Credit:ရဲဇာနည်
#Unicode Version#
၂၀၁၉ ခုနှစ်၊ မေလ ၁၉ ရက် ညနေ ၅ နာရီ ၃၀ မိနစ်အချိန်မိုးရွာသွန်းပြီး မိုးကြိုးပစ်ခတ်မှုကြောင့် ဇလွန်မြို့နယ် စပယ်ကုန်းကျေးရွာနေ မကြယ်စင်ချို (၁၂) နှစ်ပါ ကလေး ၃ ဦး(ကျား ၂၊ မ ၁) သည် ဦးချိုလေး၏ နေအိမ်တံစက်မြိတ်အောက်၌ မိုးရေချိုးနေစဉ် မိုးကြိုးထိမှန်ကာ ခန္ဓာကိုယ်ညိုမဲ ဒဏ်ရာများဖြင့်သေဆုံးခဲ့သဖြင့် ကော့ကပ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ကော့ကပ်နယ်မြေရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၂/၂၀၁၉)ဖြင့်
ရေးဖွင့်စစ်ဆေးလျက်ရှိကြောင်းသိရှိရသည်။
အလားတူ မေလ ၁၉ ရက် ည ၉ နာရီ ၃၀ မိနစ်မှ ည ၁၀ နာရီအချိန်ထိ မိုးသက်လေပြင်းတိုက်ခတ်ပြီးမိုးကြိုးပစ်မှုကြောင့် ကျုံပျော်မြို့နယ် အထောင်မြို့၌ နွား ၁ ကောင် မိုးကြိုးထိမှန် သေဆုံးခဲ့ကြောင်း သိရှိရသည်။
ဖိုးသူတော်(www.phothutaw.com)
Credit:ရဲဇာနည်