ျဖစ္စဥ္သာဓကေတြအားလုံးကိုၾကည့္မယ္ဆိုရင္ႀကိဳတင္ကာကြယ္ျခင္းကပထမဆုံးအဆင့္ပါ။ အိမ္တစ္အိမ္မီးေလာင္တဲ့အခါ ပိုမိုႀကီးမားတဲ့ပ်က္စီးဆုံးရႈံးမႈေတြမျဖစ္ေအာင္ ဘယ္လိုကာကြယ္ရမယ္ဆိုတဲ့အခ်က္ေတြကိုသိထားဖို႔ကအေရးႀကီးပါတယ္။
မီးဆိုတာအႏၲရာယ္မ်ားတဲ့အတြက္ေၾကာင့္သင္သတိႀကီးႀကီးထားဖို႔လိုပါတယ္။ သင္တာသတိမထားဘူးဆိုရင္ ၂ မိနစ္အတြင္းမွာ အိမ္မီးေလာင္ျခင္းဟာမီးစြဲပီးေတာ့ အသက္အႏၲရာယ္ရွိလာတဲ့အထိျဖစ္လာႏိုင္ပါတယ္။

အက္ဖ္အီးအမ္ေအ ရဲ႕စစ္တမ္းေကာက္ခ်က္ေတြအရဆိုရင္ ႏွစ္စဥ္ေထာင္ေပါင္းမ်ားစြာေသာအေမရိကန္သားေတြဟာမီးေၾကာင့္အသက္ဆုံးရႈံးေနရပီးဘီလီယံခ်ီတဲ့ပိုင္ဆိုင္မႈေတြလဲဆုံးရႈံးလို႔ေနပါတယ္။ အမွန္ေတာ့ မီးထဲကလာတဲ့အပူနဲ႔မီးခိုးေငြ႕က ေသဆုံးမႈေတြကိုပိုမိုျဖစ္ေပၚေစပါတယ္။ ဒါေတြကေတာ့ မီးေလာင္ရင္သင္လုပ္ဖို႔လိုအပ္တဲ့အခ်က္ေတြျဖစ္ပါတယ္။

၁။မီးသတ္ေဆးဘူး

သင့္ရဲ႕အိမ္မွာမီးအခ်က္ျပ alarm သံၾကားရင္ ဒီတိုင္းမထိုင္ေနပါနဲ႔၊ ကာကြယ္မႈတစ္ခုျဖစ္ေအာင္ မီးသတ္ေဆးဘူးကိုသြားယူပါ။ ဒီလိုေသးငယ္တဲ့လုပ္ေဆာင္ခ်က္ေလးက မီးကိုခ်က္ခ်င္းဆိုသလိုၿငိမ္းသတ္ေပးႏိုင္ပါတယ္။ ဒါမဲ့ အဲ့လိုလုပ္လို႔မွမီးမၿငိမ္းသြားဘူးဆိုရင္ေတာ့ ခ်က္ခ်င္းအဲ့ေနရာကေနထြက္လာခဲ့ပါ။ ဒါေပမဲ့လဲ ဘာေတြပဲျဖစ္ျဖစ္ မီးသတ္ေဆးဘူးဆိုတာအေရးႀကီးတဲ့အတြက္ အိမ္တိုင္းမွာေဆာင္ထားသင့္ပါတယ္။

၂။သတိေပးႏႈိးေဆာ္ပါ။

မီးေလာင္ေနတဲ့အေျခအေနကိုအိမ္ထဲကအျခားသူေတြပါသိေအာင္ ေအာ္ဟစ္ပီးသတိေပးပါ။ မီးအခ်က္ျပ alarm ေတြဘာေတြကိုအားမကိုးပါနဲ႔။ ဘာလို႔လဲဆိုေတာ့ အဲ့ alarm ေတြကလဲတစ္ခါတစ္ေလ ဘက္ထရီျပႆနာစတဲ့ျပႆနာေတြေၾကာင့္အသံမထြက္လာတာလဲျဖစ္ႏိုင္ပါတယ္။

