ဒါနျပဳတာခ်င္း တူတယ္ထား၊ ပါဏာတိပါတကံကုိ လြန္က်ဴးေနတဲ့ ပုဂၢိဳလ္ရဲ႕ ဒါနႏွင့္ ပါဏာတိပါတကံကုိမလြန္က်ဴးတဲ့ ပုဂၢိဳလ္ရဲ႕ဒါန

ဒီႏွစ္ခုတုိင္းတာႏႈိင္းစာၾကည့္လုိက္ရင္ပါဏာတိပါတကံကုိလြန္က်ဴးေနတဲ့ ပုဂၢိဳလ္က ျပဳစုပ်ဳိးေထာင္ထားတဲ့ ဒါနကုသိုလ္ကံသည္ အဆင့္မျမင့္ဘူး။

ပါဏာတိပါတကံကို က်ဴးလြန္ေနတဲ့ ပုဂၢိဳလ္ရဲ႕ ဒါနသည္ ႀကီးက်ယ္ဖြံ႕ၿဖိဳး မ်ားျမတ္တဲ့ အက်ိဳးကိုမေပးႏိုင္ဘူးတဲ့။

ဥပမာ ၾကက္တစ္ေကာင္ကို သတ္ၿပီးေတာ့ ဆြမ္းခ်က္ကာ သံဃာေတာ္မ်ားကိုဆြမ္းေလာင္းလွဴတယ္။

သားေပါက္ႏိုင္တဲ့ ၾကက္ဥတစ္လံုးကို ျပဳတ္ၿပီးေတာ့ သို႔မဟုတ္ ေၾကာ္ၿပီးေတာ့ဆြမ္းေလာင္းလွဴတယ္။

ဒီလို ဒါနမ်ဳိးေတြဟာ သူတစ္ပါးရဲ႕ အသက္ေတြကို သတ္ျဖတ္ၿပီးမွ ေကာင္းမႈကုသိုလ္တစ္ခုကို ျပဳစုပ်ဳိးေထာင္တဲ့အတြက္ ဒီလို ကုသိုလ္ကံဟာ လူ႕ဘ၀ကဲ့သို႔ေသာ ဘ၀တစ္ခုကိုျဖစ္ေပၚေစတဲ့အခါမွာ

မိမိ လြန္က်ဴးခဲ့တဲ့ သူ႕အသက္ကို သတ္ျခင္းဆိုတဲ့ ပါဏာတိပါတအကုသိုလ္ကံကို လြန္က်ဴးခဲ့ဆဲ အခ်ိန္အခါတုန္းက သူတစ္ပါးတို႔ကို ေသေစလိုတဲ့ စိတ္ထား အျပည့္အ၀

ရွိခဲ့တဲ့အတြက္ ထုိအကုသိုလ္ကံက မိမိရဲ႕ အသက္ကို တိုသြားေအာင္ ျပဳျပင္ဖန္တီးေပးတယ္။

ဒါ့ေၾကာင့္ ပါဏာတိပါတ စတဲ့ အကုသိုလ္ကံေတြကို လြန္က်ဴးေနတဲ့ ပုဂၢိဳလ္တစ္ေယာက္ ျပဳစုပ်ဳိးေထာင္တဲ့ ကုသိုလ္ကံဟာ ႀကီးက်ယ္ဖြံ႕ၿဖိဳး မ်ားျမတ္တဲ့ အက်ဳိးတရားေတြကို ရြက္ေဆာင္ေပးႏိုင္တဲ့စြမ္းအား မရွိပါဘူး။

သီလျဖဴစင္ေနတဲ့ ပုဂၢိဳလ္တစ္ဦးရဲ႕ ျပဳစုပ်ဳိးေထာင္လိုက္တဲ့ ကုသိုလ္ကံေတြကသာႀကီးက်ယ္ဖြံ႕ၿဖိဳး မ်ားျမတ္တဲ့ အက်ဳိးတရားေတြကို ရြက္ေဆာင္ေပးႏိုင္တဲ့ စြမ္းအား ရွိပါတယ္။

