ျမန္မာႏုိင္ငံမွာ ၅ ႏွစ္တာကာလအတြင္း အရက္စြဲေရာဂါျဖစ္ပြားမႈဟာ ၂ ဆခြဲေလာက္ျမင့္တက္လာေနတယ္လုိ႔ က်န္းမာေရးနဲ႔ အားကစား၀န္ၾကီးဌာနကသိရပါတယ္။

ဒါဟာ ႏုိင္ငံေတာ္ရဲ႕ ျပႆနာအသြင္ျဖစ္ေနျပီး အရက္ေသာက္မႈေတြေၾကာင့္ ေရာဂါ့ဖစ္ပြားမႈေတြ၊ ခုိက္ရန္ျဖစ္ပြားမႈေတြနဲ႔ ယာဥ္မေတာ္တဆမႈေတြပုိျပီးျဖစ္လာေနတယ္လုိ႔ က်န္းမာေရးနဲ႔ အားကစား၀န္ၾကီးေဒါက္တာျမင့္ေထြးက ႏုိင္ငံပုိင္သတင္းဌာနကုိေျပာၾကားထားပါတယ္။

အရက္ ေသာက္သံုး ျခင္းေၾကာင့္ ေနာက္ဆက္တြဲ က်န္းမာေရး ျပႆနာတြျဖစ္တဲ့ အသည္းေရာင္ျခင္း၊ အသည္းေျခာက္ျခင္း၊ အသည္းကင္ဆာ ျဖစ္ျခင္း၊ ေသြးအန္ျခင္း၊ အစာအိမ္ ေရာဂါျဖစ္ျခင္း၊ ႏွလံုးေရာဂါ ျဖစ္ျခင္း၊ ဦးေႏွာက္ႏွင့္ အာ႐ံုေၾကာ ေရာဂါျဖစ္ျခင္း၊ ပန္းေသပန္းညႇိဳး ျဖစ္ျခင္း၊ သားသမီး မရျခင္း၊ စိတ္ေရာဂါမ်ား ျဖစ္ေပၚႏုိင္ပါတယ္။

အရက္စြဲေဝဒနာနဲ႔ပတ္သက္ျပီး သုေတသနပညာရွင္ေတြရဲ႕ ေလ့ လာခ်က္အရ အရက္တစ္မ်ိဳးမ်ိဳး၊ အထူးသျဖင့္ အရက္အျပင္းစား (ရမ္၊ ဝီစကီ၊ ဂ်င္၊ အရက္ ျဖဴ) ေတြကုိ ေန႔စဥ္ ငါးပက္မွ ခုနစ္ပက္ အထိ ေသာက္သံုးရင္ သီတင္းပတ္ ၃ ပတ္အတြင္းအရက္စြဲႏုိင္ေစတယ္လုိ႔ဆုိပါတယ္။

ဒါေၾကာင့္ အရက္စြဲ ေရာဂါ ျဖစ္ေနရင္ နီးစပ္ရာ ေဆး႐ံု၊ ေဆးခန္းနဲ႔က်န္းမာေရးဌာနေတြမွာ ေဆာလ်င္စြာျပသျပီး စနစ္တက် ကုသမႈ ခံယူၾကဖုိ႔လည္း က်န္းမာေရး ၀န္ႀကီးဌာန ကတိုက္တြန္း ႏိႈးေဆာ္ထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version# ျဖင့္ဖတ္ပါ ။

မြန်မာနိုင်ငံမှာ ၅ နှစ်တာကာလအတွင်း အရက်စွဲရောဂါဖြစ်ပွားမှုဟာ ၂ ဆခွဲလောက်မြင့်တက်လာနေတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကသိရပါတယ်။

ဒါဟာ နိုင်ငံတော်ရဲ့ ပြဿနာအသွင်ဖြစ်နေပြီး အရက်သောက်မှုတွေကြောင့် ရောဂါ့ဖစ်ပွားမှုတွေ၊ ခိုက်ရန်ဖြစ်ပွားမှုတွေနဲ့ ယာဉ်မတော်တဆမှုတွေပိုပြီးဖြစ်လာနေတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဒေါက်တာမြင့်ထွေးက နိုင်ငံပိုင်သတင်းဌာနကိုပြောကြားထားပါတယ်။

အရက် သောက်သုံး ခြင်းကြောင့် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွဖြစ်တဲ့ အသည်းရောင်ခြင်း၊ အသည်းခြောက်ခြင်း၊ အသည်းကင်ဆာ ဖြစ်ခြင်း၊ သွေးအန်ခြင်း၊ အစာအိမ် ရောဂါဖြစ်ခြင်း၊ နှလုံးရောဂါ ဖြစ်ခြင်း၊ ဦးနှောက်နှင့် အာရုံကြော ရောဂါဖြစ်ခြင်း၊ ပန်းသေပန်းညှိုး ဖြစ်ခြင်း၊ သားသမီး မရခြင်း၊ စိတ်ရောဂါများ ဖြစ်ပေါ်နိုင်ပါတယ်။

အရက်စွဲဝေဒနာနဲ့ပတ်သက်ပြီး သုတေသနပညာရှင်တွေရဲ့ လေ့ လာချက်အရ အရက်တစ်မျိုးမျိုး၊ အထူးသဖြင့် အရက်အပြင်းစား (ရမ်၊ ဝီစကီ၊ ဂျင်၊ အရက် ဖြူ) တွေကို နေ့စဉ် ငါးပက်မှ ခုနစ်ပက် အထိ သောက်သုံးရင် သီတင်းပတ် ၃ ပတ်အတွင်းအရက်စွဲနိုင်စေတယ်လို့ဆိုပါတယ်။

ဒါကြောင့် အရက်စွဲ ရောဂါ ဖြစ်နေရင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းနဲ့ကျန်းမာရေးဌာနတွေမှာ ဆောလျင်စွာပြသပြီး စနစ်တကျ ကုသမှု ခံယူကြဖို့လည်း ကျန်းမာရေး ဝန်ကြီးဌာန ကတိုက်တွန်း နှိုးဆော်ထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top