၃။၉၁၁ ကိုဖုန္းဆက္ပါ။

မီးေလာင္ေနတဲ့ေနရာကထြက္လာပီဆိုတာနဲ႔ ဖုန္းကိုေကာက္ကိုင္ပီး မီးသတ္ဌာနကိုဖုန္းေခၚပါ။ ဒါေပမဲ့လဲ ဖုန္းကိုရွာမယ္ဆိုပီးအိမ္ထဲမွာရပ္မေနပါနဲ႔ အဲ့လိုဆိုကိုယ္ပါမီးေတာက္ထဲပါသြားႏိုင္ပါတယ္။ အိမ္အျပင္ကိုေရာက္သြားပီဆိုေတာ့မွ ကိုယ့္အိမ္နီးခ်င္း ဒါမွမဟုတ္ ျဖတ္သြားတဲ့လူေတြဆီကအကူအညီေတာင္းပီး မီးသတ္ဌာနကိုဖုန္းေခၚပါ။

၄။အဖိုးတန္ပစၥည္းေတြကိုထားခဲ့ပါ။

မီးေလာင္ေနတဲ့အခါမွာ ကိုယ့္အဖိုးတန္ပစၥည္းေတြကိုရွာမယ္ဆိုပီး အိမ္ျပင္ထြက္ဖို႔ကိုမေႏွာင့္ေႏွးပါေစနဲ႔။ မီးသတ္သမားေတြလာေတာ့မွ ကိုယ့္ရဲ႕အဲ့အဖိုးတန္ပစၥည္းေတြကဘယ္ေနရာမွာရွိတယ္ဆိုတာေျပာျပပီးအကူအညီေတာင္းပါ။

၅။ရပ္၊လဲခ်၊လွိမ့္

ကိုယ့္အက်ႌမွာမီးစြဲေနတယ္ဆိုရင္ မေျပးပါနဲ႔။ၾကမ္းျပင္ေပၚလဲခ်လိုက္ပီးေက်ာ္ကိုလွိမ့္လိုက္ပီးမီးကိုၿငိမ္းသတ္ပါ။ အပူခ်ိန္အျမင့္ေတြကေနေရွာင္ရွားႏိုင္ဖို႔ နဲ႔ မီးထဲကလာတဲ့မီးခိုးထူႀကီးေတြကေဝးေအာင္ အၿမဲတြားသြားပီး ေျမႀကီးနဲ႔အနီးကပ္ဆုံးျဖစ္ေအာင္ေနပါ။ ေလာင္ကြၽမ္းေနတဲ့အိမ္ကေနမလြတ္ေျမာက္ခင္ထိ ကိုယ္ကိုနိမ့္နိမ့္ေလးပဲေနပါ။

၆။ႏွာေခါင္းကိုအုပ္ထားပါ။

မီးခိုးေငြ႕ေတြအဆုတ္ထဲထိမဝင္ေရာက္ႏိုင္ေအာင္ မိမိႏွာေခါင္းကို တီရွပ္ ဒါမွမဟုတ္ မ်က္ႏွာသုတ္ပဝါအစိုတစ္ထည္နဲ႔အုပ္ထားပါ။ ကေလးေတြကိုမီးထဲကအျပင္ကိုေခၚထုတ္တဲ့အခါမွာလဲ မ်က္ႏွာကိုတတ္ႏိုင္သေလာက္ဖုံးအုပ္ထားပါ။ ေနာက္ဆုံးအေနနဲ႔ကေတာ့ မီးခိုးေတြ၊မီးေတာက္ေတြအျပည့္ျဖစ္ေနတဲ့ အခန္းထဲကိုမဝင္သြားပါနဲ႔။ အဲ့လိုလုပ္ျခင္းဟာပိုပီးႀကီးမားတဲ့အႏၲရာယ္ကိုဖိတ္ေခၚသလိုျဖစ္သြားပါလိမ့္မယ္။

၇။တံခါးေတြပိတ္ထားပါ။

အခန္းတစ္ခန္းကထြက္ပီးပီဆိုတာနဲ႔ ေနာက္ကတံခါးကိုတစ္ခါတည္းပိတ္လာခဲ့ပါ။သုေတသနျပဳလုပ္ခ်က္ေတြအရဆိုရင္ တံခါးေတြပိတ္ထားျခင္းဟာ မီးျပန႔္ပြားမႈကိုကာကြယ္ေပးပါတယ္လို႔ဆိုပါတယ္။ ဆိုလိုတာကေတာ့မီးကအဲ့ေနရာမွာတစ္ခဏပဲျဖစ္ျဖစ္ရပ္တန႔္ေနမွာပါ။

