ကေလးက ည ၂ နာရီေလာက္မွာ ရုတ္တရက္ထထိုင္ပီးေတာ့ ကေယာင္ကတမ္းေတြေျပာေနလို႕ဆိုပီး ေဆးရံုေရာက္လာတယ္ …

ေရာက္လာတဲ႔ခ်ိန္က မနက္ ၁၀ နာရီေက်ာ္ေလာက္ …

ပ်ိဳ႕အန္ေနတယ္ … အဖ်ားရွိတယ္.. မ်က္လံုးျပဴးပီး တဆတ္ဆတ္နဲ႕တုန္ပီး ကေယာင္ကတမ္းေျပာေနတယ္ … သြားရည္ေတြလဲက်ေနတယ္ …

သူတို႕ကေတာ့ အပမွီတာ လိုလို စုန္းကိုင္တာလိုလို ေျပာေနျကတယ္ …

အရင္က ဘာေရာဂါမွ မျဖစ္ဖူးသလို ေဆးရံု ေဆးခန္းေတာင္မွ မျပရေလာက္ေအာင္ မာ တဲ႔ ကေလး …တဲ႔ …

က်ေတာ္ အားလံုး စမ္းသပ္ျကည့္ေတာ့ စိတ္ထဲ မဟုတ္ေသးပါဘူး … ထင္ေနတာတစ္ခု ေသခ်ာေမးျကည့္အံုးမွ ဆိုပီး ေမးျကည့္တယ္ … ” ကေလးက အရင္က ေခြးတို႕ေျကာင္တို႕ ကိုက္ခံရဖူးလားဗ် ?”

“ကိုက္ခံရဖူးတယ္ေလ .. ပီးခဲ႔တဲ႔လက …

အိမ္ေခြးပါ … ဘာမွမျဖစ္ဘူး … ေခြးရူး မဟုတ္ဘူး… ” တဲ႔ … ေ့ျဖပံုကေတာ့ ခပ္မာမာ ..

“အဲ႔တုန္းက ကာကြယ္ေဆးထိုးလား ?”

“အာ … အိမ္ေခြးပါဆို .. ထိုးစရာလိုလို႕လား ..? ပီးေတာ့ အဲ႔တုန္းက မအားဘူး ဘယ္သူမွ ”

ခုနကထက္ အသံကမာလာတယ္ …

ဒါဆို အဲ႔ အိမ္ေခြးကေကာ ေခြးရူးကာကြယ္ေဆးထိုးထားလား …ဆိုေတာ့..

“မထိုးထားပါဘူး “တဲ႔ …

ခု အဲ႔ေခြးေကာ ဆိုေတာ့ .. အဲ႔ကိုက္တဲ႔ေန႕ကတည္းက ေမာင္းထုတ္လိုက္တာ ဘယ္ေရာက္သြားမွန္းေတာင္ မသိပါဘူး .. တဲ႔ …

History နဲ႕ Examination အရေတာ့ က်ေတာ့္ Diagnosis ကေတာ့ Rabies (ေခြးရူးျပန္ေရာဂါ) ပါပဲ …

ဒါနဲ႕ပဲ သူတို႕ကို ေရာဂါအေျကာင္း ေသခ်ာရွင္းျပတယ္ … လက္မခံခ်င္သလိုလို ပံုစံပါပဲ …

လိုအပ္တဲ႔ထိုးေဆး ေသာက္ေဆးေတြေပးပီး ေဆးရံုတင္ထားလိုက္တယ္ … ေသခ်ာလဲ monitoring လုပ္ထားတယ္ …

ညေန ေဆးထိုးပီး နာရီဝက္ေက်ာ္အျကာမွာ ကေလးက ထေဖာက္လာတယ္ဆိုပီး ေစာတဒ တက္ပါေလေရာ ….. ( အမွန္ေတာ့ ေဆးနဲ႕မဆိုင္ပဲ ေရာဂါအရ ထေဖာက္တာမ်ိဳး )

ခ်က္ခ်င္း သြားျကည့္ေတာ့ ကေလးက Gasping ရေနပီ … Resuscitation (သက္ကယ္) လုပ္ေပမယ့္ နာရီဝက္ေက်ာ္ ျကာတဲ႔ထိ ျပန္ေကာင္းမလာေတာ့ပါဘူး …

ေနာက္ဆံုး Expired (ဆံုး) သြားတယ္ …

အဲ႔မွာ စျပသနာ ရွာေတာ့တာပဲ …

ကေလး အေမက သူ႕ကေလးကို သူနာျပဳဆရာမေတြက ေဆးထိုးသတ္ပသ္ပါတယ္ဆိုပီး တေဆးရံုလံုး ျကားေအာင္ ထပ္ခါထပ္ခါ ေအာ္ပီး ငိုပါေလေရာ …

ေခြးကိုက္တုန္းက ေခြးရူးကာကြယ္ေဆးထိုးဖို႕ မအားဘူးဆိုတဲ႔သူေတြဆီက လူအေယာက္ ၂၀ ေလာက္ေရာက္လာတယ္ ..

