20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

မၾကာခဏ ဆီးမသြားပါနွင့္

မၾကာခဏ ဆီးသြားလြန္း တာေၾကာင့္ ဆီးအိမ္ၾကြက္သားေတြ ပင္ပန္းၿပီး ဆီးအိမ္ အားနည္း တတ္ပါတယ္။ ဆီး မၾကာခဏ သြားတတ္တဲ့ အမ်ိဳးသမီးေတြဟာ ဆီး ကုန္ စင္ေအာင္ မစြန္႔ထုတ္ႏိုင္ တာေၾကာင့္ ေရာဂါပိုး ဝင္ေရာက္ႏိုင္ေျခ ျမင့္မားပါတယ္။

လက္ဖက္ရည္ၾကမ္း ေသာက္ပါ

ဘရက္ဘယ္ရီ အရြက္နဲ႔ ျပဳလုပ္ထားတဲ့ လက္ဖက္ရည္ၾကမ္းကို ေသာက္သံုးရင္ ဆီးလမ္းေၾကာင္း ေရာဂါပိုးဝင္တာေၾကာင့္ ျဖစ္ေပၚတဲ့ နာက်င္မႈနဲ႔ ေဝဒနာၾကာခ်ိန္ကို ေလ်ာ့က်သြားႏိုင္ ပါတယ္။ ျပႆနာ စျဖစ္ျဖစ္ခ်င္း ပံုမွန္ေသာက္သြားရင္ အက်ိဳးသက္ ေရာက္မႈ ေကာင္းမြန္ တယ္လို႔ ဆိုပါတယ္။

အတင္းမညွစ္ပါနွင့္

ဆီးသြားခ်င္စိတ္ ေပါက္လာလို႔ အိမ္သာသြားေပမယ့္ အိမ္သာေရာက္မွ ဆီးမထြက္ ရင္ ဆီးလမ္းေၾကာင္း ပိုးဝင္တဲ့ျပႆနာျဖစ္ႏိုင္ပါတယ္။ ဆီးအိမ္နဲ႔ ေက်ာက္ကပ္တြင္း သို႔ ေရာဂါပိုး ပ်ံ႕ႏွံ႔ရင္ ေရာဂါပိုဆိုးႏိုင္တာေၾကာင့္ ဆရာဝန္နဲ႔ ျပသသင့္တဲ့ အေျခအေနပါ။

ေဆးလိပ္ျဖတ္ပါ

ေဆးလိပ္ေသာက္တာေၾကာင့္ ဆီးလမ္းေၾကာင္းတြင္း ပိုးဝင္ႏိုင္ေျခ ျမင့္မားသလို ေသြးဖိအားလည္း ျမင့္တက္ႏိုင္ပါတယ္။ ဒါ့အျပင္ ေဆးလိပ္ေသာက္တာေၾကာင့္ ေခ်ာင္း ဆိုးႏိုင္ၿပီး ေခ်ာင္းဆိုး တာေၾကာင့္ ဆီးထိန္း ရခက္ခဲတဲ့ ျပႆနာျဖစ္တတ္ ပါတယ္။ ေဆး လိပ္ေသာက္တာေၾကာင့္ ဆီးအိမ္ကင္ဆာျဖစ္ႏိုင္ေျခလည္း ျမင့္မားၿပီး ဒီျဖစ္ႏိုင္ေျခ ဟာ ေဆးလိပ္ျဖတ္ၿပီး ႏွစ္ေပါင္းမ်ားစြာၾကာတဲ့ အထိ ဆက္လက္တည္ရွိ ေနပါတယ္။

ဆီအေရာင္ ၾကည္လင္ပါေစ

သင့္ဆီးအေရာင္ ၾကည္လင္ၿပီး အေရာင္ေဖ်ာ့ေတာ့ဖို႔အတြက္ ေရမ်ားမ်ား ေသာက္ဖို႔ လိုအပ္ပါတယ္။ ဆီးအေရာင္ရင့္ေနတာ၊ ဒါမွမဟုတ္ ဆီးအနည္ထိုင္တာဟာ ေရဓာတ္ မလံုေလာက္တဲ့လကၡဏာျဖစ္တာမို႔ ေရမ်ားမ်ားေသာက္ေပးပါ။