၈။အျပင္မွာပဲေနပါ။

အိမ္အျပင္ကိုထြက္ပီးတာနဲ႔ အျပင္မွာပဲေနပါ။အထဲမွာကိုယ့္အဖိုးတန္ပစၥည္းေတြ၊ အိမ္ေမြးတိရိစာၦန္ေတြက်န္ေနခဲ့တယ္ဆိုရင္ေတာင္မွ၊ မီးေလာင္ေနတဲ့အိမ္ထဲကိုထပ္ဝင္ဖို႔မလုပ္ပါနဲ႔။ အိမ္ထဲမွာ လူေတြ၊အိမ္ေမြးတိရိစာၦန္ေတြက်န္ေနေသးတယ္ထင္ရင္ မီးသတ္ဌာနကတာဝန္ရွိသူေတြကိုေျပာျပပီး သူတို႔ရွိႏိုင္မယ့္ေနရာကိုၫႊန္ျပေပးပါ။

၉။ထြက္ခြာရာေနရာကိုေဘးကင္းေအာင္လုပ္ပါ။

အိမ္ကထြက္ခြာပီးတာနဲ႔ တစ္ေနရာမွာမိသားစုေတြနဲ႔စုေနပီး မီးေလာင္ေနတဲ့အိမ္ထဲကလူအကုန္ကိုကယ္လို႔မပီးေသးခင္ အဲ့ေနရာမွာပဲေနပါ။ ဒီလိုလုပ္ရျခင္းဟာမီးထဲကလြတ္ပီးသားလူေတြကို မီးသတ္သမားေတြထပ္ရွာစရာမလိုေတာ့ေအာင္ပါ။

မီးဟာေၾကာက္ဖို႔ေကာင္းပီး ပ်က္စီးဆုံးရႈံးမႈေတြအျပင္ ဒဏ္ရာရမႈ၊ေသဆုံးမႈေတြကိုပါျဖစ္ေပၚေစပါတယ္။ စိတ္ကိုေအးေအးထားပီးအကူအညီကိုေခၚဖို႔အၿမဲသတိရပါ။ ဒါကေတာ့အိမ္မွာမီးေလာင္ခဲ့သည္ရွိေသာ္ ဘယ္လိုေဘးကင္းေအာင္ေနရမလဲဆိုတဲ့အခ်က္ေလးေတြပဲျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Min Thu (Daily hot News)
# Unicode Version # ျဖင့္ ဖတ္ပါ #

ဖြစ်စဉ်သာဓကတွေအားလုံးကိုကြည့်မယ်ဆိုရင်ကြိုတင်ကာကွယ်ခြင်းကပထမဆုံးအဆင့်ပါ။ အိမ်တစ်အိမ်မီးလောင်တဲ့အခါ ပိုမိုကြီးမားတဲ့ပျက်စီးဆုံးရှုံးမှုတွေမဖြစ်အောင် ဘယ်လိုကာကွယ်ရမယ်ဆိုတဲ့အချက်တွေကိုသိထားဖို့ကအရေးကြီးပါတယ်။
မီးဆိုတာအန္တရာယ်များတဲ့အတွက်ကြောင့်သင်သတိကြီးကြီးထားဖို့လိုပါတယ်။ သင်တာသတိမထားဘူးဆိုရင် ၂ မိနစ်အတွင်းမှာ အိမ်မီးလောင်ခြင်းဟာမီးစွဲပီးတော့ အသက်အန္တရာယ်ရှိလာတဲ့အထိဖြစ်လာနိုင်ပါတယ်။

အက်ဖ်အီးအမ်အေ ရဲ့စစ်တမ်းကောက်ချက်တွေအရဆိုရင် နှစ်စဉ်ထောင်ပေါင်းများစွာသောအမေရိကန်သားတွေဟာမီးကြောင့်အသက်ဆုံးရှုံးနေရပီးဘီလီယံချီတဲ့ပိုင်ဆိုင်မှုတွေလဲဆုံးရှုံးလို့နေပါတယ်။ အမှန်တော့ မီးထဲကလာတဲ့အပူနဲ့မီးခိုးငွေ့က သေဆုံးမှုတွေကိုပိုမိုဖြစ်ပေါ်စေပါတယ်။ ဒါတွေကတော့ မီးလောင်ရင်သင်လုပ်ဖို့လိုအပ်တဲ့အချက်တွေဖြစ်ပါတယ်။