တုတ္ေတြေတာင္ပါတယ္ …

ကေလးကို ေဆးထိုးသတ္တာ .. ကေလးကို ေဆးထိုးသတ္တာ …အသံေတြ ပဲ႔တင္ထပ္ေနတယ္ …

ဆရာမေလးေတြခမ်ာ ေျကာက္လို႕ မ်က္ရည္္ေတြေတာင္က်တယ္ …

အခန္းထဲ ေျပးဝင္ျကတယ္ …

ခုနက လူေတြက က်ေတာ့္ဆီကို ဝိုင္းလာတယ္ … ပူလို႕ေခြ်းထြက္တာေရာ .. ခုနက သူတို႕ကေလးကို CPR နာရီဝက္ေက်ာ္ လုပ္ေပးထားတာေရာနဲ႕ လူက ေခြ်းေတြ ရႊဲေနပီးသား … သူတို႕အဲ႔လို ဝိုင္းလာေတာ့ ပိုဆိုး .. ေရခ်ိဳးထားသလား မွတ္ရတယ္ …

ေဆးထိုးတဲ႔ ဆရာမကို ထုတ္ေပး … အဲ႔ဆရာမ က်ေတာ္တို႕ကေလးကို သတ္တာတဲ႔ …

က်ေတာ္လဲ အတတ္နိုင္ဆံုး ထိန္းေျပာတယ္ … ဒါက ေဆး နဲ႕ မဆိုင္ေျကာင္း …ကေလးမွာ ေဆးမတည့္တဲ႔ လကၡဏာေတြ တစ္ခုမွ မရွိေျကာင္း… ပီးေတာ့ အဓိက ဒီေဆးေတြ ထိုးခိုင္းေသာက္ခိုင္းတာဟာ က်ေတာ္ပဲျဖစ္ပီး ဆရာမနဲ႕ လံုးဝမဆိုင္ေျကာင္း … ကေလးက
ေခြးရူးေရာဂါေျကာင့္သာ ဒီလိုျဖစ္ရေျကာင္း အျကိမ္ျကိမ္ရွင္းျပမွ အနည္းငယ္ ျငိမ္သြားတယ္ … ဒါေတာင္ အဲ႔ လူုအုပ္ထဲက ေတာက္တေခါက္ေခါက္အသံေတြ … အဓိပၸာယ္ကို မရွိဘူး ဆိုတဲ႔ အသံေတြ ျကားေနရတုန္း …

ေနာက္ေတာ့ ရြာက ဘုန္းျကီးေတြပါေရာက္လာတယ္ … ကံေကာင္းတာက ဘုန္းျကီးေတြ ျပသနာ လာရွာတာမဟုတ္ပဲ လာတရားခ်ေပးတာမို႕ အေျခအေန ေတာ္ေတာ္တည္ျငိမ္သြားတယ္ …

ကေလးရဲ႕အေမကေတာ့ သူ့သမီးကို ဆရာမက ေဆးထိုးသတ္ပါတယ္ဆိုပီး တဖြဖြ …

က်ေတာ္လဲ လုပ္စရာရွိတာေတြဆက္လုပ္ … ေနာက္ လူနာတစ္ေယာက္(ကိုယ္ဝန္ ၅ လ နဲ႕ အဆိပ္ ေသာက္ ေသတဲ႔လူနာ )ကို ထပ္ျကည့္ေပးေနရတာမို႕ သူုတို႕ေတြဘယ္အခ်ိန္ ျပန္သြားျကမွန္းေတာ့ မသိလိုက္ဘူး …

စိတ္ထဲမွာေတာ့ေတြးမိတယ္ …

ငယ္ငယ္က သင္ခဲ႔ရဖူးတဲ႔ ပံုျပင္ too much knowledge maketh fools ကမွေတာ္ေသးတယ္ …

a little knowledge ကမွ တကယ့္ကို ေျကာက္စရာ ဆိုတာပါပဲ …

(အိမ္ေခြးကိုက္ကိုက္ ေျကာင္ကိုက္ကိုက္ ၂၄ နာရီအတြင္း ကာကြယ္ေဆးထိုးျကပါဗ်ာ )

