သင့္ကိုယ္သင္ တီထြင္ဉာဏ္ေကာင္းတဲ့ဉာဏ္ႀကီးရွင္ျဖစ္ေနမွာကိုစိုးရိမ္ေနပါသလား? ဒါဆိုရင္ေတာ့ သင္ကဉာဏ္ႀကီးရွင္ျဖစ္ေနတာ ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။

ကြ်န္ေတာ္တို႔အားလုံးမွာတစ္ခါတစ္ေလ ကြ်န္ေတာ္တို႔ကိုစိတ္ပူေစတဲ့အရာေတြရွိပါတယ္။ အဲ့အခါမွာ အခ်ိဳ႕လူေတြကေတာ့ လိုတာထက္ပိုပီးစိတ္ပူပင္ေသာကေရာက္တတ္ၾကပါတယ္။ တကယ္လို႔သင္ဟာ ျပႆနာတစ္ခုကိုအၿမဲလိုလိုအလြန္အက်ဴးေတြးေတာတဲ့လူမ်ိဳးျဖစ္ေနတာ ဒါမွမဟုတ္ စိုးရိမ္ေၾကာင့္ၾကမႈေတြကိုမၾကာခဏဆိုသလိုၾကံဳေတြေနရတဲ့လူမ်ိဳးျဖစ္ေနတယ္ဆိုရင္ သတင္းေကာင္းကေတာ့ သင္ဟာ အဆင့္ျမင့္တဲ့တီထြင္ႏိုင္စြမ္းကိုပိုင္ဆိုင္ထားတဲ့လူျဖစ္ေကာင္းျဖစ္ႏိုင္တယ္ဆိုတာပါပဲ။

အခုကေတာ့ သိပၸံအပိုင္း

ကင္းစ္ေကာလိပ္လန္ဒန္မွ သုေတသနပညာရွင္ေတြကေတာ့ စိတ္ပူတတ္တဲ့သူေတြဟာ ၿခိမ္းေျခာက္မႈေတြသိျမင္ခံစားမႈကိုထိန္းခ်ဳပ္တဲ့ဦးေႏွာက္အပိုင္းမွာ ပိုပီးျမင့္မားတဲ့လုပ္ေဆာင္ခ်က္ Level ေတြရွိေနတယ္လို႔ဆိုပါတယ္။ ဆိုလိုခ်င္တာကေတာ့ သူတို႔ဟာ အထိတ္တလန္႔ျဖစ္ရတဲ့ Mode ကိုသူမ်ားေတြထက္လ်င္ျမန္စြာကူးေျပာင္းသြားတယ္လို႔ဆိုလိုခ်င္တာပါ။

ဒီလိုေသာ့ခ်က္က်တဲ့ အာ႐ုံေၾကာဆိုင္ရာ Logic က်က်ကြာဟခ်က္ေတြေၾကာင့္ စိတ္ပူပန္တတ္တဲ့သူေတြမွာ သူမ်ားနဲ႔မတူတဲ့ တက္ႂကြလႈပ္ရွားေနတဲ့စိတ္ကူးယဥ္မႈေတြရွိပါတယ္။ အလြန္အကြ်ံတက္ႂကြလႈပ္ရွားမႈရွိေနတဲ့စိတ္ကူးယဥ္ခ်က္ေတြနဲ႔ အလြန္အမင္းစိတ္ပူပင္တတ္တဲ့အျပဳအမူေတြဟာ တစ္ခုနဲ႔တစ္ခုခ်ိတ္ဆက္မႈရွိေန႐ုံတင္မကပါဘူး။ တစ္ခုနဲ႔တစ္ခုဟာ အဆုံးမသတ္ႏိုင္တဲ့ စက္ဝိုင္းလိုပဲမွီခိုလည္ပတ္ေနပါေတာ့တယ္။ (စိတ္ပူပန္မႈ+စိတ္ကူးယဥ္မႈ=တီထြင္ဉာဏ္ေကာင္းတဲ့ဉာဏ္ႀကီးရွင္)

စိတ္ပူပင္တတ္တဲ့သူေတြမရွိရင္ ကမာၻႀကီးကဘယ္ေနရာေရာက္ေနမလဲ?

သင္ဒါကိုစဥ္းစားၾကည့္လိုက္တဲ့အခါမွာ ဒါတကယ့္ကိုအဓိပၸာယ္ရွိပါတယ္။ ဒါေပါ့ ျပႆနာတစ္ခုကိုအတိုင္းအတာတစ္ခုအထိမစစ္ေဆးရေသးပဲနဲ႔ ေျဖရွင္းလို႔မရႏိုင္ပါဘူး။ အဲ့အခါမွာ ကြ်န္ေတာ္တို႔ကိုယ္တိုင္ကိုျပႆနာထဲကိုပါထည့္သြင္းဖို႔ကမျဖစ္မေနလိုအပ္ပါတယ္။ အဲ့လိုမွသာ ေျဖရွင္းဖို႔အိုင္ဒီယာတစ္ခုေပၚလာမွာျဖစ္ပါတယ္။