ေအာက္ပါ အစာမ်ားကို ေရွာင္ပါ

ေကာ္ဖီ၊ အရက္၊ အစပ္စာ၊ အခ်ဥ္အရသာရွိတဲ့အသီးနဲ႔ ေခ်ာကလက္ေတြဟာ ဆီးအိမ္ျပႆနာျဖစ္ဖို႔ လံႈ႔ေဆာ္ႏိုင္ၿပီး ဆီးအနည္ထိုင္ေစႏိုင္ပါတယ္။

Sex လုပ္ျပီးမွာ ဆီးသြားပါ

လိင္ဆက္ဆံမႈ ျပဳလုပ္စဥ္မွာ ဘက္တီးရီးယား ပိုးေတြဟာ ဆီးထြက္ျပြန္အတြင္း ဝင္ေရာက္ႏိုင္ပါတယ္။ လိင္ဆက္ဆံ အၿပီးမွာ ဆီးသြားလိုက္ တာေၾကာင့္ ေရာဂါပိုးေတြ ကို သန္႔စင္လိုက္ သလိုျဖစ္သြားၿပီး ေရာဂါပိုးမဝင္ေရာက္ ႏိုင္ေအာင္ ကာကြယ္ႏိုင္ပါတယ္။

သန္႔ရွင္းေရးလုပ္ပါ

မိန္းမကိုယ္ေနရာကို သန္႔ရွင္းေရးလုပ္ရင္ အေရွ႕မွအေနာက္သို႔ ျပဳလုပ္သြားရပါ မယ္။ ဒါမွ စအိုမွ ဘက္တီးရီးယားပိုးေတြ ပ်ံ႕ႏွံ႔မႈမရွိေအာင္ ကာကြယ္ႏိုင္မွာပါ။

ေလ့က်င့္ပါ

ဆီးသြားစဥ္မွာ ဆီးသြားလိုက္၊ ရပ္လိုက္ ေလ့က်င့္ခန္းျပဳလုပ္တာေၾကာင့္ သားအိမ္ ကြင္းၾကြက္သားေတြ တင္းရင္းၿပီး သန္မာလာႏိုင္ပါတယ္။ အလြန္အကြ်ံမျပဳ လုပ္ပါနဲ႔။ ၾကြက္သားသန္မာဖို႔ တစ္ေန႔ သံုးႀကိမ္ျပဳလုပ္ရင္ လံုေလာက္ပါတယ္။

အျမွပ္ထေသာ အရည္မ်ားကို ေရွာင္ပါ

အျမႇဳပ္ထတဲ့ အရည္ေတြဟာ ဆီးလမ္းေၾကာင္း ပိုးဝင္တဲ့ျပႆနာ ျဖစ္ေအာင္ လံႈ႔ ေဆာ္ႏိုင္ပါတယ္။ ဆီးလမ္းေၾကာင္း ျပႆနာမျဖစ္ေအာင္ ႐ိုး႐ိုးေရသာ ေသာက္သံုးပါ။

ဆီအိမ္ေရာင္ရမ္းျခင္းအတြက္ ခရင္မ္ဘယ္ရီ ေဖ်ာ္ရည္ေသာက္ပါ

ခရင္မ္ဘယ္ရီ ေဖ်ာ္ရည္ကို ပံုမွန္ေသာက္သူေတြဟာ ဆီးအိမ္ေရာင္ရမ္းတာေၾကာင့္ ျဖစ္တဲ့ေဝဒနာေတြကို သက္သာႏိုင္ပါတယ္။ ဆီးထဲမွာ ပါဝင္တဲ့ အက္စစ္ပမာဏကို ေျပာင္းလဲမႈျဖစ္ေပၚေစႏိုင္တာေၾကာင့္ပါ။

ဘလူးဘယ္ရီသီးစားပါ

က်န္းမာေရး ေကာင္းမြန္ေစႏိုင္တဲ့ ဘလူးဘယ္ရီမွာ ဘက္တီးရီးယား ေတြကို ေသ ေစႏိုင္တဲ့ အန္သိုစိုင္ယာႏိုက္ေတြ မ်ားစြာပါဝင္ပါတယ္။ ဆီးလမ္းေၾကာင္းတြင္း ဝင္ ေရာက္ႏိုင္တဲ့ အီးကိုလိုင္ေရာဂါပိုး ကိုလည္း ေသေစႏိုင္တာမို႔ ဆီးလမ္းေၾကာင္း ေရာဂါ ပိုး ဝင္ေရာက္တာအတြက္ အလြန္ထိေရာက္မႈရွိပါတယ္။
 ဖိုးသူေတာ္(www.phothutaw.com)
Credit:Dr. Khin Moe Moe
Good Health