ဖိုးသူေတာ္(www.phothutaw.com)
Credit:Dr.Yan

#Unicode Version#
ကလေးက ည ၂ နာရီလောက်မှာ ရုတ်တရက်ထထိုင်ပီးတော့ ကယောင်ကတမ်းတွေပြောနေလို့ဆိုပီး ဆေးရုံရောက်လာတယ် …

ရောက်လာတဲ့ချိန်က မနက် ၁၀ နာရီကျော်လောက် …

ပျို့အန်နေတယ် … အဖျားရှိတယ်.. မျက်လုံးပြူးပီး တဆတ်ဆတ်နဲ့တုန်ပီး ကယောင်ကတမ်းပြောနေတယ် … သွားရည်တွေလဲကျနေတယ် …

သူတို့ကတော့ အပမှီတာ လိုလို စုန်းကိုင်တာလိုလို ပြောနေကြတယ် …

အရင်က ဘာရောဂါမှ မဖြစ်ဖူးသလို ဆေးရုံ ဆေးခန်းတောင်မှ မပြရလောက်အောင် မာ တဲ့ ကလေး …တဲ့ …

ကျတော် အားလုံး စမ်းသပ်ကြည့်တော့ စိတ်ထဲ မဟုတ်သေးပါဘူး … ထင်နေတာတစ်ခု သေချာမေးကြည့်အုံးမှ ဆိုပီး မေးကြည့်တယ် … ” ကလေးက အရင်က ခွေးတို့ကြောင်တို့ ကိုက်ခံရဖူးလားဗျ ?”

“ကိုက်ခံရဖူးတယ်လေ .. ပီးခဲ့တဲ့လက …

အိမ်ခွေးပါ … ဘာမှမဖြစ်ဘူး … ခွေးရူး မဟုတ်ဘူး… ” တဲ့ … ေ့ဖြပုံကတော့ ခပ်မာမာ ..

“အဲ့တုန်းက ကာကွယ်ဆေးထိုးလား ?”

“အာ … အိမ်ခွေးပါဆို .. ထိုးစရာလိုလို့လား ..? ပီးတော့ အဲ့တုန်းက မအားဘူး ဘယ်သူမှ ”

ခုနကထက် အသံကမာလာတယ် …

ဒါဆို အဲ့ အိမ်ခွေးကကော ခွေးရူးကာကွယ်ဆေးထိုးထားလား …ဆိုတော့..

“မထိုးထားပါဘူး “တဲ့ …

ခု အဲ့ခွေးကော ဆိုတော့ .. အဲ့ကိုက်တဲ့နေ့ကတည်းက မောင်းထုတ်လိုက်တာ ဘယ်ရောက်သွားမှန်းတောင် မသိပါဘူး .. တဲ့ …

History နဲ့ Examination အရတော့ ကျတော့် Diagnosis ကတော့ Rabies (ခွေးရူးပြန်ရောဂါ) ပါပဲ …

ဒါနဲ့ပဲ သူတို့ကို ရောဂါအကြောင်း သေချာရှင်းပြတယ် … လက်မခံချင်သလိုလို ပုံစံပါပဲ …

လိုအပ်တဲ့ထိုးဆေး သောက်ဆေးတွေပေးပီး ဆေးရုံတင်ထားလိုက်တယ် … သေချာလဲ monitoring လုပ်ထားတယ် …

ညနေ ဆေးထိုးပီး နာရီဝက်ကျော်အကြာမှာ ကလေးက ထဖောက်လာတယ်ဆိုပီး စောတဒ တက်ပါလေရော ….. ( အမှန်တော့ ဆေးနဲ့မဆိုင်ပဲ ရောဂါအရ ထဖောက်တာမျိုး )

ချက်ချင်း သွားကြည့်တော့ ကလေးက Gasping ရနေပီ … Resuscitation (သက်ကယ်) လုပ်ပေမယ့် နာရီဝက်ကျော် ကြာတဲ့ထိ ပြန်ကောင်းမလာတော့ပါဘူး …

နောက်ဆုံး Expired (ဆုံး) သွားတယ် …

အဲ့မှာ စပြသနာ ရှာတော့တာပဲ …

ကလေး အမေက သူ့ကလေးကို သူနာပြုဆရာမတွေက ဆေးထိုးသတ်ပသ်ပါတယ်ဆိုပီး တဆေးရုံလုံး ကြားအောင် ထပ်ခါထပ်ခါ အော်ပီး ငိုပါလေရော …

ခွေးကိုက်တုန်းက ခွေးရူးကာကွယ်ဆေးထိုးဖို့ မအားဘူးဆိုတဲ့သူတွေဆီက လူအယောက် ၂၀ လောက်ရောက်လာတယ် ..