သြားခ်င္တဲ့ေနရာကိုျမန္ျမန္ေရာက္ေအာင္ဘယ္လိုသြားမလဲဆိုတာကိုစိတ္ပူခဲ့တဲ့သူေတြသာမရွိရင္ ဘီးဆိုတာလဲဘယ္ေတာ့မွတီထြင္ျဖစ္ခဲ့မွာမဟုတ္ပါဘူး။ တကယ္လို႔ အလက္ဇန္းဒါးဖလီးမင္းသာ ဘက္တီးရီးယားကူးစက္ေရာဂါေတြနဲ႔ပတ္သတ္ပီးစိတ္မပူခဲ့ဘူးဆိုရင္ ကြ်န္ေတာ္တို႔အခုထိ ပိုးသတ္ေဆးမရွိတဲ့ကမာၻႀကီးမွာေနထိုင္ေနရမွာပါ။

ပိုပီးအေရးႀကီးတာက အႏုပညာသာမရွိရင္ ကမာၻႀကီးဘယ္ေရာက္ေနမလဲ?

ေသခ်ာတာေပါ့။ ဒီလိုတီထြင္မႈေတြနဲ႔သိပၸံျဖစ္စဥ္ေတြအတြက္ကိုေတာ့ စိတ္ပူပန္လြန္တဲ့သူေတြကို ေက်းဇူးတင္ရမွာပါ။ အဲ့အျပင္ အႏုပညာသာမရွိဘူးဆိုရင္လဲ လူသားေတြအတြက္ အဆင္ေျပႏိုင္မွာမဟုတ္တဲ့အတြက္ အႏုပညာလူ႔ေဘာင္အဖြဲ႕အစည္းကိုလဲေက်းဇူးတင္ရမွာပါ။

အဲ့ေတာ့ အေတြးလြန္တတ္တဲ့သူေတြမွတ္ထားၾကပါ။ ေနာက္တစ္ခါသင္တစ္ခုခုကိုအလြန္အမင္းစိတ္ပူေနပီဆိုရင္ သင့္အတြက္တီထြင္ႏိုင္တဲ့အစြမ္းေတြကိုေပးစြမ္းႏိုင္တဲ့အက်ိဳးေက်းဇူးေတြရွိေနတယ္ဆိုတာမေမ့လိုက္ပါနဲ႔။ ဘယ္သူသိႏိုင္မလဲ? တစ္ေန႔သင့္စိတ္ပူပန္မႈေတြက ကမာၻႀကီးကိုေျပာင္းလဲသြားေစႏိုင္တာပဲေလ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Min Thu (Daily Hot News )
# Unicode Version # ျဖင့္ ဖတ္ပါ #


သင့်ကိုယ်သင် တီထွင်ဉာဏ်ကောင်းတဲ့ဉာဏ်ကြီးရှင်ဖြစ်နေမှာကိုစိုးရိမ်နေပါသလား? ဒါဆိုရင်တော့ သင်ကဉာဏ်ကြီးရှင်ဖြစ်နေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ကျွန်တော်တို့အားလုံးမှာတစ်ခါတစ်လေ ကျွန်တော်တို့ကိုစိတ်ပူစေတဲ့အရာတွေရှိပါတယ်။ အဲ့အခါမှာ အချို့လူတွေကတော့ လိုတာထက်ပိုပီးစိတ်ပူပင်သောကရောက်တတ်ကြပါတယ်။ တကယ်လို့သင်ဟာ ပြဿနာတစ်ခုကိုအမြဲလိုလိုအလွန်အကျူးတွေးတောတဲ့လူမျိုးဖြစ်နေတာ ဒါမှမဟုတ် စိုးရိမ်ကြောင့်ကြမှုတွေကိုမကြာခဏဆိုသလိုကြုံတွေနေရတဲ့လူမျိုးဖြစ်နေတယ်ဆိုရင် သတင်းကောင်းကတော့ သင်ဟာ အဆင့်မြင့်တဲ့တီထွင်နိုင်စွမ်းကိုပိုင်ဆိုင်ထားတဲ့လူဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတာပါပဲ။

အခုကတော့ သိပ္ပံအပိုင်း

ကင်းစ်ကောလိပ်လန်ဒန်မှ သုတေသနပညာရှင်တွေကတော့ စိတ်ပူတတ်တဲ့သူတွေဟာ ခြိမ်းခြောက်မှုတွေသိမြင်ခံစားမှုကိုထိန်းချုပ်တဲ့ဦးနှောက်အပိုင်းမှာ ပိုပီးမြင့်မားတဲ့လုပ်ဆောင်ချက် Level တွေရှိနေတယ်လို့ဆိုပါတယ်။ ဆိုလိုချင်တာကတော့ သူတို့ဟာ အထိတ်တလန့်ဖြစ်ရတဲ့ Mode ကိုသူများတွေထက်လျင်မြန်စွာကူးပြောင်းသွားတယ်လို့ဆိုလိုချင်တာပါ။

