ေတာင္ကိုးရီးယားႏုိင္ငံ၊ နာမည္ေက်ာ္ အက္ရွင္မင္းသားႀကီး မာဒုံေဆာ့ဟာဆိုရင္ Train to Busan ဇာတ္ကားနဲ႔ လူႀကိဳက္မ်ားလာတာပဲျဖစ္ပါတယ္။ မင္းသားႀကီးဟာ ဒီႏွစ္ထဲ အသက္ ၄၈ ႏွစ္ျပည္႔သြားၿပီပဲျဖစ္ပါတယ္။ အရြယ္မလြန္ခင္ အိမ္ေထာင္ျပဳရေတာ့မွာျဖစ္လို႔ ဦးေလးႀကီးက လက္ရွိတြဲေနတဲ့ ခ်စ္သူ Ye Jung Hwa နဲ႔ လက္ထပ္ဖို႔ အစီအစဥ္ေတြကို အတိအလင္းေျပာလာပါၿပီ။ မာဒုံေဆာ့တစ္ေယာက္ ခ်စ္သူနဲ႔ လက္ထပ္ဖို႔ အစီအစဥ္ေတြကို ဘယ္လိုေျပာသြားလဲဆိုတာ သိရွိဖို႔ ဆက္လက္ၾကည္႔ရွုလိုက္ရေအာင္။

မာဒုံေဆာ့ဟာ လတ္တေလာ ျပင္သစ္ႏုိင္ငံမွာ က်င္းပျပဳလုပ္ခဲ့တဲ့ 2019 Cannes Film Festival ကို ‘The Gangster, The Cop, The Devil’ ဇာတ္ကားမွ ဒါရိုက္တာ၊ သရုပ္ေဆာင္မ်ားနဲ႔အတူ တက္ေရာက္ခဲ့ပါတယ္။

အဆိုပါ press conference မွာ မာဒုံေဆာ့ဟာ လာမယ့္ႏွစ္မွာ လက္ထပ္ဖို႔အစီအစဥ္ေလးေတြကို ေျပာၾကားလာပါတယ္။ “တကယ္ေတာ့ ကၽြန္ေတာ္ ဒီႏွစ္ထဲ လက္ထပ္ဖို႔ စဥ္းစားထားတာ ဒါေပမဲ့ ရိုက္ကူးေရးအခ်ိန္ဇယားေတြနဲ႔ ျပည္႔ႏွက္ေနတာမို႔ ေနာက္ဆုတ္လုိက္ရတယ္” လို႔ ေျပာၾကားလာပါတယ္။ မာဒုံေဆာ့ ဟာ ခ်စ္သူ Ye Jung Hwa နဲ႔ လာမယ့္ ႏွစ္ ၂၀၂၀ မွာလက္ထပ္ဖို႔ အစီအစဥ္ရွိေၾကာင္း ကိုလဲ ေျပာၾကားသြားပါတယ္။

တစ္ဖန္ မာဒုံေဆာ့က “ခင္မင္ရင္းႏွီးတဲ့ ဒါရိုက္တာ Kim Yong Hwa က အျမန္ဆုံး အိမ္ေထာင္ျပဳၿပီး တစ္အိုးတစ္အိမ္ထူေထာင္သင့္ေၾကာင္း အႀကံဥာဏ္ေပးခဲ့ေၾကာင္း” ကိုလဲ ထည္႔သြင္းေျပာၾကားခဲ့ပါတယ္။

မာဒုံေဆာ့နဲ႔ Ye Jung Hwa တို႔ဟာ ၂၀၁၆ မွာ သမီးရည္းစားေတြျဖစ္ေၾကာင္း အတိအလင္းေၾကျငာခဲ့တာျဖစ္ပါတယ္။ မာဒုံေဆာ့က လက္ရွိ အသက္ ၄၈ ႏွစ္ရွိၿပီျဖစ္ၿပီး Ye Jung Hwa ကေတာ့ ၃၁ ပါ။ ႏွစ္ေယာက္သား အသက္ ၁၇ ႏွစ္တိတိကြာေပမယ့္ ပြင့္လင္းတဲ့ဆက္ဆံေရးမ်ိဳးရွိၾကတယ္လို႔ မာဒုံေဆာ့မွ ေျပာၾကားသြားပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:(ပိုပိုေလး)

