
တောင်ငူမြို့ နယ် ကျွန်းကုန်းကျေးရွာ အုပ်စု I ကျွန်းကုန်းကျေးရွာမြောက်ဘက် I ရန်ကုန် – မန္တလေး လမ်းဟောင်း မိုင်တိုင် အမှတ် ၁၆၉ /၂ နှင့် ၃ အကြား လမ်း၏ အရှေ့ဘက် အနန်းပင် တောရကျောင်း သွားလမ်းဘေးတွင် မေလ ၂၁ နံနက် ၉ နာရီ ၃၀ အချိန်တွင် လူတစ်ဦးသေဆုးံနေကြောင်း သတင်းအရ ၍ ခေတ္တစခန်းမှူး ဒုရဲအုပ် တိုးဝေကျော်နှင့်အဖွဲ့သည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ခြေထောက်နှစ်ချောင်း ကွေးထားပြီး ပက်လက်အနေအထား သေဆုးံနေသော ( အမည်နေရပ်လိပ်စာ စုံစမ်းဆဲ ) အသက် ( ၃၀ )ဝန်းကျင် အမျိုးသားဖြစ်ပြီး အနန်းပင် တောရကျောင်းသွားသည့်လမ်းဘေးတွင် အဂျီ င်္မပါ I လိမ္မော်ရောင်နှင့် အစိမ်းရောင်ကျားဘောင်းဘီတို ဝတ်ဆင်ထားပြီး ပြင်ပဒဏ်ရာမတွေ့ရှိပဲ ခြေထောက်နှစ်ချောင်း ကွေးထားပြီး ပက်လက်အနေအထား သေဆုးံနေကြောင်း ရဲမှတ်တမ်းများအရသိရပါတယ်။




#Unicode Version#
တောင်ငူမြို့နယ် ကျွန်းကုန်း ကျေးရွာ မြောက်ဘက် အနန်းပင် တောရကျောင်းသွားရာ လမ်းဘေးတွင် အမည်မသိလူတစ်ဦး သေဆုးံနေကြောင်း သိရပါတယ်။

တောင်ငူမြို့ နယ် ကျွန်းကုန်းကျေးရွာ အုပ်စု I ကျွန်းကုန်းကျေးရွာမြောက်ဘက် I ရန်ကုန် – မန္တလေး လမ်းဟောင်း မိုင်တိုင် အမှတ် ၁၆၉ /၂ နှင့် ၃ အကြား လမ်း၏ အရှေ့ဘက် အနန်းပင် တောရကျောင်း သွားလမ်းဘေးတွင် မေလ ၂၁ နံနက် ၉ နာရီ ၃၀ အချိန်တွင် လူတစ်ဦးသေဆုးံနေကြောင်း သတင်းအရ ၍ ခေတ္တစခန်းမှူး ဒုရဲအုပ် တိုးဝေကျော်နှင့်အဖွဲ့သည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ခြေထောက်နှစ်ချောင်း ကွေးထားပြီး ပက်လက်အနေအထား သေဆုးံနေသော ( အမည်နေရပ်လိပ်စာ စုံစမ်းဆဲ ) အသက် ( ၃၀ )ဝန်းကျင် အမျိုးသားဖြစ်ပြီး အနန်းပင် တောရကျောင်းသွားသည့်လမ်းဘေးတွင် အဂျီ ၤမပါ I လိမ္မော်ရောင်နှင့် အစိမ်းရောင်ကျားဘောင်းဘီတို ဝတ်ဆင်ထားပြီး ပြင်ပဒဏ်ရာမတွေ့ရှိပဲ ခြေထောက်နှစ်ချောင်း ကွေးထားပြီး ပက်လက်အနေအထား သေဆုးံနေကြောင်း ရဲမှတ်တမ်းများအရသိရပါတယ်။

သေတဲ့သူကိုကျွန်တော်တို့ စုံစမ်းဆဲ အဲ့ဒီသေဆုးံတဲ့အနီးပတ်ဝန်းကျင်ကလူတွေကတော့ သေဆုးံတဲ့သူကို မသိကြဘူး ယခု ဆေးရုံကို ပို့ပြီး ဆေးစစ်ချက်ခံယူပြီး ဆက်လက်စုံစမ်းနေပါတယ်ဟု တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

အဆိုပါဖြစ်စဉ် နှင့် ပက်သက်၍ အမည်မသိ /နေရပ်လိပ်စာ စုံစမ်းဆဲအား ဓမ္မတာ အတိုင်းသေဆုးံခြင်းဟုတ်မဟုတ် စုံစမ်းစစ်ဆေးပေးပါရန် ဒုရဲအုပ် သန်းသန်းစိုး မှ တရားလိုလုပ် တိုင်တန်းလာသဖြင့် ကျွန်းကုန်း နယ်မြေရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် ၂/၂၀၁၉ ဖြင့် ဒုရဲအုပ် တိုးဝေကျော်မှ စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်းသိရပါတယ်။

ဖိုးသူတော်(www.phothutaw.com)
Credit:နေလင်းအောင် ( တောင်ငူ ) 21 . 5.2019
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top