နဘား;ကသာၾကားရထားလမ္​းပိုင္​းရွိသံလမ္းမူလီမ်ားျဖဴတ္ခိုးမ်ားသူရွိ

နဘား ကသာ (၁၄)မိုင္ခရီးကို ေန႕စဥ္ေျပးဆြဲလ်ွက္ရွိေသာမီးရထားသံလမ္းေပၚမွအမွတ္(၅၁)အဆန္နဘားကသာမီးရထားကနဘားဘူတာမွနံနက္၆း၃၀အခ်ိန္တြင္လည္းေကာင္း အမွတ္(၅၂)အစုန္ကသာ-နဘားမီးရထားက ေန႕လည္၁း၃၀အခ်ိန္တြင္ကသာဘူတာမွ၎ပံုမွန္ေျပးဆြဲေပးလ်ွက္ရွိသည္။

(1.5.2019)​ေန႔နဘားမွကသာသို႔သြား​ေသာ အမွတ္​.၅၁ အဆန္​ရထားေမာင္းနွင္သူကသတိထားေမာင္းႏွင္ရာမွမိုင္​တိုင္​ (၅၉၂.၅၉၃.၅၉၄)ၾကား႐ွိ သံလမ္​းဆက္​ ဂ်ိဳင္​းပတ္​တာ မ်ားပံုပါအတိုင္​းျပဳတ္​​ေနသည္​မွာ ကိုေတြ႕ရွိရေၾကာင္း…..

စုစုေပါင္​း​ေနရာ (၂၅)​ေနရာ​ေက်ာ္​႐ွိ​ေၾကာင္​းေတြရွိရသျဖင့္ဌာနသို႕သတင္းပို့တင္ျပထားေၾကာင္းသိရသည္။နဘား-ကသာမီးရထားလမ္းသည္ ​ေတာင္​တက္​လမ္​းပိုင္​းျဖစ္ျပီးတစ္ရက္လ်င္ရထား၂ၾကိမ္သာျဖတ္သန္းရျပီးလူသူအေရာက္အေပါက္နည္းလွသည္။

ယခုျဖစ္​စဥ္​အ​ေနအ​ေထားအရေရာင္းခ်ရန္အလို႕ငွာ သံလမ္းဆက္မူလီမ်ားကို ရည္​ရြယ္​ခ်က္​႐ွိ႐ွိျဖဳတ္​ယူသြားသည့္သေဘာမွာရွိေနပါသည္။ပူျပင္းေျခာက္ေသြ႕ေသာေႏြရာသီေနရွိန္ျပင္းထန္မႈေၾကာင့္ ေတာမီးေလာင္က်ြမ္းေလ့ရွိျပီး တံတားမွသစ္သားဇလီဖားတံုးမ်ားေလာင္က်ြမ္းမႈၾကံဳခဲ႕ရဖူးသည္။

အမ်ားျပည္သူအသက္အႏၱရာယ္ထိခိုက္ေစနိုင္ေသာ မသမာသူ၏အဖ်က္လုပ္ရပ္အားစံုစမ္းေဖာ္ထုတ္ျပီး ထိေရာက္စြာအေရးယူသင့္ပါေၾကာင္း တင္ျပလိုက္ရပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ယဥ္ယဥ္သိန္း(နဘား)

#Unicode Version# ျဖင့္ဖတ္ပါ ။

နဘား;ကသာကြားရထားလမ်းပိုင်းရှိသံလမ်းမူလီများဖြူတ်ခိုးများသူရှိ

နဘား ကသာ (၁၄)မိုင်ခရီးကို နေ့စဉ်ပြေးဆွဲလျှက်ရှိသောမီးရထားသံလမ်းပေါ်မှအမှတ်(၅၁)အဆန်နဘားကသာမီးရထားကနဘားဘူတာမှနံနက်၆း၃၀အချိန်တွင်လည်းကောင်း အမှတ်(၅၂)အစုန်ကသာ-နဘားမီးရထားက နေ့လည်၁း၃၀အချိန်တွင်ကသာဘူတာမှ၎င်းပုံမှန်ပြေးဆွဲပေးလျှက်ရှိသည်။

(1.5.2019)နေ့နဘားမှကသာသို့သွားသော အမှတ်.၅၁ အဆန်ရထားမောင်းနှင်သူကသတိထားမောင်းနှင်ရာမှမိုင်တိုင် (၅၉၂.၅၉၃.၅၉၄)ကြားရှိ သံလမ်းဆက် ဂျိုင်းပတ်တာ များပုံပါအတိုင်းပြုတ်နေသည်မှာ ကိုတွေ့ရှိရကြောင်း…..

စုစုပေါင်းနေရာ (၂၅)နေရာကျော်ရှိကြောင်းတွေရှိရသဖြင့်ဌာနသို့သတင်းပို့တင်ပြထားကြောင်းသိရသည်။နဘား-ကသာမီးရထားလမ်းသည် တောင်တက်လမ်းပိုင်းဖြစ်ပြီးတစ်ရက်လျင်ရထား၂ကြိမ်သာဖြတ်သန်းရပြီးလူသူအရောက်အပေါက်နည်းလှသည်။

ယခုဖြစ်စဉ်အနေအထေားအရရောင်းချရန်အလို့ငှာ သံလမ်းဆက်မူလီများကို ရည်ရွယ်ချက်ရှိရှိဖြုတ်ယူသွားသည့်သဘောမှာရှိနေပါသည်။ပူပြင်းခြောက်သွေ့သောနွေရာသီနေရှိန်ပြင်းထန်မှုကြောင့် တောမီးလောင်ကျွမ်းလေ့ရှိပြီး တံတားမှသစ်သားဇလီဖားတုံးများလောင်ကျွမ်းမှုကြုံခဲ့ရဖူးသည်။

အများပြည်သူအသက်အန္တရာယ်ထိခိုက်စေနိုင်သော မသမာသူ၏အဖျက်လုပ်ရပ်အားစုံစမ်းဖော်ထုတ်ပြီး ထိရောက်စွာအရေးယူသင့်ပါကြောင်း တင်ပြလိုက်ရပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:ယဉ်ယဉ်သိန်း(နဘား)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top