#Unicode Version#
မကြာခဏ ဆီးမသွားပါနှင့်

မကြာခဏ ဆီးသွားလွန်း တာကြောင့် ဆီးအိမ်ကြွက်သားတွေ ပင်ပန်းပြီး ဆီးအိမ် အားနည်း တတ်ပါတယ်။ ဆီး မကြာခဏ သွားတတ်တဲ့ အမျိုးသမီးတွေဟာ ဆီး ကုန် စင်အောင် မစွန့်ထုတ်နိုင် တာကြောင့် ရောဂါပိုး ဝင်ရောက်နိုင်ခြေ မြင့်မားပါတယ်။

လက်ဖက်ရည်ကြမ်း သောက်ပါ

ဘရက်ဘယ်ရီ အရွက်နဲ့ ပြုလုပ်ထားတဲ့ လက်ဖက်ရည်ကြမ်းကို သောက်သုံးရင် ဆီးလမ်းကြောင်း ရောဂါပိုးဝင်တာကြောင့် ဖြစ်ပေါ်တဲ့ နာကျင်မှုနဲ့ ဝေဒနာကြာချိန်ကို လျော့ကျသွားနိုင် ပါတယ်။ ပြဿနာ စဖြစ်ဖြစ်ချင်း ပုံမှန်သောက်သွားရင် အကျိုးသက် ရောက်မှု ကောင်းမွန် တယ်လို့ ဆိုပါတယ်။

အတင်းမညှစ်ပါနှင့်

ဆီးသွားချင်စိတ် ပေါက်လာလို့ အိမ်သာသွားပေမယ့် အိမ်သာရောက်မှ ဆီးမထွက် ရင် ဆီးလမ်းကြောင်း ပိုးဝင်တဲ့ပြဿနာဖြစ်နိုင်ပါတယ်။ ဆီးအိမ်နဲ့ ကျောက်ကပ်တွင်း သို့ ရောဂါပိုး ပျံ့နှံ့ရင် ရောဂါပိုဆိုးနိုင်တာကြောင့် ဆရာဝန်နဲ့ ပြသသင့်တဲ့ အခြေအနေပါ။

ဆေးလိပ်ဖြတ်ပါ

ဆေးလိပ်သောက်တာကြောင့် ဆီးလမ်းကြောင်းတွင်း ပိုးဝင်နိုင်ခြေ မြင့်မားသလို သွေးဖိအားလည်း မြင့်တက်နိုင်ပါတယ်။ ဒါ့အပြင် ဆေးလိပ်သောက်တာကြောင့် ချောင်း ဆိုးနိုင်ပြီး ချောင်းဆိုး တာကြောင့် ဆီးထိန်း ရခက်ခဲတဲ့ ပြဿနာဖြစ်တတ် ပါတယ်။ ဆေး လိပ်သောက်တာကြောင့် ဆီးအိမ်ကင်ဆာဖြစ်နိုင်ခြေလည်း မြင့်မားပြီး ဒီဖြစ်နိုင်ခြေ ဟာ ဆေးလိပ်ဖြတ်ပြီး နှစ်ပေါင်းများစွာကြာတဲ့ အထိ ဆက်လက်တည်ရှိ နေပါတယ်။

ဆီအရောင် ကြည်လင်ပါစေ

သင့်ဆီးအရောင် ကြည်လင်ပြီး အရောင်ဖျော့တော့ဖို့အတွက် ရေများများ သောက်ဖို့ လိုအပ်ပါတယ်။ ဆီးအရောင်ရင့်နေတာ၊ ဒါမှမဟုတ် ဆီးအနည်ထိုင်တာဟာ ရေဓာတ် မလုံလောက်တဲ့လက္ခဏာဖြစ်တာမို့ ရေများများသောက်ပေးပါ။