၁။မီးသတ်ဆေးဘူး

သင့်ရဲ့အိမ်မှာမီးအချက်ပြ alarm သံကြားရင် ဒီတိုင်းမထိုင်နေပါနဲ့၊ ကာကွယ်မှုတစ်ခုဖြစ်အောင် မီးသတ်ဆေးဘူးကိုသွားယူပါ။ ဒီလိုသေးငယ်တဲ့လုပ်ဆောင်ချက်လေးက မီးကိုချက်ချင်းဆိုသလိုငြိမ်းသတ်ပေးနိုင်ပါတယ်။ ဒါမဲ့ အဲ့လိုလုပ်လို့မှမီးမငြိမ်းသွားဘူးဆိုရင်တော့ ချက်ချင်းအဲ့နေရာကနေထွက်လာခဲ့ပါ။ ဒါပေမဲ့လဲ ဘာတွေပဲဖြစ်ဖြစ် မီးသတ်ဆေးဘူးဆိုတာအရေးကြီးတဲ့အတွက် အိမ်တိုင်းမှာဆောင်ထားသင့်ပါတယ်။

၂။သတိပေးနှိုးဆော်ပါ။

မီးလောင်နေတဲ့အခြေအနေကိုအိမ်ထဲကအခြားသူတွေပါသိအောင် အော်ဟစ်ပီးသတိပေးပါ။ မီးအချက်ပြ alarm တွေဘာတွေကိုအားမကိုးပါနဲ့။ ဘာလို့လဲဆိုတော့ အဲ့ alarm တွေကလဲတစ်ခါတစ်လေ ဘက်ထရီပြဿနာစတဲ့ပြဿနာတွေကြောင့်အသံမထွက်လာတာလဲဖြစ်နိုင်ပါတယ်။

၃။၉၁၁ ကိုဖုန်းဆက်ပါ။

မီးလောင်နေတဲ့နေရာကထွက်လာပီဆိုတာနဲ့ ဖုန်းကိုကောက်ကိုင်ပီး မီးသတ်ဌာနကိုဖုန်းခေါ်ပါ။ ဒါပေမဲ့လဲ ဖုန်းကိုရှာမယ်ဆိုပီးအိမ်ထဲမှာရပ်မနေပါနဲ့ အဲ့လိုဆိုကိုယ်ပါမီးတောက်ထဲပါသွားနိုင်ပါတယ်။ အိမ်အပြင်ကိုရောက်သွားပီဆိုတော့မှ ကိုယ့်အိမ်နီးချင်း ဒါမှမဟုတ် ဖြတ်သွားတဲ့လူတွေဆီကအကူအညီတောင်းပီး မီးသတ်ဌာနကိုဖုန်းခေါ်ပါ။

၄။အဖိုးတန်ပစ္စည်းတွေကိုထားခဲ့ပါ။

မီးလောင်နေတဲ့အခါမှာ ကိုယ့်အဖိုးတန်ပစ္စည်းတွေကိုရှာမယ်ဆိုပီး အိမ်ပြင်ထွက်ဖို့ကိုမနှောင့်နှေးပါစေနဲ့။ မီးသတ်သမားတွေလာတော့မှ ကိုယ့်ရဲ့အဲ့အဖိုးတန်ပစ္စည်းတွေကဘယ်နေရာမှာရှိတယ်ဆိုတာပြောပြပီးအကူအညီတောင်းပါ။

၅။ရပ်၊လဲချ၊လှိမ့်

ကိုယ့်အင်္ကျီမှာမီးစွဲနေတယ်ဆိုရင် မပြေးပါနဲ့။ကြမ်းပြင်ပေါ်လဲချလိုက်ပီးကျော်ကိုလှိမ့်လိုက်ပီးမီးကိုငြိမ်းသတ်ပါ။ အပူချိန်အမြင့်တွေကနေရှောင်ရှားနိုင်ဖို့ နဲ့ မီးထဲကလာတဲ့မီးခိုးထူကြီးတွေကဝေးအောင် အမြဲတွားသွားပီး မြေကြီးနဲ့အနီးကပ်ဆုံးဖြစ်အောင်နေပါ။ လောင်ကျွမ်းနေတဲ့အိမ်ကနေမလွတ်မြောက်ခင်ထိ ကိုယ်ကိုနိမ့်နိမ့်လေးပဲနေပါ။