တုတ်တွေတောင်ပါတယ် …

ကလေးကို ဆေးထိုးသတ်တာ .. ကလေးကို ဆေးထိုးသတ်တာ …အသံတွေ ပဲ့တင်ထပ်နေတယ် …

ဆရာမလေးတွေခမျာ ကြောက်လို့ မျက်ရည်တွေတောင်ကျတယ် …

အခန်းထဲ ပြေးဝင်ကြတယ် …

ခုနက လူတွေက ကျတော့်ဆီကို ဝိုင်းလာတယ် … ပူလို့ချွေးထွက်တာရော .. ခုနက သူတို့ကလေးကို CPR နာရီဝက်ကျော် လုပ်ပေးထားတာရောနဲ့ လူက ချွေးတွေ ရွှဲနေပီးသား … သူတို့အဲ့လို ဝိုင်းလာတော့ ပိုဆိုး .. ရေချိုးထားသလား မှတ်ရတယ် …

ဆေးထိုးတဲ့ ဆရာမကို ထုတ်ပေး … အဲ့ဆရာမ ကျတော်တို့ကလေးကို သတ်တာတဲ့ …

ကျတော်လဲ အတတ်နိုင်ဆုံး ထိန်းပြောတယ် … ဒါက ဆေး နဲ့ မဆိုင်ကြောင်း …ကလေးမှာ ဆေးမတည့်တဲ့ လက္ခဏာတွေ တစ်ခုမှ မရှိကြောင်း… ပီးတော့ အဓိက ဒီဆေးတွေ ထိုးခိုင်းသောက်ခိုင်းတာဟာ ကျတော်ပဲဖြစ်ပီး ဆရာမနဲ့ လုံးဝမဆိုင်ကြောင်း … ကလေးက
ခွေးရူးရောဂါကြောင့်သာ ဒီလိုဖြစ်ရကြောင်း အကြိမ်ကြိမ်ရှင်းပြမှ အနည်းငယ် ငြိမ်သွားတယ် … ဒါတောင် အဲ့ လူုအုပ်ထဲက တောက်တခေါက်ခေါက်အသံတွေ … အဓိပ္ပာယ်ကို မရှိဘူး ဆိုတဲ့ အသံတွေ ကြားနေရတုန်း …

နောက်တော့ ရွာက ဘုန်းကြီးတွေပါရောက်လာတယ် … ကံကောင်းတာက ဘုန်းကြီးတွေ ပြသနာ လာရှာတာမဟုတ်ပဲ လာတရားချပေးတာမို့ အခြေအနေ တော်တော်တည်ငြိမ်သွားတယ် …

ကလေးရဲ့အမေကတော့ သူ့သမီးကို ဆရာမက ဆေးထိုးသတ်ပါတယ်ဆိုပီး တဖွဖွ …

ကျတော်လဲ လုပ်စရာရှိတာတွေဆက်လုပ် … နောက် လူနာတစ်ယောက်(ကိုယ်ဝန် ၅ လ နဲ့ အဆိပ် သောက် သေတဲ့လူနာ )ကို ထပ်ကြည့်ပေးနေရတာမို့ သူုတို့တွေဘယ်အချိန် ပြန်သွားကြမှန်းတော့ မသိလိုက်ဘူး …

စိတ်ထဲမှာတော့တွေးမိတယ် …

ငယ်ငယ်က သင်ခဲ့ရဖူးတဲ့ ပုံပြင် too much knowledge maketh fools ကမှတော်သေးတယ် …

a little knowledge ကမှ တကယ့်ကို ကြောက်စရာ ဆိုတာပါပဲ …

(အိမ်ခွေးကိုက်ကိုက် ကြောင်ကိုက်ကိုက် ၂၄ နာရီအတွင်း ကာကွယ်ဆေးထိုးကြပါဗျာ )

ဖိုးသူတော်(www.phothutaw.com)
Credit:Dr.Yan
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top