#Unicode Version#
 တောင်ကိုးရီးယားနိုင်ငံ၊ နာမည်ကျော် အက်ရှင်မင်းသားကြီး မာဒုံဆော့ဟာဆိုရင် Train to Busan ဇာတ်ကားနဲ့ လူကြိုက်များလာတာပဲဖြစ်ပါတယ်။ မင်းသားကြီးဟာ ဒီနှစ်ထဲ အသက် ၄၈ နှစ်ပြည့်သွားပြီပဲဖြစ်ပါတယ်။ အရွယ်မလွန်ခင် အိမ်ထောင်ပြုရတော့မှာဖြစ်လို့ ဦးလေးကြီးက လက်ရှိတွဲနေတဲ့ ချစ်သူ Ye Jung Hwa နဲ့ လက်ထပ်ဖို့ အစီအစဉ်တွေကို အတိအလင်းပြောလာပါပြီ။ မာဒုံဆော့တစ်ယောက် ချစ်သူနဲ့ လက်ထပ်ဖို့ အစီအစဉ်တွေကို ဘယ်လိုပြောသွားလဲဆိုတာ သိရှိဖို့ ဆက်လက်ကြည့်ရှုလိုက်ရအောင်။

မာဒုံဆော့ဟာ လတ်တလော ပြင်သစ်နိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ 2019 Cannes Film Festival ကို ‘The Gangster, The Cop, The Devil’ ဇာတ်ကားမှ ဒါရိုက်တာ၊ သရုပ်ဆောင်များနဲ့အတူ တက်ရောက်ခဲ့ပါတယ်။

အဆိုပါ press conference မှာ မာဒုံဆော့ဟာ လာမယ့်နှစ်မှာ လက်ထပ်ဖို့အစီအစဉ်လေးတွေကို ပြောကြားလာပါတယ်။ “တကယ်တော့ ကျွန်တော် ဒီနှစ်ထဲ လက်ထပ်ဖို့ စဉ်းစားထားတာ ဒါပေမဲ့ ရိုက်ကူးရေးအချိန်ဇယားတွေနဲ့ ပြည့်နှက်နေတာမို့ နောက်ဆုတ်လိုက်ရတယ်” လို့ ပြောကြားလာပါတယ်။ မာဒုံဆော့ ဟာ ချစ်သူ Ye Jung Hwa နဲ့ လာမယ့် နှစ် ၂၀၂၀ မှာလက်ထပ်ဖို့ အစီအစဉ်ရှိကြောင်း ကိုလဲ ပြောကြားသွားပါတယ်။

တစ်ဖန် မာဒုံဆော့က “ခင်မင်ရင်းနှီးတဲ့ ဒါရိုက်တာ Kim Yong Hwa က အမြန်ဆုံး အိမ်ထောင်ပြုပြီး တစ်အိုးတစ်အိမ်ထူထောင်သင့်ကြောင်း အကြံဉာဏ်ပေးခဲ့ကြောင်း” ကိုလဲ ထည့်သွင်းပြောကြားခဲ့ပါတယ်။

မာဒုံဆော့နဲ့ Ye Jung Hwa တို့ဟာ ၂၀၁၆ မှာ သမီးရည်းစားတွေဖြစ်ကြောင်း အတိအလင်းကြေငြာခဲ့တာဖြစ်ပါတယ်။ မာဒုံဆော့က လက်ရှိ အသက် ၄၈ နှစ်ရှိပြီဖြစ်ပြီး Ye Jung Hwa ကတော့ ၃၁ ပါ။ နှစ်ယောက်သား အသက် ၁၇ နှစ်တိတိကွာပေမယ့် ပွင့်လင်းတဲ့ဆက်ဆံရေးမျိုးရှိကြတယ်လို့ မာဒုံဆော့မှ ပြောကြားသွားပါတယ်။

ဖိုးသူတော်(www.phothutaw.com)
Credit:(ပိုပိုလေး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top