္း မုိးေအာင္ရင္အတြက္ ဝမ္းသာပီတိျဖစ္လုိ႔ေနပါတယ္။

‘’Warmly welcome ခ်စ္သူငယ္ခ်င္း "မိုးေအာင္ရင္" ဆုိၿပီးေတာ့ သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေမလ ၇ ရက္ေန႔ ေန႔လယ္ပုိင္းက တင္ထားခဲ့ပါတယ္။

အဲဒီေနာက္ မိုးေအာင္ရင္နဲ႔ အတူ အႏုပညာအလုပ္မ်ားစြာကုိ အတူတူလုပ္ခဲ့ၾကတဲ့ နန္းဆုရတီစုိးကလည္း သူမရင္ထဲက ဝမ္းသာပီတိစကားသံကုိ အခုလုိ ရင္ဖြင့္ေျပာျပထားပါတယ္။

‘’Welcome back fri Moe Aung Yin ဆုိၿပီးေတာ့ သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေမလ ၇ ရက္ေန႔ ေန႔လယ္ပုိင္းက တင္ထားခဲ့ပါတယ္။

မုိးေအာင္ရင္ဟာ ေမလ ၇ ရက္ေန႔မွာေတာ့ လြတ္ျငိမ္းခ်မ္းသာခြင့္ နဲ႔ အက်ဥ္းေထာင္ကေန ျပန္လည္လြတ္ေျမာက္လာတာျဖစ္ပါတယ္။ သူ႔ကုိေတာ့ မူးယစ္ေဆးဝါးမႈနဲ႔ ၂၀၁၆ ခုႏွစ္ ၾသဂုတ္လ ၂၉ ရက္ေန႔က မူးယစ္ေဆးဝါး လက္ဝယ္ေတြ႔ရွိမႈနဲ႔ အက်ဥ္းခ်ခံခဲ့ရတာျဖစ္ပါတယ္။ သူဟာ မူးယစ္ေဆးဝါး လက္ဝယ္ေတြ႔ရွိမႈနဲ႔ သုံးစြဲမႈ တုိ႔အတြက္ အလုပ္နဲ႔ ေထာင္ဒဏ္ ၁၅ ႏွစ္ က်ခံခဲ့ရတာျဖစ္ပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Duwun

#Unicode Version#
မိုးအောင်ရင်အတွက် သရုပ်ဆောင် ပြေတီဦး၊ စန္ဒီမြင့်လွင်၊ နန်းဆုရတီစိုးနဲ့ ပွင့်တို့က ဝမ်းသာပီတိစကားဆိုထားပါတယ်။ ဒီနေ့ (မေလ ၇ ရက်နေ့) မှာတော့ မိုးအောင်ရင်က အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာပါပြီ။

မေလ ၇ ရက်နေ့က အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာပြီဖြစ်တဲ့ မိုးအောင်ရင်အတွက် အနုပညာရှင်တွေက ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ ဒီအထဲမှာမှ ပြေတီဦးကလည်း သူ့ရင်ထဲက ခံစားချက်ကို အခုလို ပြောပြထားပါတယ်။

‘’မိုးအောင်ရင် ပြန်လာပြီ’’ ပြေတီဦး က သူူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ မေလ ၇ ရက်နေ့ မနက်ပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ ပြေတီဦးနဲ့ မိုးအောင်ရင်တို့ဟာ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယို ဇာတ်ကားပေါင်းများစွာတို့မှာ အတူူတူပါဝင်သရုပ်ဆောင်ခဲ့ကြတာပါ။ အဲဒီနောက် နေမဝင်ဆည်းဆာ ဆိုတဲ့ ရန်ပုံငွေဖျော်ဖြေပွဲမှာလည်း နှစ်ယောက်အတူ အတွဲညီညီ ကပြဖျော်ဖြေခဲ့ပါတယ်။

အဲဒီနောက် ရွယ်တူ သူငယ်ချင်းအရင်းတွေလို ခင်မင်ခဲ့ကြတဲ့ မိုးအောင်ရင်အတွက် အဆိုတော် စန္ဒီမြင့်လွင်ကလည်း ဝမ်းသာပီတိဖြစ်လို့နေပါတယ်။

‘’မိသားစုနဲ့ထပ်တူဘယ်လိုပျော်မှန်းကိုမသိပျော်ရပါတယ် အန်တီ အရမ်းပျော်နေမှာတွေးတွေးပြီး အရမ်းဝမ်းသာပါတယ် ဦးရေ’’ လို့ မေလ ၇ ရက်နေ့ နေ့လယ်ပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

ဟာသရုပ်ရှင်ဇာတ်ကားတွေမှာ အမြဲတတွဲတွဲ တွေ့ရလေ့ရှိတဲ့ မိုးအောင်ရင်နဲ့ ပွင့် တို့ရဲ့ ဇာတ်ဝင်ခန်းလေးတွေကိုတော့ ပရိသတ်တွေ မေ့နိုင်မှာ မဟုတ်ပါဘူး။ ပွင့်ကလည်း မိုးအောင်ရင်အတွက် ဝမ်းသာပီတိဖြစ်လို့နေပါတယ်။

‘’Warmly welcome ချစ်သူငယ်ချင်း "မိုးအောင်ရင်" ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ မေလ ၇ ရက်နေ့ နေ့လယ်ပိုင်းက တင်ထားခဲ့ပါတယ်။

အဲဒီနောက် မိုးအောင်ရင်နဲ့ အတူ အနုပညာအလုပ်များစွာကို အတူတူလုပ်ခဲ့ကြတဲ့ နန်းဆုရတီစိုးကလည်း သူမရင်ထဲက ဝမ်းသာပီတိစကားသံကို အခုလို ရင်ဖွင့်ပြောပြထားပါတယ်။

‘’Welcome back fri Moe Aung Yin ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ မေလ ၇ ရက်နေ့ နေ့လယ်ပိုင်းက တင်ထားခဲ့ပါတယ်။

မိုးအောင်ရင်ဟာ မေလ ၇ ရက်နေ့မှာတော့ လွတ်ငြိမ်းချမ်းသာခွင့် နဲ့ အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတာဖြစ်ပါတယ်။ သူ့ကိုတော့ မူးယစ်ဆေးဝါးမှုနဲ့ ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့က မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ အကျဉ်းချခံခဲ့ရတာဖြစ်ပါတယ်။ သူဟာ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ သုံးစွဲမှု တို့အတွက် အလုပ်နဲ့ ထောင်ဒဏ် ၁၅ နှစ် ကျခံခဲ့ရတာဖြစ်ပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top