” ၾကံတိုင္းေအာင္ ေဆာင္တိုင္းေျမာက္ “တဲ့ ကံမ်ဳိး ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:“ဖားေအာက္ေတာရဆရာေတာ္ ”
# Unicode Version # ျဖင့္ ဖတ္ပါ #

ဒါနပြုတာချင်း တူတယ်ထား၊ ပါဏာတိပါတကံကို လွန်ကျူးနေတဲ့ ပုဂ္ဂိုလ်ရဲ့ ဒါနနှင့် ပါဏာတိပါတကံကိုမလွန်ကျူးတဲ့ ပုဂ္ဂိုလ်ရဲ့ဒါန

ဒီနှစ်ခုတိုင်းတာနှိုင်းစာကြည့်လိုက်ရင်ပါဏာတိပါတကံကိုလွန်ကျူးနေတဲ့ ပုဂ္ဂိုလ်က ပြုစုပျိုးထောင်ထားတဲ့ ဒါနကုသိုလ်ကံသည် အဆင့်မမြင့်ဘူး။

ပါဏာတိပါတကံကို ကျူးလွန်နေတဲ့ ပုဂ္ဂိုလ်ရဲ့ ဒါနသည် ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့ အကျိုးကိုမပေးနိုင်ဘူးတဲ့။

ဥပမာ ကြက်တစ်ကောင်ကို သတ်ပြီးတော့ ဆွမ်းချက်ကာ သံဃာတော်များကိုဆွမ်းလောင်းလှူတယ်။

သားပေါက်နိုင်တဲ့ ကြက်ဥတစ်လုံးကို ပြုတ်ပြီးတော့ သို့မဟုတ် ကြော်ပြီးတော့ဆွမ်းလောင်းလှူတယ်။

ဒီလို ဒါနမျိုးတွေဟာ သူတစ်ပါးရဲ့ အသက်တွေကို သတ်ဖြတ်ပြီးမှ ကောင်းမှုကုသိုလ်တစ်ခုကို ပြုစုပျိုးထောင်တဲ့အတွက် ဒီလို ကုသိုလ်ကံဟာ လူ့ဘဝကဲ့သို့သော ဘဝတစ်ခုကိုဖြစ်ပေါ်စေတဲ့အခါမှာ

မိမိ လွန်ကျူးခဲ့တဲ့ သူ့အသက်ကို သတ်ခြင်းဆိုတဲ့ ပါဏာတိပါတအကုသိုလ်ကံကို လွန်ကျူးခဲ့ဆဲ အချိန်အခါတုန်းက သူတစ်ပါးတို့ကို သေစေလိုတဲ့ စိတ်ထား အပြည့်အဝ

ရှိခဲ့တဲ့အတွက် ထိုအကုသိုလ်ကံက မိမိရဲ့ အသက်ကို တိုသွားအောင် ပြုပြင်ဖန်တီးပေးတယ်။

ဒါ့ကြောင့် ပါဏာတိပါတ စတဲ့ အကုသိုလ်ကံတွေကို လွန်ကျူးနေတဲ့ ပုဂ္ဂိုလ်တစ်ယောက် ပြုစုပျိုးထောင်တဲ့ ကုသိုလ်ကံဟာ ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့ အကျိုးတရားတွေကို ရွက်ဆောင်ပေးနိုင်တဲ့စွမ်းအား မရှိပါဘူး။

သီလဖြူစင်နေတဲ့ ပုဂ္ဂိုလ်တစ်ဦးရဲ့ ပြုစုပျိုးထောင်လိုက်တဲ့ ကုသိုလ်ကံတွေကသာကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့ အကျိုးတရားတွေကို ရွက်ဆောင်ပေးနိုင်တဲ့ စွမ်းအား ရှိပါတယ်။

” ကြံတိုင်းအောင် ဆောင်တိုင်းမြောက် “တဲ့ ကံမျိုး ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:“ဖားအောက်တောရဆရာတော် ”
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top