ဂ်ပန္နိုင္ငံမွာ ေဆးရြက္ႀကီးေသာက္သုံးမွုကို ျပင္ျပင္းထန္ထန္ ဆန႔္က်င္တဲ့အေနနဲ႔ ေဆးလိပ္ေသာက္သူေတြကို အလုပ္မခန႔္ၾကဖို႔ လွုပ္ရွားမွုမွာ ဂ်ပန္ျပည္တြင္း လုပ္ငန္းကုမၸဏီႀကီးေတြ သေဘာတူပါဝင္လာမွု မ်ားျပားလာေနပါတယ္။

ဒီလုပ္ေဆာင္ခ်က္ဟာ ဝန္ထမ္းေတြရဲ့ က်န္းမာေရးကို ပိုေကာင္းလာေအာင္ ျမႇင့္တင္ေပးရာေရာက္သလို ေဆးလိပ္ေသာက္သူေတြဆီကေန တစ္ဆင့္ျပန္လည္ ရွုရွိုက္ေနၾကရတဲ့ အႏၲရာယ္ကိုလည္း တားဆီးကန႔္သတ္ၿပီးသား ျဖစ္သြားပါတယ္။

ကုမၸဏီေတြမွာ ရာထူးရာခံနဲ႔ အလုပ္ဝင္မယ့္သူေတြဟာ အလုပ္ခ်ိန္အတြင္းမွာ ေဆးလိပ္မေသာက္ပါဘူးဆိုတဲ့ ကတိစာခ်ဳပ္ကို အလုပ္မဝင္မီမွာ သေဘာတူ လက္မွတ္ထိုးၾကရမွာျဖစ္ပါတယ္။ Rohto Pharmaceutical Co ကုမၸဏီကေတာ့ ၂၀၂၀ မွာ သူ႔ရဲ့ဝန္ထမ္းေတြအားလုံး ေဆးလိပ္ျဖတ္နိုင္ၾကလိမ့္မယ္လို႔ ေမၽွာ္လင့္ထားပါတယ္။ ေအာင္ျမင္စြာ ေဆးလိပ္ျဖတ္နိုင္တဲ့ ဝန္ထမ္းေတြကို ဆုခ်တဲ့အေနနဲ႔ ေကာ္ဖီဆိုင္နဲ႔ အျခားေနရာေတြမွာ ျပန္သုံးလို႔ရတဲ့ တိုကင္ေတြ ေပးသြားမွာျဖစ္ပါတယ္။

နာဂါဆာကီတကၠသိုလ္ကလည္း ေဆးလိပ္ေသာက္တဲ့ နည္းျပဆရာ/ဆရာမေတြကို ငွားရမ္းေတာ့မွာ မဟုတ္ဘူးလို႔ အင္တာဗ်ဴးမွာေျဖၾကားခဲ့ပါတယ္။ အကယ္၍ ေလာေရာက္ေလၽွာက္ထားသူေတြထဲက လက္ရွိမွာ ေဆးလိပ္ေသာက္တဲ့လူေတြပါလာရင္လည္း ေဆးလိပ္ ျဖတ္ဖို႔ ကတိျပဳမွသာ အလုပ္ခန႔္အပ္မွာ ျဖစ္တယ္လို႔ဆိုပါတယ္။

က်န္းမာေရး၊ အလုပ္သမားနဲ႔ လူမွုဖူလုံေရး ဝန္ႀကီးကလည္း အလုပ္ခန႔္အပ္တာနဲ႔ ပက္သက္ၿပီး ကုမၸဏီေတြရဲ့ သေဘာထားကို လက္ေတြ႕က်င့္သုံးဖို႔ အားေပးလိုက္ပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:popolay
#Unicode Version#
 ဂျပန်နိုင်ငံမှာ ဆေးရွက်ကြီးသောက်သုံးမှုကို ပြင်ပြင်းထန်ထန် ဆန့်ကျင်တဲ့အနေနဲ့ ဆေးလိပ်သောက်သူတွေကို အလုပ်မခန့်ကြဖို့ လှုပ်ရှားမှုမှာ ဂျပန်ပြည်တွင်း လုပ်ငန်းကုမ္ပဏီကြီးတွေ သဘောတူပါဝင်လာမှု များပြားလာနေပါတယ်။

ဒီလုပ်ဆောင်ချက်ဟာ ဝန်ထမ်းတွေရဲ့ ကျန်းမာရေးကို ပိုကောင်းလာအောင် မြှင့်တင်ပေးရာရောက်သလို ဆေးလိပ်သောက်သူတွေဆီကနေ တစ်ဆင့်ပြန်လည် ရှုရှိုက်နေကြရတဲ့ အန္တရာယ်ကိုလည်း တားဆီးကန့်သတ်ပြီးသား ဖြစ်သွားပါတယ်။

ကုမ္ပဏီတွေမှာ ရာထူးရာခံနဲ့ အလုပ်ဝင်မယ့်သူတွေဟာ အလုပ်ချိန်အတွင်းမှာ ဆေးလိပ်မသောက်ပါဘူးဆိုတဲ့ ကတိစာချုပ်ကို အလုပ်မဝင်မီမှာ သဘောတူ လက်မှတ်ထိုးကြရမှာဖြစ်ပါတယ်။ Rohto Pharmaceutical Co ကုမ္ပဏီကတော့ ၂၀၂၀ မှာ သူ့ရဲ့ဝန်ထမ်းတွေအားလုံး ဆေးလိပ်ဖြတ်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ အောင်မြင်စွာ ဆေးလိပ်ဖြတ်နိုင်တဲ့ ဝန်ထမ်းတွေကို ဆုချတဲ့အနေနဲ့ ကော်ဖီဆိုင်နဲ့ အခြားနေရာတွေမှာ ပြန်သုံးလို့ရတဲ့ တိုကင်တွေ ပေးသွားမှာဖြစ်ပါတယ်။

နာဂါဆာကီတက္ကသိုလ်ကလည်း ဆေးလိပ်သောက်တဲ့ နည်းပြဆရာ/ဆရာမတွေကို ငှားရမ်းတော့မှာ မဟုတ်ဘူးလို့ အင်တာဗျူးမှာဖြေကြားခဲ့ပါတယ်။ အကယ်၍ လောရောက်လျှောက်ထားသူတွေထဲက လက်ရှိမှာ ဆေးလိပ်သောက်တဲ့လူတွေပါလာရင်လည်း ဆေးလိပ် ဖြတ်ဖို့ ကတိပြုမှသာ အလုပ်ခန့်အပ်မှာ ဖြစ်တယ်လို့ဆိုပါတယ်။

ကျန်းမာရေး၊ အလုပ်သမားနဲ့ လူမှုဖူလုံရေး ဝန်ကြီးကလည်း အလုပ်ခန့်အပ်တာနဲ့ ပက်သက်ပြီး ကုမ္ပဏီတွေရဲ့ သဘောထားကို လက်တွေ့ကျင့်သုံးဖို့ အားပေးလိုက်ပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit:popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top