ဒီလိုသော့ချက်ကျတဲ့ အာရုံကြောဆိုင်ရာ Logic ကျကျကွာဟချက်တွေကြောင့် စိတ်ပူပန်တတ်တဲ့သူတွေမှာ သူများနဲ့မတူတဲ့ တက်ကြွလှုပ်ရှားနေတဲ့စိတ်ကူးယဉ်မှုတွေရှိပါတယ်။ အလွန်အကျွံတက်ကြွလှုပ်ရှားမှုရှိနေတဲ့စိတ်ကူးယဉ်ချက်တွေနဲ့ အလွန်အမင်းစိတ်ပူပင်တတ်တဲ့အပြုအမူတွေဟာ တစ်ခုနဲ့တစ်ခုချိတ်ဆက်မှုရှိနေရုံတင်မကပါဘူး။ တစ်ခုနဲ့တစ်ခုဟာ အဆုံးမသတ်နိုင်တဲ့ စက်ဝိုင်းလိုပဲမှီခိုလည်ပတ်နေပါတော့တယ်။ (စိတ်ပူပန်မှု+စိတ်ကူးယဉ်မှု=တီထွင်ဉာဏ်ကောင်းတဲ့ဉာဏ်ကြီးရှင်)

စိတ်ပူပင်တတ်တဲ့သူတွေမရှိရင် ကမ္ဘာကြီးကဘယ်နေရာရောက်နေမလဲ?

သင်ဒါကိုစဉ်းစားကြည့်လိုက်တဲ့အခါမှာ ဒါတကယ့်ကိုအဓိပ္ပာယ်ရှိပါတယ်။ ဒါပေါ့ ပြဿနာတစ်ခုကိုအတိုင်းအတာတစ်ခုအထိမစစ်ဆေးရသေးပဲနဲ့ ဖြေရှင်းလို့မရနိုင်ပါဘူး။ အဲ့အခါမှာ ကျွန်တော်တို့ကိုယ်တိုင်ကိုပြဿနာထဲကိုပါထည့်သွင်းဖို့ကမဖြစ်မနေလိုအပ်ပါတယ်။ အဲ့လိုမှသာ ဖြေရှင်းဖို့အိုင်ဒီယာတစ်ခုပေါ်လာမှာဖြစ်ပါတယ်။

သွားချင်တဲ့နေရာကိုမြန်မြန်ရောက်အောင်ဘယ်လိုသွားမလဲဆိုတာကိုစိတ်ပူခဲ့တဲ့သူတွေသာမရှိရင် ဘီးဆိုတာလဲဘယ်တော့မှတီထွင်ဖြစ်ခဲ့မှာမဟုတ်ပါဘူး။ တကယ်လို့ အလက်ဇန်းဒါးဖလီးမင်းသာ ဘက်တီးရီးယားကူးစက်ရောဂါတွေနဲ့ပတ်သတ်ပီးစိတ်မပူခဲ့ဘူးဆိုရင် ကျွန်တော်တို့အခုထိ ပိုးသတ်ဆေးမရှိတဲ့ကမ္ဘာကြီးမှာနေထိုင်နေရမှာပါ။

ပိုပီးအရေးကြီးတာက အနုပညာသာမရှိရင် ကမ္ဘာကြီးဘယ်ရောက်နေမလဲ?

သေချာတာပေါ့။ ဒီလိုတီထွင်မှုတွေနဲ့သိပ္ပံဖြစ်စဉ်တွေအတွက်ကိုတော့ စိတ်ပူပန်လွန်တဲ့သူတွေကို ကျေးဇူးတင်ရမှာပါ။ အဲ့အပြင် အနုပညာသာမရှိဘူးဆိုရင်လဲ လူသားတွေအတွက် အဆင်ပြေနိုင်မှာမဟုတ်တဲ့အတွက် အနုပညာလူ့ဘောင်အဖွဲ့အစည်းကိုလဲကျေးဇူးတင်ရမှာပါ။

အဲ့တော့ အတွေးလွန်တတ်တဲ့သူတွေမှတ်ထားကြပါ။ နောက်တစ်ခါသင်တစ်ခုခုကိုအလွန်အမင်းစိတ်ပူနေပီဆိုရင် သင့်အတွက်တီထွင်နိုင်တဲ့အစွမ်းတွေကိုပေးစွမ်းနိုင်တဲ့အကျိုးကျေးဇူးတွေရှိနေတယ်ဆိုတာမမေ့လိုက်ပါနဲ့။ ဘယ်သူသိနိုင်မလဲ? တစ်နေ့သင့်စိတ်ပူပန်မှုတွေက ကမ္ဘာကြီးကိုပြောင်းလဲသွားစေနိုင်တာပဲလေ။

ဖိုးသူတော် (www.phothutaw.com)
Credit:Min Thu (Daily Hot News )
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top