အောက်ပါ အစာများကို ရှောင်ပါ

ကော်ဖီ၊ အရက်၊ အစပ်စာ၊ အချဉ်အရသာရှိတဲ့အသီးနဲ့ ချောကလက်တွေဟာ ဆီးအိမ်ပြဿနာဖြစ်ဖို့ လှုံ့ဆော်နိုင်ပြီး ဆီးအနည်ထိုင်စေနိုင်ပါတယ်။

Sex လုပ်ပြီးမှာ ဆီးသွားပါ

လိင်ဆက်ဆံမှု ပြုလုပ်စဉ်မှာ ဘက်တီးရီးယား ပိုးတွေဟာ ဆီးထွက်ပြွန်အတွင်း ဝင်ရောက်နိုင်ပါတယ်။ လိင်ဆက်ဆံ အပြီးမှာ ဆီးသွားလိုက် တာကြောင့် ရောဂါပိုးတွေ ကို သန့်စင်လိုက် သလိုဖြစ်သွားပြီး ရောဂါပိုးမဝင်ရောက် နိုင်အောင် ကာကွယ်နိုင်ပါတယ်။

သန့်ရှင်းရေးလုပ်ပါ

မိန်းမကိုယ်နေရာကို သန့်ရှင်းရေးလုပ်ရင် အရှေ့မှအနောက်သို့ ပြုလုပ်သွားရပါ မယ်။ ဒါမှ စအိုမှ ဘက်တီးရီးယားပိုးတွေ ပျံ့နှံ့မှုမရှိအောင် ကာကွယ်နိုင်မှာပါ။

လေ့ကျင့်ပါ

ဆီးသွားစဉ်မှာ ဆီးသွားလိုက်၊ ရပ်လိုက် လေ့ကျင့်ခန်းပြုလုပ်တာကြောင့် သားအိမ် ကွင်းကြွက်သားတွေ တင်းရင်းပြီး သန်မာလာနိုင်ပါတယ်။ အလွန်အကျွံမပြု လုပ်ပါနဲ့။ ကြွက်သားသန်မာဖို့ တစ်နေ့ သုံးကြိမ်ပြုလုပ်ရင် လုံလောက်ပါတယ်။

အမြှပ်ထသော အရည်များကို ရှောင်ပါ

အမြှုပ်ထတဲ့ အရည်တွေဟာ ဆီးလမ်းကြောင်း ပိုးဝင်တဲ့ပြဿနာ ဖြစ်အောင် လှုံ့ ဆော်နိုင်ပါတယ်။ ဆီးလမ်းကြောင်း ပြဿနာမဖြစ်အောင် ရိုးရိုးရေသာ သောက်သုံးပါ။

ဆီအိမ်ရောင်ရမ်းခြင်းအတွက် ခရင်မ်ဘယ်ရီ ဖျော်ရည်သောက်ပါ

ခရင်မ်ဘယ်ရီ ဖျော်ရည်ကို ပုံမှန်သောက်သူတွေဟာ ဆီးအိမ်ရောင်ရမ်းတာကြောင့် ဖြစ်တဲ့ဝေဒနာတွေကို သက်သာနိုင်ပါတယ်။ ဆီးထဲမှာ ပါဝင်တဲ့ အက်စစ်ပမာဏကို ပြောင်းလဲမှုဖြစ်ပေါ်စေနိုင်တာကြောင့်ပါ။

ဘလူးဘယ်ရီသီးစားပါ

ကျန်းမာရေး ကောင်းမွန်စေနိုင်တဲ့ ဘလူးဘယ်ရီမှာ ဘက်တီးရီးယား တွေကို သေ စေနိုင်တဲ့ အန်သိုစိုင်ယာနိုက်တွေ များစွာပါဝင်ပါတယ်။ ဆီးလမ်းကြောင်းတွင်း ဝင် ရောက်နိုင်တဲ့ အီးကိုလိုင်ရောဂါပိုး ကိုလည်း သေစေနိုင်တာမို့ ဆီးလမ်းကြောင်း ရောဂါ ပိုး ဝင်ရောက်တာအတွက် အလွန်ထိရောက်မှုရှိပါတယ်။
 ဖိုးသူတော်(www.phothutaw.com)
Credit:Dr. Khin Moe Moe
Good Health


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top