Credit: nanmalgyi
#Unicode Version# ဖြင့်ဖတ်ပါ ။
စည်ပင်ကိုယ်စားလှယ်လောင်း အလှမယ် ထက်ထက်ထွန်းကတော့ ရွေးကောက်ပွဲ မနိုင်တဲ့အတွက် အနုပညာလှုပ်ရှားမှုတွေပဲ ပြန်လုပ်နေပါတယ်။ ထက်ထက်ထွန်းရဲ့ ချစ်သူက အနုပညာလောကထဲက ဖြစ်ပြီး သူ့ထက် အသက်ပိုကြီးတယ်လို့လည်း သိရပါတယ်။ မွေးစားထားတဲ့ ကလေးတွေက ပညာတတ်ဘွဲ့ရဖြစ်နေပြီး သူတို့လေးတွေအတွက် ကြိုးစားနေရလို့ အိမ်ထောင်မပြုချင်တဲ့အကြောင်း ထက်ထက်ထွန်းက ခုလို ပြောသွားပါတယ်။
“ထက်မိသားစုရော ကိုယ်မမွေးထားတဲ့ ဝမ်းမနာ သားသမီးတွေအတွက်ပဲ ကြိုးစားနေရတာပါ။ ကိုယ်တိုင်ထူထောင်ထားတဲ့ မိသားစု ဘဝလေးကို လိုချင်တယ်လို့ စိတ်ကူးပေမဲ့ အခုအချိန်မှာ ပညာတတ်ပြီးသား ဘွဲ့ရပြီးသား ကလေးတွေက အဆင်သင့်ရနေတော့ ထပ်မမွေးချင်တော့ဘူးလို့ ခံစားရတယ်။ ကလေးမွေးချင်စိတ်မရှိသလို ယောကျ်ားယူချင်စိတ်လည်း မရှိတော့ဘူး။ ယောကျ်ားမယူချင်ဘူး ပြောတော့ ချစ်သူက ရူးနေလားတဲ့။” ဆိုပြီး ပြောပြသွားပါတယ်။
ငါ အစွဲတွေကို ချွတ်ပစ်ချင်တဲ့အကြောင်းလည်း ထက်ထက်ထွန်းက ခုလို ပြောသွားပါတယ်။
“အသက်ကြီးလာတာနဲ့အမျှ ကိုယ့်ကိုယ်ကိုယ် နားလည်လာပြီး မိဘတွေအပေါ်လည်း ခံစားတတ်လာတယ်။ ဒီဘဝမှာ ကိုယ်လုပ်ပေးရမယ့် တာဝန်တွေ များလာတာနဲ့အမျှ အများကြီး လုပ်ပေးရတဲ့အချိန်မှာ တစ်ခုတည်းကို တည်ပြီး တာဝန်ယူရတာမျိုး မလုပ်ချင်ဘူး။ အိမ်ထောင်ကျပြီးတဲ့နောက်မှာ ငါ အစွဲတွေ စွဲလာမယ်ကွာ။ ငါဆိုတာာတွေ အကုန်လုံးကို ဖျောက်ပြီး အများအတွက် လုပ်ရမယ်ဆိုတော့ ယောကျ်ားမယူတာ ပိုကောင်းတယ်။” လို့ ဆိုပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: nanmalgyi