၆။နှာခေါင်းကိုအုပ်ထားပါ။

မီးခိုးငွေ့တွေအဆုတ်ထဲထိမဝင်ရောက်နိုင်အောင် မိမိနှာခေါင်းကို တီရှပ် ဒါမှမဟုတ် မျက်နှာသုတ်ပဝါအစိုတစ်ထည်နဲ့အုပ်ထားပါ။ ကလေးတွေကိုမီးထဲကအပြင်ကိုခေါ်ထုတ်တဲ့အခါမှာလဲ မျက်နှာကိုတတ်နိုင်သလောက်ဖုံးအုပ်ထားပါ။ နောက်ဆုံးအနေနဲ့ကတော့ မီးခိုးတွေ၊မီးတောက်တွေအပြည့်ဖြစ်နေတဲ့ အခန်းထဲကိုမဝင်သွားပါနဲ့။ အဲ့လိုလုပ်ခြင်းဟာပိုပီးကြီးမားတဲ့အန္တရာယ်ကိုဖိတ်ခေါ်သလိုဖြစ်သွားပါလိမ့်မယ်။

၇။တံခါးတွေပိတ်ထားပါ။

အခန်းတစ်ခန်းကထွက်ပီးပီဆိုတာနဲ့ နောက်ကတံခါးကိုတစ်ခါတည်းပိတ်လာခဲ့ပါ။သုတေသနပြုလုပ်ချက်တွေအရဆိုရင် တံခါးတွေပိတ်ထားခြင်းဟာ မီးပြန့်ပွားမှုကိုကာကွယ်ပေးပါတယ်လို့ဆိုပါတယ်။ ဆိုလိုတာကတော့မီးကအဲ့နေရာမှာတစ်ခဏပဲဖြစ်ဖြစ်ရပ်တန့်နေမှာပါ။

၈။အပြင်မှာပဲနေပါ။

အိမ်အပြင်ကိုထွက်ပီးတာနဲ့ အပြင်မှာပဲနေပါ။အထဲမှာကိုယ့်အဖိုးတန်ပစ္စည်းတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေကျန်နေခဲ့တယ်ဆိုရင်တောင်မှ၊ မီးလောင်နေတဲ့အိမ်ထဲကိုထပ်ဝင်ဖို့မလုပ်ပါနဲ့။ အိမ်ထဲမှာ လူတွေ၊အိမ်မွေးတိရိစ္ဆာန်တွေကျန်နေသေးတယ်ထင်ရင် မီးသတ်ဌာနကတာဝန်ရှိသူတွေကိုပြောပြပီး သူတို့ရှိနိုင်မယ့်နေရာကိုညွှန်ပြပေးပါ။

၉။ထွက်ခွာရာနေရာကိုဘေးကင်းအောင်လုပ်ပါ။

အိမ်ကထွက်ခွာပီးတာနဲ့ တစ်နေရာမှာမိသားစုတွေနဲ့စုနေပီး မီးလောင်နေတဲ့အိမ်ထဲကလူအကုန်ကိုကယ်လို့မပီးသေးခင် အဲ့နေရာမှာပဲနေပါ။ ဒီလိုလုပ်ရခြင်းဟာမီးထဲကလွတ်ပီးသားလူတွေကို မီးသတ်သမားတွေထပ်ရှာစရာမလိုတော့အောင်ပါ။

မီးဟာကြောက်ဖို့ကောင်းပီး ပျက်စီးဆုံးရှုံးမှုတွေအပြင် ဒဏ်ရာရမှု၊သေဆုံးမှုတွေကိုပါဖြစ်ပေါ်စေပါတယ်။ စိတ်ကိုအေးအေးထားပီးအကူအညီကိုခေါ်ဖို့အမြဲသတိရပါ။ ဒါကတော့အိမ်မှာမီးလောင်ခဲ့သည်ရှိသော် ဘယ်လိုဘေးကင်းအောင်နေရမလဲဆိုတဲ့အချက်လေးတွေပဲဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:Min Thu (Daily hot News)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top