ရန္ကုန္တုိင္း ၿမိဳ႕နယ္တခ်ဳိ႕မွာ မုိးသည္းထန္စြာရြာသြန္းၿပီး ေလျပင္းတုိက္ခတ္မႈေၾကာင့္ ဓာတ္အားလိုင္းႀကိဳးေတြ ျပတ္က်ေနလုိ႔ ျပည္သူေတြ သတိျပဳၾကဖုိ႔ လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာနက သတိေပးခ်က္ ထုတ္ျပန္ထားပါတယ္။

ေမ ၁၆ ရက္ ညေနပိုင္းက သာေကတ၊ ေဒါပံု၊ ပုဇြန္ေတာင္၊ ဗိုလ္တေထာင္၊ မဂၤလာေတာင္ညြန္႔၊ တာေမြ၊ သဃၤန္းကၽြန္း၊ လမ္းမေတာ္၊ သန္လ်င္၊ တြံေတး၊ ကြမ္းၿခံကုန္း စတဲ့ ၿမိဳ႕နယ္ေတြမွာ မုိးသည္းထန္ၿပီး ေလျပင္းတုိက္ခတ္တာေၾကာင့္ ဓာတ္အားလိုင္းႀကိဳးေတြ ျပတ္က်တာ၊ သစ္ပင္ သစ္ကိုင္းေတြ ႀကိဳးက်တာ၊ သစ္ပင္ႀကီးေတြ ၿပိဳလဲတာ၊ ဓာတ္အားလိုင္းတိုင္ေတြ ၿပိဳလဲခဲ့လုိ႔ တခ်ိဳ႕ေနရာေတြမွာ ယာယီ ဓာတ္အားျပတ္ေတာက္ခဲ့ရပါတယ္။

ဓာတ္အားျပတ္ေတာက္တဲ့ ေနရာေတြ ဓာတ္အားျပန္လည္ရရွိေရး လုပ္ေဆာင္ေနၿပီး ဓာတ္အားလိုင္းႀကိဳးေတြ ျပတ္က်၊ ျပဳတ္က်တာေတြေၾကာင့္ လၽွပ္စစ္အႏၱရာယ္ ေပၚေပါက္ႏုိင္လုိ႔ အမ်ားျပည္သူေတြ သတိျပဳၾကဖုိ႔ သတိေပးထားပါတယ္။

ဓာတ္အားလုိင္းႀကိဳးေတြ ျပတ္ေတာက္ ျပဳတ္က်တာေတြ ေတြ႔ရွိပါက “YESC CALLCENTER HOT LINE PHONE 1717” နဲ႔ သက္ဆိုင္ရာ ၿမိဳ႕နယ္လၽွပ္စစ္႐ုံးေတြကို ဆက္သြယ္အေၾကာင္းၾကားေပးၾကဖုိ႔ ေမတၱာရပ္ခံထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:dvb
# Unicode Version # ျဖင့္ ဖတ္ပါ #

ရန်ကုန်တိုင်း မြို့နယ်တချို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဓာတ်အားလိုင်းကြိုးတွေ ပြတ်ကျနေလို့ ပြည်သူတွေ သတိပြုကြဖို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက သတိပေးချက် ထုတ်ပြန်ထားပါတယ်။

မေ ၁၆ ရက် ညနေပိုင်းက သာကေတ၊ ဒေါပုံ၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ မင်္ဂလာတောင်ညွန့်၊ တာမွေ၊ သင်္ဃန်းကျွန်း၊ လမ်းမတော်၊ သန်လျင်၊ တွံတေး၊ ကွမ်းခြံကုန်း စတဲ့ မြို့နယ်တွေမှာ မိုးသည်းထန်ပြီး လေပြင်းတိုက်ခတ်တာကြောင့် ဓာတ်အားလိုင်းကြိုးတွေ ပြတ်ကျတာ၊ သစ်ပင် သစ်ကိုင်းတွေ ကြိုးကျတာ၊ သစ်ပင်ကြီးတွေ ပြိုလဲတာ၊ ဓာတ်အားလိုင်းတိုင်တွေ ပြိုလဲခဲ့လို့ တချို့နေရာတွေမှာ ယာယီ ဓာတ်အားပြတ်တောက်ခဲ့ရပါတယ်။

ဓာတ်အားပြတ်တောက်တဲ့ နေရာတွေ ဓာတ်အားပြန်လည်ရရှိရေး လုပ်ဆောင်နေပြီး ဓာတ်အားလိုင်းကြိုးတွေ ပြတ်ကျ၊ ပြုတ်ကျတာတွေကြောင့် လျှပ်စစ်အန္တရာယ် ပေါ်ပေါက်နိုင်လို့ အများပြည်သူတွေ သတိပြုကြဖို့ သတိပေးထားပါတယ်။

ဓာတ်အားလိုင်းကြိုးတွေ ပြတ်တောက် ပြုတ်ကျတာတွေ တွေ့ရှိပါက “YESC CALLCENTER HOT LINE PHONE 1717” နဲ့ သက်ဆိုင်ရာ မြို့နယ်လျှပ်စစ်ရုံးတွေကို ဆက်သွယ်အကြောင်းကြားပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:dvb
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top